Thursday, 02 February 2017 04:55
ထရန့်၏ အထူးအမိန့်ကို တရားစွဲဆိုမှု နည်းပညာကုမ္ပဏီကြီးများ ထောက်ခံ
Written by 
Rate this item
(0 votes)
ဆီးရီးယားအပါအ၀င် မွတ်စလင်အများစုနေထိုင်ရာ ခုနစ်နိုင်ငံမှ အမေရိကန်နိုင်ငံသို့ လာရောက်ခြင်းကို တားမြစ်ပိတ်ပင်ခဲ့သည့် သမ္မတထရန့်၏ အထူးအမိန့်ကို ၀ါရှင်တန်ပြည်နယ် အစိုးရက ကန့်ကွက်တရားစွဲဆိုမှုကို ၎င်းတို့ ထောက်ခံကြောင်း နည်းပညာကုမ္ပဏီကြီးများက ကြေညာခဲ့ကြသည်။
ဝါရှင်တန်ပြည်နယ် အစိုးရ သည် ထရန့်၏ အထူးအမိန့်ကို ဖက်ဒရယ်တရားရုံးတွင် အမှုဖွင့် ရန် ကြိုးပမ်းမည်ဟု ကြေညာခဲ့ သည့် ပထမဆုံးပြည်နယ်ဖြစ်လာ ပြီး ယင်းပြည်နယ် အခြေစိုက်နည်းပညာ ကုမ္ပဏီကြီးများက ယင်းအမှုကို ထောက်ခံခဲ့ကြ သည်။
ဆီယက်တဲလ်ပြည်နယ် အ ခြေစိုက်ကုမ္ပဏီကြီးများဖြစ်သည့် Amazon.com နှင့် Expedia Inc တို့ကလည်း ၀ါရှင်တန်ပြည်နယ် အစိုးရရှေ့နေချုပ် ဘော့ဘ်ဖာဂူ ဆန်၏ လုပ်ရပ်ကို အားပေး ထောက်ခံခဲ့သည်။
‘‘ဒီအမိန့်ဒဏ် တိုက်ရိုက် သင့်ခဲ့ရတဲ့ အမေရိကန်နဲ့ ကမ္ဘာ တစ်ဝန်းက ကျွန်တော်တို့ရဲ့ ၀န် ထမ်းတွေခင်ဗျား... Amazon အ နေနဲ့ ခင်ဗျားတို့ရဲ့နောက်မှာ အ ပြည့်အ၀ရှိနေတယ်ဆိုတာ သိစေ ချင်ပါတယ်’’ ဟု Amazon.com ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဂျက်ဖ်ဘီဇော့က ပြောကြား သည်။
ဝါရှင်တန်အခြေစိုက် မိုက် ကရိုဆော့ဖ် ကော်ပိုရေးရှင်းက လည်း ထရန့်၏ အထူးအမိန့် ကြောင့် ဆိုးကျိုးသက်ရောက်မှုအ ကြောင်း သတင်းအချက်အလက် ပေးရန် ဘော့ဘ်ဖာဂူဆန်၏ ရုံးနှင့် ပူးပေါင်းဆောင်ရွက်နေသည်။
‘‘ဒါက ဘာသာအားလုံးနဲ့ ၀ါ ရှင်တန်ပြည်သူအားလုံးကို စော် ကားမှုနဲ့ အန္တရာယ်ပေးမှုဖြစ်ပါ တယ်’’ဟု ဘော့ဘ်ဖာဂူဆန်က ပြောသည်။
Credit To >>> 7 Day Daily
Read 425 times
You are here:   HomeAll NewsInternational Newsထရန့်၏ အထူးအမိန့်ကို တရားစွဲဆိုမှု နည်းပညာကုမ္ပဏီကြီးများ ထောက်ခံ