ထရန့်၏ နိုင်ငံခြားရေးဝန်ကြီးအဖြစ် လျာထားခံရသူ ရက်စ်တေလာဆင်က အမေရိကန်အနေဖြင့် အာရှအင်အားကြီး တရုတ်နိုင်ငံအား တောင်တရုတ်ပင်လယ်တွင်းရှိ ၎င်း၏ ကျွန်းတုများကို စွန့်လွှတ်ရမည်ဟု ရှင်းရှင်းလင်းလင်း အသိပေးရမည်ဖြစ်ကြောင်း သတိပေးလျက် အထက်လွှတ်တော်၌ အတည်ပြု ကြားနာမှုတစ်ရပ်အတွင်း ဇန်န ၀ါရီ ၁၂ ရက်တွင် တရုတ်နိုင်ငံကို ပြင်းထန်စွာ ဝေဖန်ခဲ့သည်။
မျှော်လင့်မထားဘဲ ငွေစက္ကူဖျက်သိမ်းမှုတွေကို အိန္ဒိယ၀န်ကြီးချုပ်နာရင်ဒြာ မိုဒီအစိုးရအဖွဲ့က လုပ်ဆောင်ခဲ့ပြီးနောက်ပိုင်း ကားဝယ်ယူလိုသူတွေအနေနဲ့ ၎င်းတို့ ၀ယ် ယူမယ့်အစီအစဉ်ကို ဆိုင်းငံ့ထားခဲ့ကြတာကြောင့် နိုင်ငံမှာ မော်တော်ကားရောင်းချရမှုနှုန်းဟာ ၁၆ နှစ်အတွင်း အနိမ့်ဆုံး နှုန်းထားကို ထိုးဆင်းကျသွားခဲ့ပါတယ်။
အမေရိကန်သမ္မတအဖြစ် ရွေးချယ်ခံထားရသော ဒေါ်နယ်ထရန့်သည် နိုဝင်ဘာ ၈ ရက်က သမ္မတရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီးနောက်ပိုင်း ဇန်န၀ါရီ ၁၁ ရက်တွင် ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ ထရန့်က ၎င်းသည် အိမ်ဖြူတော်သို့ ရောက်ရှိသည်နှင့်တစ်ပြိုင်နက် အကျိုးစီးပွား စပ်ယှက်မှုများရှိနိုင်မှုအား ရှောင်လွှဲရန်အတွက် ၎င်း၏ စီးပွားရေးလုပ်ငန်းများအား သားနှစ်ဦးဖြစ်သော ဒွန်ဂျူနီယာနှင့် အီရစ်တို့ထံ အပြီးအပြတ် လွှဲပေးခဲ့ကြောင်း၊ စီးပွားရေးနှင့် ပတ်သက်၍ ၎င်းတို့နှစ်ဦးသည် မိမိနှင့်ဆွေးနွေးလိမ့်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ဗြိတိန်နိုင်ငံအနေနဲ့ ဥရောပသမဂ္ဂ (အီးယူ)ကနေ လုံးလုံးလျားလျား ထွက်ဖို့ဘက်ကိုပဲ ဦးတည်ထားတယ်လို့ ၀န်ကြီးချုပ် ထရီဇာမေက မှတ်ချက် ထက်စကား ပြောကြားလိုက်တဲ့နောက်ပိုင်း စတာလင်ပေါင်ငွေကြေးတန်ဖိုးဟာတော့ နှစ်လတာအတွင်း ယင်းရဲ့ အနိမ့်ဆုံးနှုန်းထားကို ထိုးဆင်းသွားခဲ့ပြန်တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

နိုင်ငံအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ပိုမိုဖိတ်ခေါ်နိုင်ဖို့အရေးစီးပွားရေးလုပ်ငန်းကဏ္ဍတွေမှာ ပိုမိုဖွင့်လှစ်လုပ်ကိုင်ခွင့်ပေးသွားတော့မှာဖြစ်တယ်လို့ ပေကျင်းအစိုးရရဲ့ တရားဝင်ထုတ်ပြန်ချက်တစ်ခုမှာဖော်ပြထားပါတယ်။
ရေနံထုတ်သူနိုင်ငံများအသင်းOPEC မှာပါဝင်တဲ့နိုင်ငံများနဲ့ ပါဝင်ခြင်းမရှိတဲ့နိုင်ငံများဟာ ၂၀၁၆ ခုနှစ်ထဲမှာ တစ်နေ့ကိုရေနံစည်ပေါင်း ၁ ဒသမ ၈ သန်း လျော့ချထုတ်လုပ်ဖို့အတွက်သဘောတူညီခဲ့မှုဟာ မနက်ဖြန် ၂၀၁၇ ခုနှစ်ရဲ့ ပထမဆုံးရက်မှားစတင် သက်ရောက်မှုရှိမှာဖြစ်ပါတယ်။
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>
Page 3 of 87
You are here:   HomeAll NewsInternational News