Tuesday, 08 April 2014 01:35

အမေရိကန် ကာကွယ်ရေး ဝန်ကြီး ချက်ဟေဂယ်ဟာ သူ့ရဲ့ ၃ ရက်ကြာ တရုတ်ပြည် ခရီးစဉ်ရဲ့ အစဦးမှာ ဆိပ်ကမ်းမြို့ ကျင်းဒေါင်မှာ ဆိုက်ကပ်ထားတဲ့ တရုတ်ပြည်ရဲ့ ပထမဆုံး လေယာဉ်တင် သင်္ဘော လျောင်နင် ပေါ်ကို သွားရောက် လှည့်လည် ကြည့်ရှုခဲ့ပါတယ်။

Written by 
Rate this item
(0 votes)

 

တရုတ်ရဲ့ ပစိဖိတ် ဒေသအတွင်း ထားရှိတဲ့ ရေတပ် အင်အား ရည်မှန်းချက်နဲ့ ပါဝါ တိုးမြင့်လာမှုကို ဒီ လေယာဉ်တင် သင်္ဘောကြီး လျောင်နင်က ကိုယ်စားပြု ပုံဖော်နိုင်ပါတယ်။

မစ္စတာ ဟေဂယ်ဟာ အဲဒီ သင်္ဘောကြီးပေါ် တက်ရောက်ခွင့်ရတဲ့ ပထမဦးဆုံး နိုင်ငံခြား အစိုးရ အရာရှိတစ်ဦး ဖြစ်နိုင်တယ်လို့ အမေရိကန်က ပြောဆိုခဲ့ပါတယ်။

တရုတ်ပြည်သူ့ သမ္မတ နိုင်ငံနဲ့ အမေရိကန်ရဲ့ မဟာမိတ် နိုင်ငံတွေ အကြား ဒေသတွင်း တင်းမာမှုတွေ မြင့်မားနေချိန်မှာ လျောင်နင် သင်္ဘောကြီးပေါ် တက်ရောက် လေ့လာခွင့် ပေးဖို့ အမေရိကန် ဘက်က တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ဟေဂယ်ဟာ ဂျပန်နိုင်ငံ မြို့တော် တိုကျိုကနေ တရုတ်ပြည်ကို ဆိုက်ရောက်လာတာ ဖြစ်ပါတယ်။

သူဟာ တိုကျိုမြို့မှာ ရှိစဉ်က ဂျပန်ကို အမေရိကန်က ရေတပ်အင်အား တိုးချဲ့ အကူအညီ ပေးမယ် ဆိုပြီး ကမ်းလှမ်းခဲ့သလို တရုတ်နိုင်ငံကိုလည်း မိမိတို့ရဲ့ ပါဝါ အင်အားကို ချင့်ချိန်ပြီး အသုံးပြုဖို့နဲ့ အိမ်နီးချင်း နိုင်ငံတွေအပေါ် လေးစားဖို့ တိုက်တွန်းခဲ့ပါတယ်။

ပုံစာ- တရုတ်တို့ရဲ့ ပထမဆုံး လေယာဉ်တင် သင်္ဘော လျောင်နင်။
BBC Burmese

Read 1770 times Last modified on Tuesday, 08 April 2014 01:38
You are here:   HomeAll NewsInternational Newsအမေရိကန် ကာကွယ်ရေး ဝန်ကြီး ချက်ဟေဂယ်ဟာ သူ့ရဲ့ ၃ ရက်ကြာ တရုတ်ပြည် ခရီးစဉ်ရဲ့ အစဦးမှာ ဆိပ်ကမ်းမြို့ ကျင်းဒေါင်မှာ ဆိုက်ကပ်ထားတဲ့ တရုတ်ပြည်ရဲ့ ပထမဆုံး လေယာဉ်တင် သင်္ဘော လျောင်နင် ပေါ်ကို သွားရောက် လှည့်လည် ကြည့်ရှုခဲ့ပါတယ်။