အမေရိကန်နှင့် ထိုင်းတို့၏ နှစ်စဉ် ပြုလုပ်နေကျ Cobra Gold ပူးတွဲစစ်ရေး လေ့ကျင့်မှုကြီးကို ဖေဖော်ဝါရီ ၁၄ ရက်က စတင်ခဲ့ကြောင်း သိရသည်။ သမ္မတသစ် ဒေါ်နယ်ထရန့် လက်ထက်၌ အာရှနှင့်ပတ်သက်သော အမေရိကန် နိုင်ငံခြားရေးမူဝါဒ၏ ဦးတည်ချက်ကို ရှင်းရှင်းလင်းလင်း မသိရသေးခင် ယခုပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ကျင်းပခဲ့ခြင်းလည်း ဖြစ်သည်။
စီးပွားရေးပိုင်းဆိုင်ရာ စိန်ခေါ်မှုအခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ယမန်နှစ်အတွင်းမှာတော့ စင်ကာပူရဲ့ ခရီးသွားလုပ်ငန်းကဏ္ဍမှာ တိုးတက်ကြီးထွားခဲ့တယ်လို့ သိရပါတယ်။ ယင်းနိုင်ငံကို ခရီးသွားဧည့်သည် ၀င်ရောက်မှုပိုင်းရော လုပ်ငန်းအတွင်းကနေ ၀င်ငွေရရှိမှုပိုင်းမှာပါ မူလခန့်မှန်းချက်တွေကို ကျော်လွန်ပြီး သမိုင်းတွင်လောက်အောင် စံချိန်တင်မြင့်မားခဲ့တယ်လို့ စင်ကာပူခရီးသွားဘုတ်အဖွဲ့ STB က ထုတ်ပြန်သွားပါတယ်။
အမေရိကန်တို့သည် ဗင်နီဇွဲလား ဒုသမ္မတသစ်အား နိုင်ငံတကာ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုတွင်ပါဝင်ပက်သက် ခဲ့သည်ဆိုသောစွပ်စွဲချက်ဖြင့် ၄င်းအားအရေးယူ ဒဏ်ခတ်သွားမည်ဖြစ်ကြောင်း သိရသည်။
လာမယ့် ၂၀၅၀ မတိုင်ခင် ကမ္ဘာ့စီးပွားရေးက အရွယ်အစားအားဖြင့်ယခုထက် နှစ်ဆ ပိုကြီးသွားဖို့ ရှိနေချိန် ဗြိတိန်တို့အနေနဲ့ကတော့အောင်မြင်တဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေ ဖော်ဆောင်နိုင်ရမှာဖြစ်သလို လူဝင်မှုကြီးကြပ်ရေးပိုင်း လမ်းဖွင့်ပေးထားရမှာဖြစ်ပြီတော့ယင်းမှသာ ကမ္ဘာ့ထိပ်တန်းဆယ်နိုင်ငံထဲ ဆက်ပါနေနိုင်မှာဖြစ်တယ်လို့ အစီရင်ခံစာတစ်ရပ်မှာ ဖော်ပြထားပါတယ်။
တစ်ချိန်ချိန်မှာ နိုင်ငံရပ်ခြား ပြည်ပနိုင်ငံတွေမှာ သွားရောက်နေထိုင်ဖို့ရွေးချယ်ဖို့ ဖြစ်လာခဲ့ပြီဆိုရင်တော့ ကျန်းမာရေးအတွက် အထူးသင့်တော်ပြီး အဖိုးအနှုန်းသက်သာ အဆင်ပြေလွယ်ကူမယ့်ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေရှိမယ့် နိုင်ငံတွေ ရွေးဖို့ကအရေးကြီးတဲ့အချက်တစ်ခုအဖြစ် ရှိနေပါလိမ့်မယ်။
တစ်ချိန်ချိန်မှာ နိုင်ငံရပ်ခြား ပြည်ပနိုင်ငံတွေမှာ သွားရောက်နေထိုင်ဖို့ရွေးချယ်ဖို့ ဖြစ်လာခဲ့ပြီဆိုရင်တော့ ကျန်းမာရေးအတွက် အထူးသင့်တော်ပြီး အဖိုးအနှုန်းသက်သာ အဆင်ပြေလွယ်ကူမယ့်ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေရှိမယ့် နိုင်ငံတွေ ရွေးဖို့ကအရေးကြီးတဲ့အချက်တစ်ခုအဖြစ် ရှိနေပါလိမ့်မယ်။
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>
Page 1 of 87
You are here:   HomeAll NewsInternational News