Wednesday, 16 July 2014 08:40

ကန်ကြီးထောင့်မြို့နယ် ၀က်ထိုးကျေးရွာ စာသင်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနား

Written by 
Rate this item
(0 votes)

ထူးဖောင်ဒေးရှင်းမှစာသင်ဆောင်ဆောက်လုပ်နိုင်ရန်အတွက် အလှူငွေထည့်ဝင်လှူဒါန်းခဲ့သော ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့် မြို့နယ်၊ ၀က်ထိုးကျေးရွာရှိ တွဲဘက်အထက်တန်းကျောင်း၊ စာသင်ဆောင်ဖွင့်ပွဲ အခမ်းအနားသို့(၂၀၁၄)၊ ဇူလိုင်လ(၁၁)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီင်္း ၀န်ကြီးချုပ်ဦးသိန်းအောင်၊ လူမှုရေးဝန်ကြီးဒေါ်ခင်စောမူ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ရပ်မိရပ်ဖများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။

 


အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး၊ ထူးဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးကျော်သီဟမှ စာသင်ဆောင်လှူဒါန်းရခြင်းအကြောင်းအရင်းကို ရှင်းလင်းပြောကြားပေးကာ တိုင်းပညာရေးဝန်ကြီှးဌာန ညွှန်ကြားရေးမှူးမှ ပညာရေးဆိုင်ရာအချက်အလက်များရှင်းလင်းပြောကြားပေးခဲ့ပါသည်။ ဆက်လက်၍ ကျောင်းဆောင် သစ်ဖွင့်ပွဲ အထိမ်းအမှတ်အလံငယ်များကို သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းများထံသို့ ပေးအပ်ခဲ့ကြပြီး ဂုဏ်ပြုမှတ် တမ်းလွှာများအား အလှူရှင်များသို့ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဧရာဝတီ တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးသိန်းအောင်နှင့် အစိုးရအဖွဲ့ဝင်များမှ ကျောင်းသုံးဗလာစာအုပ် ဒါဇင်(၅၀၀)နှင့် ထူးဖောင် ဒေးရှင်းမှ စာအုပ်၊ ကျောပိုးလွယ်အိတ်၊ ခဲတံ၊ ခဲဖျက် အစရှိသော ကျောင်းသုံးစာရေးကိရိယာများ၊ စုစုပေါင်းတန်ဖိုး ငွေကျပ် (၉)သိန်းခန့်အား ကျောင်းသူ/သားများအသုံးပြုနိုင်ရန်အတွက် ကျောင်းအုပ်ဆရာကြီးထံသို့ ပေးအပ်လှူဒါန်း ခဲ့ပါသည်။


အဆိုပါစာသင်ကျောင်းဆောင်သစ်မှာ အလှူရှင်များ၏စုပေါင်းမတည်ငွေသိန်း(၅၀) ကျပ်ဖြင့် စတင်ဆောက်လုပ်ဆောင် ရွက် ခဲ့ရာ အခြေခံပညာအလယ်တန်းကျောင်းမှ တွဲဖက်အထက်တန်းကျောင်းခွဲ အဆင့်သို့တိုးမြှင့်ခွင့်ရရှိသောကြောင့် တက်ရောက်ပညာသင်ကြားမည့် ကျောင်းသားကျောင်းသူဦးရေလုံလောက်မှုရရှိနိုင်ရန်အတွက် နှင့် (၂၀၁၄) စာသင် နှစ်တွင် အချိန်မှီ ဖွင့်လှစ်နိုင်ရေးအတွက် ထူးဖောင်ဒေးရှင်းမှ ငွေကျပ်သိန်း(၂၀၀) ထည့်ဝင်လှူဒါန်းကာ စာသင်ခန်း(၅) ခန်းပါဝင်- ကျောင်းသား/သူ စုစုပေါင်း (၁၅၀)ဦး ပညာသင်ယူနိုင်မည့် အလျားပေ(၁၀၀) ၊အနံပေ(၅၀) ရှိ တစ်ထပ်သံ ကူကွန်ကရစ်အမျိုးအစား စာသင်ဆောင် (၁) ဆောင်အဖြစ်ဆောက်လုပ်နိုင်ရန် လှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။


ယခုကဲ့သို့ ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့် မြို့နယ် ၀က်ထိုးကျေးရွာသို့ စာသင်ဆောင်ဆောက် လုပ်လှူဒါန်းပေးရခြင်းဖြင့် ပညာရေးဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများတွင် ထူးဖောင်ဒေးရှင်းအနေဖြင့် ပါဝင်ဆောင်ရွက် ခွင့်ရရှိသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါသည်။

 

Credit  to ; Htoo Foundation

Read 935 times
You are here:   HomeAll NewsLocal Newsကန်ကြီးထောင့်မြို့နယ် ၀က်ထိုးကျေးရွာ စာသင်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနား