အမေရိကန် ထိပ်တန်းကားကုမ္ပဏီတစ်ခုဖြစ်တဲ့ GM Motors ဟာ ယင်းရဲ့ကားတွေမှာ ဆော့ဝဲလ်ချို့ယွင်းမှု ပြစ်ချက်တစ်ခု ရှာတွေ့ခဲ့တာကြောင့် ကမ္ဘာတစ်ဝန်းက ကားစီးရေ ၄ သန်းကျော်ကို ပြန်သိမ်းနေရပြီလို့ ထုတ်ဖော်ပြောကြားလိုက်ပါယ်။

အရှေ့တရုတ်ပင်လယ်အတွင်းရှိ ဂျပန်၊ တရုတ်နှင့် တရုတ် (တိုင်ပေ)တို့ နယ်မြေပိုင်ဆိုင်မှုအငြင်းပွားနေသည့် စင်ကာကူကျွန်းအနီးတွင် တရုတ်ကင်းလှည့်ရေယာဉ်လေးစင်း ခုတ်မောင်းခဲ့ကြောင်း ဂျပန်ကမ်းရိုးတန်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ကမ္ဘာကြီးပူနွေးလာမှုကြောင့် သမုဒ္ဒရာရေမျက်နှာပြင်အပူချိန်ကိုမြင့်တက်လာစေသည့်အပြင် တိရိစ္ဆာန်နှင့် လူသားများကြား ရောဂါကူးစက်ပျံ့နှံ့မှုများ ဖြစ်ပေါ်လာကာ ကမ္ဘာတစ်ဝန်း အစားအစာလုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း အရေးကြီးသိပ္ပံနည်းပညာဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကမ္ဘာတစ်ဝန်း ဆင်းရဲချမ်းသာ ညီမျှမှု မရှိဆုံးသော နိုင်ငံဟာ ရုရှ နိုင်ငံဖြစ်တယ်လို့ ချမ်းသာကြွယ်ဝမှုဆိုင်ရာ သုသေသလုပ်ငန်းဖြစ်တဲ့ New World Wealth က ပြောပါတယ်။ ယင်းရဲ့ အဆိုအရ ရုရှ နိုင်ငံရှိတဲ့ သန်းကြွယ်သူဌေးတွေရဲ့လက်ထဲမှာ တစ်နိုင်ငံလုံး စုစုပေါင်း ချမ်းသာကြွယ်ဝမှုတန်ဖိုးအားလုံးပေါင်းရဲ့ ၆၂ ရာခိုင်နှုန်းကျော် ထိ ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။

ဗြိတိန်နိုင်ငံရဲ့ အဓိက ၀န်ဆောင်မှုလုပ်ငန်းထဲမှာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းပြန်လည်အတက်ဘက်ကို ရောက်လာခဲ့ယ်လို့ အနီးတကပ် စောင့်ကြည့်နေခဲ့တဲ့ စစ်တမ်းတစ်ခုအရ သိရပါတယ်။

အမေရိကန်သမ္မတ ဘာရက်အိုဘားမားသည် ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးနှင့် ပထမဆုံးအကြိမ် တွေ့ဆုံမည့်အစီအစဉ်ကို ဖျက်သိမ်းလိုက်သည်။ 

<< Start < Prev 4 5 6 7 8 9 10 11 12 13 Next > End >>
Page 9 of 87
You are here:   HomeAll NewsInternational News