ကချင်ပြည်နယ်၊ ဖားကန့်ဒေသအတွင်း လုပ်ကိုင်နေသော ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်အားလုံးမှာ ၂၀၁၉ ခုနှစ်တွင် သက်တမ်းကုန်ဆုံးကြမည်ဟု ဖားကန့်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုး၏ ပြောကြားချက်အရ သိရသည်။

တောင်တရုတ်ပင်လယ်အရေးတွင် အမေရိကန်နှင့် နိုင်ငံတကာအကျိုးအမြတ်တို့နှင့် ပတ်သက်ပြီး ထရမ့်အစိုးရ၏ ကာကွယ်ပြောဆိုမှုများ ထွက်ပေါ်လာပြီးနောက် တရုတ်က အငြင်းပွားတောင်တရုတ်ပင်လယ်အရေးတွင် ၎င်း၏ ပိုင်ဆိုင်ကြောင်း အတည်ပြုထားချက်ကို ရုပ်သိမ်းလိမ့်မည်မဟုတ်ကြောင်း အမေရိကန်ကို သတိပေးပြောဆိုသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်လက်ထက်တွင် ဖြစ်ပေါ်လာနိုင်သည့် လှုပ်လှုပ်ရှားရှား ကာလများအတွက် မိမိနိုင်ငံ ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း ဂျာမနီနိုင်ငံ ခြားရေးဝန်ကြီး ဖရန့်ဝေါ်လ်တာစတိန်မေယာက ပြောကြားလိုက်သည်။
ဆီးရီးယားတွင် ရုရှားလေတပ်နှင့် အမေရိကန် လေတပ်တို့ ပူးပေါင်း၍ စစ်ဆင်ရေး ဆင်နွှဲခဲ့ကြောင်း သတင်းကို အမေရိကန် စစ်ဘက်က ငြင်းပယ်ခဲ့သည်။
ကမ္ဘာ့နိုင်ငံတွေအနေနဲ့ အနာဂတ်ဒေသမှာ ကြုံတွေ့လာရမယ့်ဝယ်လိုအားကို လိုက်မှီနိုင်ဖို့ လာမယ့် ၂၅ နှစ်တာကာလတစ်လျှောက်ရေနံထုတ်လုပ်မှု လုပ်ငန်းထဲမှာ ဒေါ်လာ ၂၅ ထရီလီယံထိရင်းနှီးမြှုပ်နှံဖို့ လိုအပ်နေတယ်လို့ Davos မြို့မှာ ပြုလုပ်ခဲ့တဲ့ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ပြောဆိုသွားခဲ့ကြပါတယ်။
မကြာခင်ထွက်ပေါ်လာမဲ့ ဥပဒေအသစ်တွေနဲ့ ရင်းနှီမြုပ်နှံမှုဆိုင်ရာနည်းဥပဒေတွေကြောင့် ရန်ကုန်အိမ်ခြံမြေ ဈေးကွက် ကောင်းလာနိုင်တယ်လို့ စိုင်းခွန်နောင်အိမ်ခြံမြေလုပ်ငန်းရှင် ဦးစိန်းခွန်နောင်ကပြောပါတယ်။
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>
Page 4 of 328
You are here:   HomeAll NewsLocal News