အခမ်းအနားတွင် စာရေးဆရာ လယ်တွင်းသားစောချစ်က အမှတ်တရစကား ပြောကြားခဲ့ သည်။ ဆရာကြီးပါရဂူသည် ၁၉၂၁ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်တွင် ဟသာင်္တခရိုင်၊ သနွံသနော့ ကျေးရွာတွင် မွေးဖွားခဲ့သည်။ အဖဦးစော၊ အမိဒေါ်မေတုတ်တို့၏ ဒုတိယသားဖြစ်သည်။
ဆရာသည် ၁၉၄၇ ခုနှစ်မှ ၁၉၅၂ ခုနှစ်အထိ အိန္ဒိယနိုင်ငံ၊ ဗာရာဏသီမြို့၊ ဟိန္ဒီတက္ကသိုလ် တွင် ရဟန်းဝတ်ဖြင့် တက်ရောက် ပညာသင်ကြားခဲ့သည်။ ဟိန္ဒီ၊ သက္ကတနှင့် အိန္ဒိယဘာသာတို့ကို ကျွမ်းကျင်စွာ တတ်မြောက်ပြီး ၄င်းဘာသာများဖြင့် ရေးသားသော ဗုဒ္ဓစာပေနှင့် အိန္ဒိယစာအုပ်များစွာ ကို မြန်မာဘာသာဖြင့် ပြန်ဆိုရေးသားခဲ့သည်။
၂၀၁၁ ခုနှစ်၊ ဧပြီလ ၉ရက်တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။
နှင်းဆီ