မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် အတွင်းရှိ ဧရာဝတီနှင့် ဒုဋ္ဌ၀တီမြစ်နှစ်စင်း၏ မြစ်ဆုံနေရာတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် စက်သုံးဆီ ဆိပ်ကမ်းစီမံကိန်းအား နေရာရွှေ့ပြောင်း လုပ်ဆောင်သွားရန် အစီအစဉ်မရှိကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ပြောကြားသည်။

ဗြိတိန်နိုင်ငံအနေနဲ့ ဥရောပသမဂ္ဂ (အီးယူ)ကနေ လုံးလုံးလျားလျား ထွက်ဖို့ဘက်ကိုပဲ ဦးတည်ထားတယ်လို့ ၀န်ကြီးချုပ် ထရီဇာမေက မှတ်ချက် ထက်စကား ပြောကြားလိုက်တဲ့နောက်ပိုင်း စတာလင်ပေါင်ငွေကြေးတန်ဖိုးဟာတော့ နှစ်လတာအတွင်း ယင်းရဲ့ အနိမ့်ဆုံးနှုန်းထားကို ထိုးဆင်းသွားခဲ့ပြန်တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

 ရွှေဗဟိုဈေးကွက်ဖြစ် ပေါ်လာရန် ရွှေလုပ်ငန်းရှင်များက အဆင်သင့်ဖြစ်နေသော်လည်း အစိုးရဘက်က အကူအညီမပေး နိုင်၍ ဖွင့်လှစ်ရန် ကြန့်ကြာနေ ဦးမည်ဟု မြန်မာနိုင်ငံရွှေလုပ်ငန်း ရှင်များအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးကျော်မြင့်ကပြောသည်။

မလေးရှားနိုင်ငံမှ NGOs များ၏ သင်္ဘောအုပ်စုအနေဖြင့် မြန်မာနိုင်ငံအစိုးရ၏ တရားဝင်ခွင့်ပြုချက် ရယူခြင်းမရှိဘဲ နိုင်ငံအတွင်းသို့ ၀င်ရောက်ခြင်း မပြုမိစေရန်အတွက် မလေးရှားနိုင်ငံ အစိုးရအနေဖြင့် ထိန်းသိမ်းညှိနှိုင်း ဆောင်ရွက်ပေးရန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ရန်ကုန်မြို့ရှိ မလေးရှားသံရုံးသို့ ဇန်န၀ါရီ ၅ ရက်က အကြောင်းကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာဖြစ်သည့် Ministry of Foreign Affairs Myanmar မှ သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၏ ခရီးသွားဆွဲဆောင်မှု အထင်ကရနေရာဖြစ်သည့် တနသာင်္ရီ တိုင်းဒေသကြီး ၊ မြိတ်ကျွန်းစု ဒေသကို အာဆီယံခရီးသွားပြပွဲ-၂၀၁၇ ၌ မြန်မာနိုင်ငံကိုယ်စားပြု ခရီးသွားပြခန်း ၃ ခန်း ပါဝင် ပြသရာတွင် အထူးမြှင့်တင်လျက် ပါဝင်ပြသမည် ဖြစ်ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရသည်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ် အတွင်း အထပ်နိမ့်၊ အထပ်မြင့်အ ဆောက်အအုံများ တည်ဆောက် ခွင့်ပြုရာတွင် သုံးထပ်ခွဲမှ ရှစ်ထပ် ခွဲအထိ စုစုပေါင်းအလုံးရေ ၃၀၀ ကျော် ခွင့်ပြုခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ သတင်းရရှိသည်။
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>
Page 6 of 328
You are here:   HomeAll NewsLocal News