Wednesday, 09 April 2014 04:07

ဝါရှင်တန် မြေပြိုမှုအတွင်း သေဆုံးသူဦးရေ (၃၃)ဦးထိရှိလာ

Written by 
Rate this item
(0 votes)


အာဏာပိုင်များက မြေပြိုမှု ဖြစ်ပွားပြီးကတည်းက ပျောက်ဆုံးနေသူ (၁၆၀)မျှ ရှိနေဆဲဟု ဝန်ခံထားသည်။ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်တွင် ဖြစ်ပွားခဲ့သော မြေပြိုမှုအတွင်း သေဆုံးသူ အရေအတွက်သည် (၃၃)ဦးထိ ရှိလာပြီ ဖြစ်သည်။ ရွှံ့ချပ်များအောက်မှ အလောင်း(၃၃)လောင်းကို ကယ်ဆယ်ရေး အဖွဲ့များက ဆွဲထုတ်နိုင်ခဲ့ပြီဖြစ်ပြီး ယင်းတို့အနက် (၃၀)ကို မည်သူမည်ဝါမှန်း ခွဲခြားနိုင်ခဲ့ပြီဟု သိရသည်။

တနင်္လာနေ့ ညပိုင်းက ရေတပ်အရာရှိ တစ်ဦးဖြစ်သူ ဘီလီစပီလာစ်၏ အလောင်းကို ရရှိခဲ့ပြီးနောက် မိသားစုက ၎င်းမည်သူမည်ဝါ ဆိုသည်ကို အတည်ပြုချက် ပေးခဲ့သည်။ ဘီလီ၏ သမီးဖြစ်သူ အသက်(၅)နှစ်အရွယ် ကိုင်လီ၏ အလောင်းကို မတ်လ(၂၇)ရက်နေ့ ကတည်းက တွေ့ရှိခဲ့ပြီး မယားပါသား ဂျိုဗွန်မန်ဂူရယ်လ်၏ အလောင်းသည်လည်း ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဆယ်ယူရရှိခဲ့သည်။
အသက်(၃၀)အရွယ်ရှိ ဘီလီသည် မတ်လ(၂၂)ရက်နေ့က အော်ဆိုကျေးရွာ တစ်ခုလုံးလိုလို နစ်မြုပ်သွားသည့် မြေပြိုမှုကြီး အပြီးကတည်းက ပျောက်ဆုံးနေခြင်း ဖြစ်သည်။ အဆိုပါ ဖြစ်ရပ်ကြောင့် စတုရန်းတစ်မိုင်စာမျှ ဧရိယာတွင် ရွှံ့ချပ်ကြီးနှင့် အပျက်အစီးများ ဖုံးလွှမ်းသွားခဲ့သည်။ မြေပြိုမှုများကြောင့် နော့သ်ဖော့ခ်မြစ်တွင် ပိတ်ဆို့မှုများ ဖြစ်လာပြီး အဝေးပြေးလမ်းကြီး တစ်ခုလည်း အစိတ်အပိုင်းအချို့ ပျက်စီးခဲ့သည်။ အာဏာပိုင်များက မြေပြိုမှု ဖြစ်ပွားပြီးကတည်းက ပျောက်ဆုံးနေသူ (၁၆၀)မျှ ရှိနေဆဲဟု ဝန်ခံထားသည်။
အဆိုပါ ဖြစ်ရပ်သည် ယခုအခါ ဝါရှင်တန် သမိုင်းတွင် တတိယမြောက် အကြီးမားဆုံး သဘာဝ ဘေးအန္တရာယ်ကြီးအဖြစ် မှတ်တမ်းဝင်လာသည်။ (၁၉၈၀)ပြည့်နှစ်က စိန့်ဟယ်လန်စ်မီးတောင် ပေါက်ကွဲရာ လူပေါင်း(၅၇)ဦး သေဆုံးဖူးပြီး (၁၉၁၀)ပြည့်နှစ်ကမူ စတီဗန်စ်တောင်ကြားတွင် ဆီးနှင်းပြိုကျမှု ဖြစ်ပွားရာ ရထားနှစ်စင်း နှင်းတောထဲ နစ်သွားပြီး လူပေါင်း(၉၆)ဦး အသက်ဆုံးရှုံးခဲ့ဖူးသည်။

Read 1611 times Last modified on Wednesday, 09 April 2014 04:17
You are here:   HomeAll NewsInternational Newsဝါရှင်တန် မြေပြိုမှုအတွင်း သေဆုံးသူဦးရေ (၃၃)ဦးထိရှိလာ