WiMax အင်တာနက် ၀န်ဆောင်မှုကို ၂၀၀၈ ကစတင် ၀န်ဆောင်မှုပေးအပ်ခဲ့သည့် Red Link ကုမ္ပဏီသည် ၂၀၁၇ အ တွင်း ရပ်ဆိုင်းမည်ဖြစ်ပြီး ၎င်း၏ အင်တာနက်ဝန်ဆောင်မှုများကို ညီနောင်ကုမ္ပဏီ Global Tech-noloy ထံသို့ လွှဲပြောင်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဆီးရီးယားအပါအ၀င် မွတ်စလင်အများစုနေထိုင်ရာ ခုနစ်နိုင်ငံမှ အမေရိကန်နိုင်ငံသို့ လာရောက်ခြင်းကို တားမြစ်ပိတ်ပင်ခဲ့သည့် သမ္မတထရန့်၏ အထူးအမိန့်ကို ၀ါရှင်တန်ပြည်နယ် အစိုးရက ကန့်ကွက်တရားစွဲဆိုမှုကို ၎င်းတို့ ထောက်ခံကြောင်း နည်းပညာကုမ္ပဏီကြီးများက ကြေညာခဲ့ကြသည်။

ရုရှားနိုင်ငံသည် အာတိတ်ဒေသတပ်ဖွဲ့ တစ်ဖွဲ့ကို အခိုင်အမာထူထောင်နိုင်ရန် နျူကလီးယားစွမ်းအင်သုံး ရေခဲခွဲသင်္ဘောများကို တည်ဆောက်လျက်ရှိကြောင်း၊ ကမ္ဘာပေါ်တွင် ပထမဆုံးနှင့်အကြီးဆုံးသော ရေခဲခွဲသင်္ဘော တပ်စုကို ထူထောင်ရန် သမ္မတဗလာဒီမာပူတင် က ညွှန်ကြားထားကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဇန်နဝါရီ ၃၁ ရက်တွင် သတင်းထုတ်ပြန်သည်။

အီရန်နိုင်ငံက ၎င်းရဲ့ ဒုံးကျည်စမ်းသပ်မှုအပေါ် ယိုးမယ်ဖွဲ့ပြီး အမေရိကန်အနေနဲ့ တင်းမာမှုသစ်များ မဖန်တီးဖို့ ပြောလိုက်ပြီးနောက်မှာ အီရန်နိုင်ငံကို ဒုံးကျည်ဆက် လက်စမ်းသပ်လုပ်ဆောင်ခြင်းဖြင့် အယုံအကြည်မဲ့အောင် မလုပ်ဖို့ ဇန်န၀ါရီ ၃၁ ရက်မှာ အီးယူက သတိပေးလိုက်ပါတယ်။
ကမ္ဘာ့ရွှေ ဈေးကျဆင်းလာမှုကြောင့် ပြည်တွင်း အကယ်ဒမီရွှေဈေးနှုန်းနှစ်ရက်အ တွင်းကျပ်တစ်သောင်းဝန်းကျင် ကျ ဆင်းခဲ့ကြောင်း ပြည်တွင်းရွှေလုပ် ငန်းရှင်အသိုင်းအ၀ိုင်းမှ သိရသည်။
အိန္ဒိယ-မြန် မာနှစ်နိုင်ငံ နယ်စပ်နယ်နိမိတ်မျဉ်း နေရာများ၌ ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်း ဖြတ်သန်းသွားလာခွင့် မပြုရန် တားမြစ်အမိန့်ထုတ်ပြန် ထားကြောင်း တမူးခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သတင်းရ ရှိသည်။
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>
Page 3 of 328
You are here:   HomeAll NewsLocal News