Wednesday, 13 May 2015 06:14

ကြိုတင်တွေးဆ ရေရမှ

Written by 
Rate this item
(0 votes)

ကမ္ဘာပေါ်တွင် ရေကိုခြိုးခြံချွေတာစွာ သုံးစွဲသည့်နည်းလမ်းများစွာ ကျင့်သုံးနေရသောနိုင်ငံများ၊ ကုန်းတွင်းပိတ် နိုင်ငံများ၊ မြစ်ချောင်းကဲ့သို့ ရေချိုအရင်းအမြစ်ရှားပါးသောနိုင်ငံများ ရှိနေပါသည်။ အခြားတစ်ဘက်တွင်လည်း မြန်မာ ကဲ့သို့ မြစ်ချောင်းအင်းအိုင်နှင့် မြေအောက်ရေစသော ရေချိုအရင်းအမြစ်ပေါများသည့်နိုင်ငံများလည်းရှိသည်။

 

          ရေချိုရှားပါးသောနိုင်ငံများမှာ ပြည်ပမှဝယ်ယူသုံးစွဲနေရပြီး သောက်ရေအတွက် အခက်အခဲရှိနေကြသည်။ ကမ္ဘာ့ရေအရင်းအမြစ် အကြွယ်ဝဆုံးနိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံသည် ၂၀၁၁ခုနှစ်တွင် အဆင့်(၁၄)နေရာ၌ ရှိခဲ့သည်။ သို့သော်လည်း ရန်ကုန်မြို့၏ ဆင်ခြေဖုံးမြို့နယ်အချို့နှင့် မြန်မာနိုင်ငံအလယ်ပိုင်း၊ အပူပိုင်းဒေသများတွင် နွေရာသီကာလ၌ ရေပြတ်လပ်မှုကို ကြုံတွေ့နေရဆဲဖြစ်သည်။

          ၂၀၁၅ခုနှစ်တွင် တိုးမြင့်လာသောလူဦးရေအရ ရေလိုအပ်ချက်သည် (၂)ဆမြင့်တက်လာသည့်အလျောက် ရေရရှိရေး အခန်းကဏ္ဍသည် အရေးကြီးလာလျက်ရှိသည်။ မြန်မာနိုင်ငံ၏ ရေချိုသယံဇာတ ဧကပေါင်း(၈၇၀)ကျော်ရှိ၍ တစ်ဧကပေလျှင် ရေဂါလံ နှစ်သိန်း သုံးထောင့် ခုနှစ်ရာ ထွက်ရှိသည်။ တစ်နေ့လျှင် မြေအောက်ရေဂါလံ (၁၂၀၀) ယူသုံး လျှင် ရနိုင်၍ တစ်ဧကပေလျှင် မြေအောက်ရေဂါလံ (၆) ဂါလံ ထုတ်လုပ်နိုင်သည်။

          သို့သော်လည်း အညာဒေသ၊ မိုးရေချိန်အလွန်နည်းသော ဒေသများတွင် မြေအောက်ရေပမာဏ နည်းလေ့ရှိ သည်။ မြေအောက်တွင်ရှိသောရေသည် Level အဆင့်ဆင့်တည်ရှိရာ မြေအောက်ရေ အလွန်အကျွံ ထုတ်နှုတ်သုံးစွဲပါက အခက်အခဲကြုံလာနိုင်သည်။ တိုက်တာအိမ်ခြေ ဆောက်လုပ်မှုများသည်နှင့်အမျှ ရေလိုအပ်သည်လည်း ရှိလာမည်ဖြစ် ရာ ရေလိုအပ်ချက် ပြဿနာကိုဖြေရှင်းရန် လိုအပ်လျှက်ရှိသည်။

          မြေအောက်တွင် မြေ၊ ရေ၊ ကျောက်အလွှာတစ်ထပ်စီတည်ရှိနေ၍ အလွန်အကျွံသုံး၍ ရေကုန်ခမ်းလျှင် မြေကျွံ ခြင်းပြဿနာရှိလာမည်ဖြစ်သည်။

          မကြာသေးမီကဖြစ်ပွားခဲ့သော ရေခတ်ရာမှ လူသတ်မှုဖြစ်ပွားသည်အထိ ကြီးကျယ်ခဲ့ရသော ရေရှားပါးမှု ပြဿ နာသည် လျစ်လျူရှုရမည့်ကိစ္စမဟုတ်ပေ။ ဒလမြို့နယ် သောက်သုံးရေကန်များတူးရန်အတွက် တင်ပြလာပါက ဦးစား ပေးဆောင်ရွက်ရန် မြို့နယ်အုပ်ချုပ်ရေးပိုင်းနှင့် စည်ပင်သာယာရေးကော်မတီတို့ ဆောင်ရွက်လျှက်ရှိသည်။ ဒလမြို့နယ် သို့ တွံတေးမြို့နယ်ရှိ ရေကန်ပေါက်ကျေးရွာမှ ကွန်ကရစ်ပိုက်များသွယ်ကာ ရေဂါလံ(၁)သိန်းဆံ့သော သောက်ရေကန် (၂) ကန် နှစ်စဉ်ပေးဝေလျှက်ရှိသည်။

          အနာဂတ်အလားအလာအရ ဖြစ်ပေါ်လာမည့် ရေရရှိရေးပြဿနာ၏ အရင်းအမြစ်ကိုရှာဖွေလျှက် နည်းလမ်း ကောင်းများရွေးချယ်ပြီး ရေပြတ်လပ်မှုမရှိရေး ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားပါမှ “ရေအသက်တစ်မနက်”စကားပုံအ တိုင်း ရေ ၇၅% ဖြင့် ဖွဲ့စည်းထားသည့် လူ့ခန္ဓာကိုယ် သောက်သုံးရေမရလျှင် သေဆုံးနိုင်သည့်ပြဿနာကို ကာကွယ်ထားပြီး ဖြစ်ပေလိမ့်မည်။

Read 951 times
You are here:   HomeArticlesကြိုတင်တွေးဆ ရေရမှ