မွတ်ဆလင်များအပေါ် သဘောထား တင်းမာသူ တစ်ဦးအဖြစ် နာမည်ကြီးသော ဖရန်ဆွာ ဖီလွန်သည် ပြင်သစ် သမ္မတလောင်း တစ်ဦးအဖြစ် ရွေးကောက်ပွဲ ဝင်ခွင့်ရရန် သေချာသွားပြီ ဖြစ်သည်။

ပုဂံယဉ်ကျေးမှု နယ်မြေအတွင်း ယဉ်ကျေးမှုအမွေအနှစ်များ ထိခိုက်မှုတားမြစ်ရန်နှင့် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေဇုန်များသည် လူနေထိုင်ရာ နေရာများဖြစ်သည့် မြို့ပြလူနေမှုရပ်ကွက်၊ ကျေးရွာများနှင့် အချို့နေရာများတွင် တထပ်တည်း ကျရောက်နေပြီး ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ မပြဋ္ဌာန်းမီကပင် ဟိုတယ်၊ တည်းခိုခန်းများ ရှိနေသဖြင့် ဥပဒေ၊ နည်းဥပဒေများကို ပြန်လည်သုံးသပ် ဖြည့်စွက်ရန် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ဟိုတယ်နှင့် ခရီး သွားလုပ်ငန်းလုပ်ကိုင်ရန် ကုမ္ပ ဏီ ၂၂ ခုမှ ငှားရမ်းမည့် ကျွန်း ၂၂ ကျွန်းကို တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က စိစစ်လျက်ရှိ ကြောင်း ဟိုတယ်နှင့်ခရီးသွားလာ ရေး ၀န်ကြီးဌာန၀န်ကြီးဦးအုန်း မောင်က နိုဝင်ဘာ ၂၃ ရက်က အမျိုးသားလွှတ်တော်တွင် ပြော ကြားသည်။

 

ုမြန်မာ-ထိုင်း နယ်စပ် မြ၀တီမြို့မှ နယ်စပ်ကုန် သွယ်မှု ပုံမှန်စီးဆင်းနေသော်လည်း ဒေါ်လာဈေးနှင့်အပြိုင် ထိုင်းဘတ် ငွေဈေး စံချိန်တင်ဆက်လက်မြင့် တက်လာခြင်းကြောင့် ဒေသတွင်းဈေး ကွက်၌ ကုန်ဈေးနှုန်းများပါလိုက်ပါ မြင့်တက်လာကြောင်းသိရသည်။မြန်မာကျပ်ငွေနှင့် ထိုင်းဘတ် ငွေ နှစ်မျိုးစလုံးဖြင့် သုံးစွဲလျက်ရှိ သည့် မြ၀တီမြို့တွင် ထိုင်းကုန်ပစ္စည်း များအားထိုင်းဘတ်ငွေဖြင့်သာမဲ ဆောက်ဘက်မှဝယ်ယူရသော်လည်း မြ၀တီမြို့ပေါ်၌ မြန်မာငွေဖြင့် ပြန် ရောင်းသည့်အခါ ထိုင်းငွေဈေးမြင့် တက်မှုကြောင့် ဈေးနှုန်းကွာခြား လျက်ရှိသည်။
စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့နှင့်ဆယ်မိုင်ခန့် အကွာ ကျောက္ကာမြောက်ရွာရှိရေနံ ချက်ဖိုများကို လျှပ်စစ်နှင့်စွမ်းအင် ၀န်ကြီးဌာန မြန်မာ့ရေနံဓာတုဗေဒ လုပ်ငန်းမှ ဒေသန္တရ ရေနံချက်လုပ် ငန်းယာယီလိုင်စင်များကို နိုဝင်ဘာ ၂၃ ရက်တွင် ရေနံချက်လုပ်ငန်းဇုန် အစည်းအဝေးခန်းမတွင် ထုတ်ပေး ခဲ့ကြောင်း သိရသည်။

လေကြောင်းခရီးသွားဘေးကင်းလုံခြုံမှုမှတ်တမ်းပိုင်းမှာဆိုးရွားတဲ့မှတ်တမ်းဆိုးတွေရှိထားခဲ့တဲ့ ထိုင်ဝမ်ရဲ့ TransAsiaလေကြောင်းလိုင်းဟာ ယခုအခါမှာတော့အကြီးအကျယ် ဘဏ္ဍာရေးအရှုံးပေါ်ခဲ့ပြီးနောက်လုပ်ငန်းကို လုံ့ဝရပ်ဆိုင်းလိုက်ဖို့ ဆုံးဖြတ်လိုက်ရပြီဆိုပြီးကုမ္ပဏီဘုတ်အဖွဲ့က နိုဝင်ဘာ ၂၂ ရက်မှာ အတည်ပြုသွားခဲ့ပါတယ်။ အလားတူလေကြောင်းလိုင်းရဲ့ ခရီးစဉ် ပျံသန်းပြေးဆွဲမှုတွေလည်းရပ်ဆိုင်းသွားတော့မှာ ဖြစ်ပါတယ်။

<< Start < Prev 6 7 8 9 10 11 12 13 14 15 Next > End >>
Page 11 of 328
You are here:   HomeAll NewsLocal News