မြောက်ကိုရီးယားနိုင်ငံသည့် လာမည့် ၃ ရက်အတွင်း တာလစ်ပစ်ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ပစ်လွှတ်ရန် ပြင်ဆင်နေကြောင်း အမည်မဖော်လိုသော အမေရိကန် တာဝန်ရှိသူများကို ကိုးကားပြီး Fox Business Network သတင်းဌာနက အင်္ဂါနေ့တွင် ပြောသည်။ ကွန်မြူနစ်နိုင်ငံဖြစ်သည့် မြောက်ကိုရီးယားသည် လာမည့် ၂၄ နာရီမှ ၇၂ နာရီအတွင်း ပစ်လွှတ်ရန်ပြင်ဆင်ထားသည်ဟုဆိုသည်။

 

ဗြိတိန်တို့အနေနဲ့ ဥရောပသမဂ္ဂကနေ နှုတ်ထွက်မယ့်လုပ်ငန်းစဉ်ပြီးစီးခဲ့မယ်ဆိုရင်လည်း ယင်းအုပ်စုနဲ့အကြား မော်တော်ကားထုတ် လုပ်ရေးလုပ်ငန်းမှာတော့ နှစ်ဘက်အကြား အကောက်ခွန်လွတ် ကုန်သွယ်မှုစာချုပ်တစ်ခု ချုပ်ဆိုထားလိုသေးတယ်လို့ ဗြိတိန်စီးပွားရေး၊ စွမ်းအင်နဲ့ စက်မှုလုပ်ငန်းဆိုင်ရာ မဟာဗျူဟာရေးရာဝန်ကြီးGreg Clark က အောက်တိုဘာ ၃၀ ရက်က ပြောသွားပါတယ်။
အမေရိကန်စီးပွားရေးတိုးတက်မှုနှုန်းဟာ ယခုနှစ်တတိယသုံးလပတ်တုန်းက ၂ ဒသမ ၉ ရာခိုင်နှုန်း နဲ့ တိုးတက်မှုနှုန်းမြန်ဆန်လာခဲ့တယ်လို့ ကုန်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အစီရင်ခံစာ
တစ်ရပ်အရ သိရပါတယ်။
အမေရိကန်နည်းပညာကုမ္ပဏီကြီး Apple အနေနဲ့ ယခုနှစ် စတုတ္ထသုံးလပတ်အတွက် ယင်းရဲ့ ရည်မှန်းချက်တွေ ပြည့်မီနိုင်ကောင်းပြည့်မီနိုင်ပေမယ့်လည်း ကုမ္ပဏီရဲ့ အဓိက ထုတ်ကုန်တွေအားလုံးမှာတော့ပြည်ပတင်ပို့မှုပိုင်းမှာ လျော့ကျမှုတွေ ရှိနေပါတယ်။
ဥရောပသမဂ္ဂကနေ ထွက်ဖို့ ဗြိတိန်တို့ရဲ့မဲခွဲဆုံးဖြတ်မှုအကြောင်းနဲ့လည်းဘုံဈေးကွက် single market အကြောင်း ဆွေးနွေးရာမှာတော့အနည်းငယ်ရှုပ်ထွေးမှုတွေ ရှိနိုင်ပါတယ်။
နိုင်ငံမှာရှိနေတဲ့ အထင်ကရ ဘဏ်ကြီးတွေအနေနဲ့ လက်ရှိ Brexit နဲ့ပတ်သက်တဲ့ စိုးရိမ်ပူပန်မှုအခြေအနေတွေကြောင့် လာမယ့်နှစ်အစောပိုင်းလောက်မှာ ဗြိတိန်နိုင်ငံတွင်းကနေထွက်ခွာပြီး ပြည်ပမှာ ပြောင်းရွှေ့အခြေစိုက်ဖို့ အသင့်တောင်ဖြစ်နေကြပြီလို့ ဗြိတိန်ဘဏ်လုပ်ငန်းအသင်းBBA က ထုတ်ပြန်သတိပေးလိုက်ပါတယ်။
<< Start < Prev 2 3 4 5 6 7 8 9 10 11 Next > End >>
Page 7 of 87
You are here:   HomeAll NewsInternational News