နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ရှုပ်ထွေးသည့် ရခိုင်ပြည်နယ်အရေးကို ဖြေရှင်းရန် မြန်မာအစိုးရအတွက် ကြိုးပမ်းဆောင်ရွက်ခွင့်နှင့် အချိန်အတိုင်းအတာတစ်ခု လိုအပ်ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအား ရှင်းလင်းပြောကြားခဲ့သည်ဟု နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပထမ ဆုံးကျင်းပခဲ့သည့် တာဝန်သိခရီးသွားလုပ်ငန်းစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်မှ ဆွေးနွေးရရှိလာသည့် ဆောင်ရွက်ရန်အချက်များကို အဆင့်သုံးဆင့်ခွဲ၍ ဆောင်ရွက်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
အီရန်နိုင်ငံအနေဖြင့် နျူကလီးယားဆိုင်ရာ ကိစ္စရပ်များတွင် ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် လက်တွဲဆောင်ရွက်သွားရန် ကတိကဝတ်ပြုခဲ့သည်ဟု ကုလသမဂ္ဂ နျူကလီးယားစွမ်းအင် အေဂျင်စီအကြီးအကဲက ဒီဇင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။ အိမ်ဖြူတော်၏ထုတ်ပြန်ချက်တွင် အီရန်နိုင်ငံအား ၁ဝ နှစ်တာ အရေးယူမည့် အမေရိကန်၏ ဥပဒေကြမ်းသည် သမ္မတအိုဘားမား၏ လက်မှတ်မပါသော်လည်း ဥပဒေ တစ်ရပ်အသွင် ပြောင်းလာမည်ဖြစ်သည်ဟု ပါရှိသည်။

 ပြည်တွင်းငွေလဲနှုန်း တွင် အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်လာခြင်းကြောင့် ပြည် တွင်းစက်သုံးဆီဈေးနှုန်းများ ဒီဇင် ဘာအတွင်း တစ်ဂါလန်လျှင် ကျပ် ၁၀၀ကျော်မှ ၁၅၀ကျော်အ တွင်းဈေးတက်ခဲ့ကြောင်း သတင်း ရရှိသည်။

တနင်္သာရီမြစ်ပေါ်တွင် ရေအားလျှပ်စစ် ထုတ်လုပ်ရေး၊ ထီးခီး-ကနက်သီရိ လမ်းသစ်နှင့် အသေးစားဆိပ်ကမ်း တည်ဆောက်ရေး စီမံချက်များသည် ပွင့်လင်းမြင်သာမှု မရှိဟု တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ အရပ်ဘက် အဖွဲ့အစည်းများက ဒီဇင်ဘာ ၁၃ ရက် တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ယခုသီတင်းပတ်အတွင်း မြန်မာနိုင်ငံသို့ တရုတ်စစ်တပ် အကြီးတန်းအရာရှိတစ်ဦး လာရောက်လည်ပတ်သွားပြီးနောက်ပိုင်း မြန်မာနိုင်ငံအနေဖြင့် နယ်စပ်တစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ကို ထိန်းသိမ်းပြီး အိမ်နီးချင်းနိုင်ငံတွင်းသို့ ကျည်များ လွဲမှားကျရောက်ခြင်း မရှိရန် လုပ်ဆောင်မည်ဟု မျှော်လင့်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၄ ရက်၌ ပြောသည်။
<< Start < Prev 4 5 6 7 8 9 10 11 12 13 Next > End >>
Page 9 of 351
You are here:   HomeAll News