ချစ်သူရဲ့စကားဟာ သောကပွားစေသလို သောကကိုလဲ ငြိမ်းစေပါတယ်။ တောင်မြို့ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသကတော့ အခြားသူများပြောတဲ့ စကားအခွန်းတစ်ရာထက် ချစ်သူပြောတဲ့ စကား တစ်ခွန်းက ပိုပြီးထိရောက်တာမို့ ချစ်သူတွေဟာ ကောင်းကျိုးရှိတဲ့စကားကိုသာ ပြောကြားပေးရပါမယ်တဲ့။ သောကကိုလဲငြိမ်းစေခဲ့တဲ့ ကောင်းကျိုးလဲရှိခဲ့တဲ့ ချစ်သူတွေအကြောင်းကို ပြောပြချင်ပါတယ်။

ရောင်ခြည်စက်ဝန်း သက်ရောက်မှုသောကြာနေ့ ညနေတိုင်း ဦးမောင်က နေမကောင်း ဖြစ်နေတဲ့ မိခင်ကို ပြန်ကြည့်တဲ့ မိန်းမဖြစ်သူကို ဘူတာရုံ လိုက်ပို့ တတ်တယ်။ မိန်းမစီးတဲ့ ရထား ထွက်သွားပြီး နောက်(၁ဝ) မိနစ်အကြာမှာ ဦးမောင်ရဲ့နှမဖြစ်သူ လိုက်ပါလာမယ့် ရထားက ဘူတာဆိုက်တယ်။ မိန်းမ မရှိတုန်း အိမ်မှာ လာကူချက်ပြုတ်ပေးတဲ့ နှမဖြစ်သူကို ဦးမောင်က စောင့်ကြိုပြီး အိမ်ခေါ် ပြန်တယ်။ တနင်္ဂနွေနေ့ ညနေမှာတော့ ညီမကို ဘူတာရုံ လိုက်ပို့ပြီး (၁ဝ)မိနစ် အကြာမှာ ပြန်ရောက်လာတဲ့ မိန်းမကို ဦးမောင်အိမ် ခေါ်ပြန်တယ်။

လိုအင်ဆန္ဒများနှင့် လိုအပ်ချက်များစီးပွားရေး ပညာတွင် အခြေခံအကျဆုံး ဝေါဟာရများ ထဲတွင် ပါဝင်သော လိုအင်ဆန္ဒများနှင့် လိုအပ်ချက်များ အကြောင်းကို လေ့လာ ကြည့်လျှင် ယင်းနှစ်ခု၏ အဓိပ္ပာယ်မှာ မတူကွဲပြားသည်ကို သိနိုင်ပါသည်။ ဥပမာ- ချမ်းသာသောမိသားစု၏ ကလေးငယ်တစ်ဦးက iPad သင်ပုန်း ကွန်ပျူတာ လိုချင်၍ ငိုခြင်းနှင့် ဆင်းရဲသော မိသားစု၏ ကလေးငယ် တစ်ဦးက ကျောက်သင်ပုန်းနှင့် ကျောက်တံလိုချင်၍ ငိုခြင်း၏ အဓိပ္ပာယ် မတူနိုင်ပါ။ ချမ်းသာသော မိသားစုတွင် ကွန်ပျူတာ တစ်လုံးထက်မက ပိုင်ဆိုင်နိုင် နေသော်လည်း ဆင်းရဲသော မိသားစုတွင်မူ ကျောက်သင်ပုန်းနှင့် ကျောက်တံပင် မပိုင်ဆိုင်၍ စာရေးစာဖတ် မပြုလုပ်နိုင်ခြင်း များလည်း ရှိနိုင်ပေလိမ့်မည်။

ဘဝကို တွေးတောခြင်းအသက်၂၃ နှစ်အရွယ် မိန်းကလေး တစ်ဦးဟာ တွေးတောနိုင်တဲ့ အတွေးအခေါ် ရှိတာက လွဲလို့ တစ်ခြားသူတွေနဲ့ ထူးမခြားနား ခဲ့ပါဘူး။ သူဟာ သာမန် မိသားစု၊ သာမန်မိဘ၊ သာမန် ရုပ်ရည်နဲ့ သာမန် တက္ကသိုလ် တစ်ခုမှာ ပညာသင်ကြား ခဲ့တယ်။

