ရုရှားနိုင်ငံ၏ အနောက်ဘက်နယ်စပ်ဒေသအနီးတွင် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (နေတိုး)က စစ်ရေးတည်ဆောက်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် အက်စ်-၄ဝဝ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များနှင့် နျူကလီးယား ထိပ်ဖူးသယ်ဆောင်နိုင်သော အစ်ခန်ဒါ ဒုံးကျည်များကို ကာလီနင်ဂရက်ဒေသ၌ ဖြန့်ကြက်မည်ဖြစ်ကြောင်း အစိုးရလိုလားသော ဝါရင့်အမတ်တစ်ဦးက နိုဝင်ဘာ ၂၁ ရက်တွင် ပြောကြားသည်။

အမေရိကန်စံတန်ဖိုးများကို သမ္မတ အရိုက်အရာဆက်ခံသူ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်နေသည်ဟု ခံစားရပါက အိမ်ဖြူတော်မှ ထွက်ခွာပြီးလည်း အရပ်သားတစ်ဦးအဖြစ် ဝေဖန်ပြောဆိုသွားမည်ဟု အမေရိကန်သမ္မတ အိုဘားမားက ပြောသည်။

အမေရိကန်နိုင်ငံ၏ လာမည့်အစိုးရအဖွဲ့အသစ်တွင် အဓိကကျသောရာထူးနေရာသုံးခုအတွက် ခန့်အပ်မည့်သူများကို အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့် က နာမည်စာရင်းထုတ်ပြန်ကြေညာခဲ့ကြောင်း ယနေ့သတင်းများအရသိရသည်။
ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က အဆိုပြုထားသော စစ်သွေးကြွများအား အလက်ပိုမြို့၏အရှေ့ပိုင်းကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပြုရန် အဆိုပြုချက်ကို ဆီးရီးယားအစိုးရက ပယ်ချခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဝါလစ်အလ်မိုလ်လန် က နိုဝင်ဘာ ၂ဝ ရက်တွင် ပြောကြားသည်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်နှင့် ကြာသပတေးနေ့တွင် တွေ့ဆုံခဲ့ပြီး ရွေးကောက်ခံသမ္မတစ်ဦးအဖြစ် ယုံကြည်မှုရှိပါကြောင်း ပြောကြားခဲ့သည်။
တစ်ချိန်ချိန်မှာ ဦးဆောင်ဘဏ္ဍာရေးနည်းပညာဆိုင်ရာ အချက်အချာနေရာတစ်ခုဖြစ်လာဖို့ မျှော်မှန်းချက်ကြီး ထားနေတဲ့ စင်ကာပူအတွက်ကတော့အီးယူကနေဗြိတိန်နိုင်ငံနှုတ်ထွက်သွားတာက ကြီးမားတဲ့အခွင့်အလမ်းတစ်ခု ရလိုက်သလိုဖြစ်ခဲ့တယ်ဆိုပြီး စင်ကာပူအစိုးရတာဝန်ရှိသူတစ်ဦးကပြောကြားလိုက်ပါတယ်။
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>
Page 5 of 87
You are here:   HomeAll NewsInternational News