ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြန်လည်စိစစ်မည် ဖြစ်သောကြောင့် ရပ်ဆိုင်းထားရန် ညွှန်ကြားခဲ့သည့် အထပ်မြင့်အဆောက်အအုံ ၂၀၀ နီးပါးအနက် အကုန်လုံးနီးပါး ပြန်လည်ဆောက်လုပ်ခွင့်ပြုခဲ့ပြီး ခြောက်လုံးသာ ခွင့်ပြုရန် ကျန်ရှိတော့ကြောင်း ဆောက်လုပ်ရေးလုပ်ငန်း အသိုင်းအ၀ိုင်းမှ သိရသည်။
မြန်မာနိုင်ငံအနာဂတ်အတွက် အရေးကြီးသည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို လက်ရှိအစိုးရ လက်ထက်တွင် နိုင်ငံတော်စီမံကိန်း တစ်ရပ်အဖြစ် ဆောင်ရွက်သွားမည်ဟု ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားခဲ့ကြောင်း ဒီဇင်ဘာ ၂၁ ရက်က နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးစီမံကိန်း ဦးဆောင်ကော်မတီ၏ ပထမအကြိမ် အစည်းအဝေးအပြီး သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် နှင့် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်များကို ဆက်သွယ်သည့် ငမိုးရိပ်ချောင်းကူးတံတားတစ်စင်းနှင့် သင်္ဃန်းကျွန်းမြို့နယ် စံပြဈေးအနီး လူကူးခုံးကျော်တံတား တစ်စင်း တည်ဆောက်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တင်ဒါခေါ်ယူထားသည်။

မြန်မာနိုင်ငံအတွင်း နေထိုင်သည့် ဘင်္ဂါလီများသည် တရားဝင်များ ရှိသကဲ့သို့ တရားမ၀င်များလည်း ရှိပြီး ထိန်းသိမ်းနိုင်ရန်အတွက် ခေတ်အဆက်ဆက် လုပ်ဆောင်ခဲ့သော်လည်း ယိုပေါက်များ ရှိနေသေးကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာ ၂၀ ရက်တွင် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော ဒေသရှိ ဒေသခံပြည်သူများ၊ နယ်မြေလုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် တပ်မတော်သားများ၊ မိသားစုဝင်များနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

CDMA 450 MHz နှင့် CDMA 800 MHz ဖုန်းများကို ဂျီအက်စ်အမ်စနစ်သို့ ပြောင်းလဲရန် အစီအစဉ်ရှိပြီး ယခင်ဖုန်းနံပါတ်နှင့် အနီးစပ်ဆုံး တူညီစေရန် စီစဉ်ပေးမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သတင်းရရှိသည်။ လက်ရှိတွင် CDMA ဖုန်းသုံးစွဲနေသူ အရေအတွက်ကို မေးမြန်းရာ သုံးစွဲသူ အရေအတွက် အတိအကျကို မသိရဘဲ သုံးစွဲသူ အလွန်နည်းပါးကြောင်းသာ ပြန်လည် ဖြေကြားသည်။

မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိပြီးနောက် ဆက်လက် လုပ်ကိုင်ခြင်းမရှိပါက ပြန်လည်အပ်နှံရန် ကချင်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့က ဒီဇင်ဘာ ၁၉ ရက်က  ထုတ်ပြန်ကြေညာခဲ့သည်။

<< Start < Prev 3 4 5 6 7 8 9 10 11 12 Next > End >>
Page 8 of 328
You are here:   HomeAll NewsLocal News