စွမ်းရည် အရည်အသွေး ယှဉ်ပြိုင်နိုင်စွမ်းနဲ့ပတ်သက်လို့ ကမ္ဘာတစ်ဝန်းလုံး အညွန်းကိန်းမှာတော့ စင်ကာပူနိုင်ငံဟာအာရှ-ပစိဖိတ်ဒေသမှာ အကောင်းဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံလိုက်ရတယ်လို့ သိရပါတယ်။
ဒဂုံ(တောင်ပိုင်း)မြို့နယ် ရွာသာကြီးရပ်ကွက်အနီးရှိ ယခင်စိုက်ပျိုးရေး ဇုန်ဟောင်းမှ မြေဧက ၉ဝဝဝ ခန့်ကို ပြည်ပရင်းနှီးမြှုပ်နှံသူများထံ ရောင်းချပေးရန် စီစဉ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
တပ်မတော်နှင့် တစ်နိုင်ငံ လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက် မှတ်ရေးထိုးထားသည့် ရှမ်းလက် နက်ကိုင်အဖွဲ့(RCSS)တို့အကြား နယ်မြေသတ်မှတ်ရေးကိစ္စနှင့် ပတ်သက်၍ ပြည်နယ်အဆင့်တွင် ညှိနှိုင်းမရဖြစ်နေကြောင်း နှစ်ဖက် ကိုယ်စားလှယ်များထံမှ သတင်း ရရှိသည်။

“နေတိုးက ခေတ်ကုန်သွားပြီ” ၊ “ဂျာမနီ ရဲ့ မာကယ်က ဘေးဒုက္ခကြီးဆိုက်စေမယ့် အမှားတစ်ရပ်ကို လုပ်ခဲ့တယ်” ၊ “ဗြိတိန် အီးယူက ထွက်တာကတော့ ဂရိတ်ပဲ” နှင့်  “အမေရိကန်ဟာ ရုရှားနဲ့ အဆက်အဆံ လုပ်နိုင်တယ်” အစရှိသဖြင့် ဥရောပနှင့် ပတ်သက်သော ပြင်းထန်စွာဝေဖန်ချက်များကို ထရန့်က ဥရောပမီဒီယာများနှင့် တွေ့ဆုံမေးမြန်းခန်းများ၌ ဇန်န၀ါရီ ၁၅ ရက်တွင်ပြော ကြားခဲ့ကြောင်း သိရသည်။

ကမ္ဘာတစ်ဝန်း လုပ်ငန်းခွင်ပြင်ပ ရောက်နေကြရတဲ့ အလုပ်လက်မဲ့ဖြစ်နေသူ အရေအတွက်ဟာ ယခုနှစ်ထဲမှာ စုစုပေါင်းသန်း ၂၀၀ ထိ ရှိလာတော့မှာဖြစ်ပြီး စံချိန်တင်အနေအထားတစ်ခုထိ မြင့်တက်လာနေပြီလို့ သိရပါတယ်။
ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃၆ သန်းကျော်ဖြင့် တနင်္သာရီတိုင်းဒေသ ကြီးတွင် ဆီအုန်းစိုက်ပျိုးလုပ်ကိုင် နေသော မလေးရှားသန်းကြွယ် သူဌေးများပိုင်ဆိုင်သည့် Samling Strategic အုပ်စုပိုင် ကုမ္ပဏီခွဲတစ် ခုသည် မြိတ်ဒေသတွင် လူ့အခွင့် အရေးချိုးဖောက်မှုများနှင့် ဥပဒေမလိုက်နာမှုများ ပြုလုပ်နေကြောင်း အရပ်ဘက်အဖွဲ့အစည်းရှစ်ဖွဲ့က ဇန်နဝါရီ ၁၂ ရက်တွင် သတင်း ထုတ်ပြန်သည်။
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>
Page 5 of 351
You are here:   HomeAll News