တောင်တရုတ်ပင်လယ်ပြင်အတွင်း ပင်လယ်ရေကြောင်းနယ်မြေအများအပြားကို ပိုင်ဆိုင်သည်ဟု ကြေညာထားသည့် တရုတ်နိုင်ငံအား ထိပ်တိုက်ရင်ဆိုင်တွေ့ရန် အသင့်ရှိသည်ဟု အမေရိကန်ပစိဖိတ်ရေတပ်၏အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီးဟယ်ရီဟဲရစ်က ပြောကြားလိုက်ကြောင်း ဒေသဆိုင်ရာသတင်းဌာနများက ဒီဇင်ဘာ ၁၄ ရက်တွင် သတင်းထုတ်ပြန်သည်။

အမေရိကန် သမ္မတအဖြစ် ရွေးချယ်ခံထားရသည့် ဒေါ်နယ်ထရန့်သည် အစဉ်အလာ ဆန့်ကျင်သော အောင်ပွဲခံခရီးစဉ်၏ ဒုတိယမြောက်နေရာကို ဒီဇင်ဘာ ၆ ရက်တွင် သွားရောက်ခဲ့ပြီး အမေရိကန် စီးပွားရေးသည်သာ ပထမဦးစားပေးမည် ဖြစ်ကြောင်းနှင့် တင်းမာသော မူဝါဒများချမှတ်မည်ဟု ကတိပြုခဲ့သည်။ ထို့ပြင် အလုပ်အကိုင် ၅၀၀၀၀ ဖန်တီးပေးမည့် ဂျပန်ရင်းနှီးမြှုပ်နှံမှု ဒေါ်လာဘီလျံ ၅၀ ရရှိခဲ့ကြောင်း ထရန့်က ကြွားဝါခဲ့သည်။
အမေရိကန် ထိပ်တန်းနည်းပညာကုမ္ပဏီကြီးတွေဖြစ်ကြတဲ့ Facebook ၊ Twitter ၊ Microsoft နဲ့ Google ရဲ့ YouTube တို့အနေနဲ့ လက်ရှိပေါ်ပေါက်နေတဲ့ အွန်လိုင်းပေါ်က အမုန်းစကားပြဿနာကို မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် ကိုငတွယ်ဖြေရှင်းပေးဖို့ လိုနေပြီဖြစ်ကြောင်းနဲ့ မကိုင်တွယ်နိုင်ရင်တော့ အရေးယူခံရနိုင်တယ်လို့ ဥရောပကော်မရှင်က တိပေးသွားခဲ့ပါတယ်။
အမေရိကန်နိုင်ငံသည် အာရှ-ပစိဖိတ်ဒေသတွင် စိတ်ဝင်စားမှု အပြည့်ဖြင့် ခိုင်မာစွာရပ်တည်နေဆဲဖြစ်ပြီး ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်ထံသို့ အစိုးရတာဝန်များကို အစီအစဉ်တကျလွှဲပြောင်းရယူရန် အလုပ်လုပ်ဆောင်နေရဆဲဖြစ်ကြောင်း ကန်ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။
ဗြိတိန်နိုင်ငံအနေဖြင့် အီးယူမှနုတ်ထွက်ပြီးနောက် ၎င်း၏ငွေကြေးများကို ထိန်းချုပ်သွားမည်ဖြစ်ပြီး အီးယူအတွက်လည်း ငွေကြေးအမြောက်အမြား သုံးစွဲတော့မည်မဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်က ဒီဇင်ဘာ ၄ ရက်နေ့တွင် ပြောကြားသည်။
ယူကရိန်းနိုင်ငံသည် နှစ်ရက်ကြာမြင့် မည့် ဒုံးကျည်စမ်းသပ်မှုများကို ဒီဇင်ဘာ ၁ ရက်တွင် စတင်ပြုလုပ်ကြောင်း၊ ဒုံးကျည်တပ်ဖွဲ့၏ စစ်ရေး လေ့ကျင့်မှုအတွင်း ခရိုင်းမီးယား ဒေသ၏ လေကြောင်းပိုင်နက်ကို ရှောင်လွှဲကာ လေ့ကျင့်မည်ဖြစ်ကြောင်း ယူကရိန်းစစ်ဘက်က ပြောကြားသည်။
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>
Page 4 of 87
You are here:   HomeAll NewsInternational News