ပြီးခဲ့တဲ့ ရက်သတ္တပတ်အကုန်က ဗီယက်နမ်နိုင်ငံမှာ သံသယဖြစ်ဖွယ် ညစ်ညမ်းရေများကြောင့် ငါး အများအပြား သေဆုံးခဲ့ပြီးနောက် အာဏာပိုင်တွေက မြို့တော်ရှိ ကြီးမားတဲ့ ရေချိုအိုင်အတွင်းက သေဆုံးနေတဲ့ ငါးတွေကို  ရှင်းလင်းဖယ်ရှားခဲ့ကြောင်း သိရပါတယ်။

ယမန်နှစ် ၂၀၁၅ ခုနှစ်တုန်းက လေယာဉ်စီးခရီးသွားတွေ လေယာဉ်ပေါ်မှာပြဿနာရှာတဲ့ဖြစ်စဉ်အရေအတွက် တော်တော်များပြားခဲ့တယ်လို့ နိုင်ငံတကာလေကြောင်းလုပ်ငန်းအသိုင်းအ၀ိုင်းက ပြောကြားပါတယ်။

ဥရောပသမဂ္ဂ-အီးယူကနေ နှုတ်ထွက်ဖို့ ဗြိတိန်တို့ရဲ့ မဲခွဲဆုံးဖြတ်မှုရလဒ်ထွက်ပေါ်ပြီးနောက်ပိုင်းကတည်းက ယင်းဒေသကကားဝယ်သူတွေဟာ ဗြိတိန်ထုတ်ကားတွေဆိုရင် မ၀ယ်ချင်ကြတော့ဘဲ ရှောင်ဖယ်လိုနေပြီဖြစ်တယ်လို့ Jaguar Land Rover ကုမ္ပဏီက ထုတ်ဖော်ငြီးတွားသွားပါတယ်။
ယူကရိန်းနိုင်ငံအရှေ့ပိုင်းတွင် ပစ်ချခံခဲ့ရသော မလေးရှားလေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်သည် အစိုးရတပ်ဖွဲ့များကို တိုက်ခိုက်နေသော သူပုန်များက ထိန်းချုပ်ထားသည့် ကျေးရွာမှနေ၍ ပစ်ခတ်ခဲ့သော ဘတ်အမျိုးအစား ဒုံးကျည်ထိမှန်ခံခဲ့ရကြောင်း၊ ယင်း ဒုံးကျည်မှာ ရုရှားလုပ်ဒုံးကျည်ဖြစ်ကြောင်း နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးမှူးများက စက်တင်ဘာ ၂၈ ရက်တွင် ပြောကြားသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ ဆီးရီးယားအရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံအပေါ် အမေရိကန်နှင့်ဗြိတိန်တို့ သုံးနှုန်းသွားသော ပြစ်တင်ပြောစကားများမှာ လက်သင့်ခံနိုင်စရာ အကြောင်းမရှိဟု ရုရှက ပြန်လည်တုန့်ပြန်ဝေဖန်သွားသည်။

မကြာသေးမီက အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ စစ်ရေးလှုပ်ရှားမှုများ၊ အထူးသဖြင့် တောင်ကိုရီးယားသို့ အမေရိကန် B1 ဗုံးကြဲလေယာဉ်များ စေလွှတ်မှုကို စစ်ရေးအရ တုံ့ပြန်မည်ဟု မြောက်ကိုရီးယား စစ်ဘက်က ကြာသပတေးနေ့တွင် သတိပေးလိုက်ကြောင်း Xinhua သတင်းတွင် ဖော်ပြထားသည်။ 
<< Start < Prev 3 4 5 6 7 8 9 10 11 12 Next > End >>
Page 8 of 87
You are here:   HomeAll NewsInternational News