အစိုးရက တန်ဖိုးကြီးငွေစက္ကူအချို့ တရားမဝင်တော့ကြောင်း ရုတ်တရက် ကြေညာပြီးနောက် ငွေစက္ကူများ လဲလှယ်ရန် အလျင်လိုနေသည့်လူများကြောင့် အိန္ဒိယ ဘဏ်များတွင် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည်။
အရှေ့တောင်အာရှ နိုင်ငံအတွေအနေနဲ့ ပြည်တွင်းမှာ စွမ်းအင်ရင်းမြစ်တွေလျော့နည်းခန်းခြောက်လာနေတာနဲ့အတူ လာမယ့်နှစ်တွေမှာ LNGဓါတ်ငွေ့တင်သွင်းမှုပမာဏ ယခုထက် နှစ်ဆအထိ တိုးတက်လာနိုင်တယ်လို့ သိရပါတယ်။

ဂျပန်လေယာဉ်ထုတ်လုပ်ငန်း ShinMaywa Industries ထံမှ ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံနှင့် ၁ ဒသမ ၆ ဘီလီယံကြား တန်ဖိုးရှိ ကယ်ဆယ်ရေး လေယာဉ် ၁၂ စင်း ၀ယ်ယူရေး အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၇ ရက်တွင် အတည်ပြုပေးလိမ့်မည်ဖြစ်ကြောင်း ဂျပန်သတင်းစာ Nikkei က ဖော်ပြသည်။

အင်္ဂလန်မှာ သြဇာအကြီးမားဆုံးဖြစ်တဲ့ လန်ဒန်ရဲ့ တရားရုံးချုပ် high court က ပါလီမန်အနေနဲ့ ၀န်ကြီးချုပ် Theresa May ကို Article 50 ကိုစတင်ဖို့ တရားဝင်ကန့် တားမြစ်နိုင်ခွင့်ကို ချပေးလိုက်ပါတယ်။
UK ဟာ ဥရောပသမ္မဂကနေ မထွက်ဖို့ ဖြစ်နိုင်ချေရှိတယ်ဆိုတဲ့ သုံးသပ်ချက်တွေထွက်လာခြင်း နဲ့ အမေရိကန်နိုင်ငံ ရွေးကောက်ပွဲနောက်ဆုံးအချိန်မှာ Donald Trump နိုင်သွားနိုင်တယ်ဆိုတာကြောင့် ပေါင်ဈေးဟာအမေရိကန်ဒေါ်လာနဲ့ ယှဉ်ရင်ပြန်တက်လာပါတယ်။
တောင်ကိုရီးယားရှိ အမေရိကန်တပ်ဖွဲ့ဝင်များ ညှိနှိုင်းကွပ်ကဲရေးမှူးက လာမည့် ၈ လမှ ၁၀ လအတွင်း THAAD ဒုံးကျည်ကာကွယ်ရေးစနစ် ဘက်ထရီများကို တပ်ဖြန့်ချထားမည်ဟု ပြောကြားကြောင်း၊ တောင်ကိုရီးယားရှိ အမေရိကန်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>
Page 6 of 87
You are here:   HomeAll NewsInternational News