ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်မှ ဦးရဲမင်းဦးကို ဧပြီ ၄ ရက်နေ့ နံနက် ၁၀ နာရီခန့်က ရန်ကုန် အနောက်ပိုင်း ခရိုင် တရားရုံးတွင် ရုံးထုတ် လာသည်ကို တွေ့ရစဉ်။ မတ်လ၂၅ရက်နေ့ ည ၉ နာရီ မိနစ် ၃၀ ခန့်တွင် အမည်မသိသူ နှစ်ဦးက ဗဟန်း မြို့နယ် ဦးသာသနာ့ ကျောင်းတိုက်တွင် ရှိနေသည့် ဦးရဲမင်းဦးကို လာရောက် ခေါ်ဆောင် သွားခြင်းကြောင့် ရခိုင်လူငယ်များ အဖွဲ့က မတ်လ ၂၆ ရက်နေ့က ဗဟန်းမြို့နယ် ရဲစခန်းတွင် ၁၃/၂၀၁၃ လူပျောက် အနေဖြင့် အမှုဖွင့်ခဲ့သည်။

သဲကန္တာရမှာ ကမ္ဘာ့အကြီးဆုံး နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ် စက်ရုံ ဆောက်တယ်ဆိုတော့ ယူအေအီး ပဲ ဖြစ်မယ်လို့ တော်တော်များများ ခန့်မှန်းထားမိမှာ ဖြစ်ပါတယ်။ ယူအေအီးနိုင်ငံ၊ အဘူဒါဘီမြို့ အပြင်ဘက် မိုင် ၇၀ အကွာမှာ တည်ဆောက်ပြီး Shams 1 လို့ အမည်ပေးထားပါတယ်။ parabolic မှန်အချပ် ပေါင်း ၂သိန်း၆ သောင်း နီးပါး ခင်းကျင်းထားပြီး စုစု ပေါင်း ၁ စတုရန်းမိုင် ပတ်လည်လောက်ထိကို ကျယ်ဝန်းပါတယ်။ အိမ်ခြေပေါင်း ၂သောင်းထက်မနည်းကို လျှပ်စစ်ဓာတ်အား လုံလုံ လောက်လောက်ပေးစွမ်းနိုင်စွမ်း ရှိပါတယ်။

မြောက်ကိုရီးယား၏ မည်သည့် ရန်စ ကျူးကျော်မှု ကိုမဆို စစ်ရေးအရ ပြင်းပြင်းထန်ထန် တုံ့ပြန် သွားရေးအတွက် တောင်ကိုရီးယား သမ္မတက စစ်တပ်အား ညွှန်ကြား ထားကြောင်း သိရသည်။ ''တိုင်းပြည်နဲ့ ပြည်သူတွေ အပေါ် တစ်စုံတစ်ရာ ရန်စမှုတွေ ရှိလာရင် စစ်တပ်ဟာ နိုင်ငံရေး ကိစ္စ ရပ်တွေကို ထည့်မစဉ်းစား ဘဲနဲ့ ပြင်းပြင်း ထန်ထန် တုံ့ပြန်သင့်တယ်'' ဟု သမ္မတ ပတ်ဂွမ်ဟီးက ပြောဆိုခဲ့ကြောင်း ယွန်ဟက်တင်း အေဂျင်စီက ဖော်ပြ ထားသည်။ တောင်ကိုရီးယားနှင့် မြောက်ကိုရီး ယားတို့ စစ်မက် ဖြစ်ပွားနိုင်သည့် အခြေအနေတွင် ရှိသည်ဟု

အမေရိကန် နိုင်ငံမှ ဦးနှောက်နှင့် အာရုံကြော ဆိုင်ရာ သိပ္ပံပညာ ရှင်များက အကျဉ်းကျ ခံနေရသော ရာဇဝတ် သားများ၏ ဦးနှောက်ကို ကွန်ပျူတာဖြင့် Scan ဖတ်ကြည့်ပြီး နောက်တစ်ကြိမ် ရာဇဝတ်မှု ကျူးလွန်နိုင်ဖွယ် ရှိမရှိ ခန့်မှန်းနိုင်ပြီဟု သိရသည်။ ဦးနှောက်နှင့် အာရုံကြော ဆိုင်ရာ သိပ္ပံပညာ ရှင်များက ထောင်သားများ၏ ဦးနှောက် အလုပ်လုပ်ပုံကို အဆင့်မြင့် သိပ္ပံ ဆေးပညာကို အသုံး ချပြီး သုတေသန ပြုလုပ်ခဲ့သည်ဟု သိရ သည်။ ၎င်းတို့၏ တွေ့ရှိချက်အရ ထောင် သားများသည် ကွန်ပျူတာမှ စေခိုင်းချက် များကို ပြန်လည် တုန့်ပြန်ခြင်း ပြုလုပ်ရာ တွင်

မြောက်ကိုရီးယား၏ စစ်ရေးအရ ခြမ်းခြောက်မှု များကို ဟန့်တား နိုင်စေရန် စစ်ရေး မဟာဗျူဟာ ခြေလှမ်းတစ်ရပ် အနေဖြင့် တောင်ကိုရီးယားနှင့် နှစ်နိုင်ငံ ပူးတွဲစစ်ရေး လေ့ကျင့်မှုများ ပိုမိုတိုးမြှင့် ပြုလုပ် နိုင်ရန် အမေရိကန်သည် မတ်လ ၃၁ ရက်နေ့တွင် အက်ဖ် ၂၂ တိုက်လေယာဉ် များကို တောင်ကိုရီးယား နိုင်ငံ ဂိုင်ယောင်ဂျီ ပြည်နယ် အူဆန်မြို့ရှိ အမေရိကန် လေတပ် အခြေစိုက် စခန်းသို့ ပေးပို့ခဲ့ကြောင်း ရိုက်တာသတင်း တစ်ရပ်တွင် ဖော်ပြခဲ့သည်။

အိန္ဒိယ နိုင်ငံတွင် အုပ်စုဖွဲ့ မုဒိမ်း ကျင့်မှုများ ဖြစ်ပွားခဲ့ ပြီးနောက် သုံးလတာ  ကာလအတွင်း နိုင်ငံခြားသား အမျိုးသမီးများ အိန္ဒိယသို့ လာရောက် လည်ပတ်မှုနှုန်း ၃၅ ရာခိုင်နှုန်းခန့် ကျဆင်းသွားကြောင်း စစ်တမ်း တစ်ရပ်က ဖော်ပြထားသည်။ အိန္ဒိယ ကုန်သည် ကြီးများနှင့် စက်မှု လုပ်ငန်းရှင်များ အသင်း (ASSOCHAM) ၏ စစ်တမ်းတွင် အထက်ပါ အတိုင်းဖော်ပြထားပြီး တစ်နှစ်ထက် တစ်နှစ် အမျိုးသမီး ခရီးသည် လည်ပတ်မှုနှုန်း ၂၅ ရာ ခိုင်နှုန်းအထိ လျော့ကျ နေကြောင်း ပါရှိသည်။

<< Start < Prev 342 343 344 345 346 347 348 349 350 351 Next > End >>
Page 351 of 351
You are here:   HomeAll News