လွတ်လပ်တဲ့ တက္ကသိုလ်ကျောင်းသူ ဘဝက သူရဲ့အတွေးတွေကို လွတ်လွတ် လပ်လပ် တွေးခွင့်ပေးနိုင် ခဲ့တယ်။ သူရဲ့အတွေး ထဲမှာ၊ ဦးနှောက်ထဲမှာ အမြဲတမ်း ရာဇ၀င်ပုံပြင်တွေသာ စိုးမိုးနေခဲ့တယ်။ သူ့ပုံပြင်ထဲမှာ ဂါဝန်ရှည်ဝတ်ထားတဲ့ ချောမောလှပတဲ့ မိန်းကလေးတွေ၊ ကောင်းကင်ပြာတွေ၊ မြက်ခင်းစိမ်းတွေ နောက် မှော်ဆရာတွေ၊ စုန်းကဝေတွေနဲ့ ထူးခြားတဲ့ ဇာတ်လမ်းတွေ ပါတယ်။ သူစိတ်ကူးရတဲ့ ပုံပြင်ဇာတ်လမ်းတွေကို မပျင်းမရိ စာအုပ်ထဲမှာ အမြဲချရေးခဲ့တယ်။

တက္ကသိုလ် တက်နေတဲ့ အချိန်မှာ သူဟာ ကောင်လေးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခဲ့တယ်။ ကောင်လေးရဲ့အပြုအမူနဲ့ အပြောအဆိုတွေဟာ သူ့စိတ်ကူးပုံပြင်ထဲက ဇာတ်လိုက်အတိုင်းပဲ။ ကောင်လေးကို သူအရမ်းချစ်ခဲ့တယ်။ ဒါပေမဲ့ ကောင်လေးက မဖြစ်နိုင်တဲ့ အရာတွေနဲ့ စိတ်ကူးယဉ်နေတဲ့ သူ့ကို တဖြေးဖြေး စိတ်ပျက်လာခဲ့တယ်။ ကောင်လေးနဲ့ ချိန်းတွေ့တဲ့အချိန်မှာ သူဟာ အတွေးစိတ်ကူးထဲ ချက်ချင်းပေါ်လာ တတ်တဲ့ပုံပြင်တွေကို ကောင်လေးကို စိတ်ပါလက်ပါ ပြောပြတတ်တယ်။ ဒါပေမယ့် အဲဒီလို ရာဇ၀င်ပုံပြင်တွေကို ကောင်လေးက မခံစားတတ်ခဲ့ဘူး။

သူတို့လည်ပင်း ကြိုးကွင်းစွပ်မှာကိုးဗျလက်ရှိ အသက် ၈၇ နှစ်ရှိပြီ ဖြစ်သည့် ကိုသန်း(ကြည့်မြင်တိုင်)သည် ဗိုလ်ချုပ် အောင်ဆန်း သက်ရှိ ထင်ရှား ရှိစဉ် မြန်မာ့လွတ် လပ်ရေးကြိုးပမ်းမှုကာလအတွင်း လူငယ် တစ်ဦး အနေဖြင့် ပါဝင်ဆောင်ရွက် ခဲ့သူ ဖြစ်သည်။ ထိုအချိန်က ဝန်ကြီး ဦးဗဆွေ၏ လက်အောက်၌ ပါဝင်အမှုထမ်းခဲ့ကာ ဖဆပလခေတ်၊ တော် လှန်ရေး ကောင်စီခေတ်၊ မဆလ ခေတ်၊ နဝတ ခေတ် စသည်ဖြင့် ခေတ်အဆက်ဆက်ကို သိမီခဲ့သူလည်း ဖြစ်သည်။

ရွှေဥဒေါင်း၏ သွေးစုပ်မြေဆိုသော ဘာသာပြန်ဝတ္ထုစာအုပ်ကို တစိမ့်စိမ့်ဖတ်၍ ကိုယ့်နိုင်ငံ၏ ရေမြေ တောတောင်သဘာဝကို မြတ်နိုးလာစေခဲ့ပါသည်။ ဟိုရှေးယခင် ဘိုးဘွားလက်ထက်ကတည်းက ကျွန်တော် တို့ အမိမြန်မာနိုင်ငံသားများသည် အင်္ဂလိပ်အစိုးရ၏ ဖိနှိပ်ချုပ်ခြယ်မှုများကြောင့် ကျွန်ဘ၀ရောက်ကာ ထားလိုရာနေ စေလိုရာသွားခဲ့ရပါသည်။

<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>
Page 5 of 11
You are here:   HomeArticles