တစ်နေ့မှာ ချမ်းသာတဲ့မိသားစုက ဖခင်တစ်ဦးဟာ သားဖြစ်သူနဲ့အတူ ကျေးလက်ဒေသကို ထွက်ခွါသွားတယ်။ ဆင်းရဲတဲ့မိသားစုတွေ ဘယ်လိုနေထိုင်ရတယ်ဆိုတာ သားဖြစ်သူကို သိစေချင်လို့ပါ။ သူတို့သားအဖဟာ အလွန်ဆင်းရဲပုံရှိတဲ့ မိသားစုရဲ့လယ်ထဲမှာ နှစ်ရက်တာ ကုန်လွန်ခဲ့ကြတယ်။ အပြန်ခရီးမှာတော့ ဖခင်က သားဖြစ်သူကို မေးလာပါတယ်။
"သားရေ..ခရီးထွက်ရတာ ဘယ်လိုနေလဲ"

Wednesday, 10 July 2013 02:33

DNS ဆိုတာ

Written by

dnsDNS ဆိုတာ Domain Name System ကိုခေါ်ဆိုခြင်း ဖြစ်ပါတယ်။ ရှုပ်သွားမယ် ထင်ပါတယ်။ အလွယ်ကူဆုံး ရှင်းပြပါ့မယ်။ကွန်ပြူတာ မှတ်ဥာဏ်က ဂဏန်းသင်္ချာတွေကိုပဲ မှတ်သားထားတာပါ။ ထပ်ရှင်းရရင် 101 တို့လို Binary ကိုမှတ်သားပါတယ်။ ဒီတော့ ဝဘ်ဆိုဒ် တစ်ခုစီတိုင်းမှာ ဂဏန်းသင်္ချာ အက္ခရာတွေ ရှိလာရပါတယ်။ ဥပမာ 31.24.68.41။ အဲဒါမျိုး အတွဲလိုက်ပါ။ Browser မှာ ရိုက်မယ် ဆိုရင် https://31.24.68.12 အစရှိသဖြင့်ပေါ့။

ဆြာဒင်နှင့် ဥသြသံအရေးတော်ပုံ(၁) ယိုးဒယားပြည်၊ ဖူးခက်မြို့၏ ရပ်ရှစ်ခွင် တိုင်းကား မိုးလုံးပတ်လည်၊ အုံ့မှိုင်းပြာရီ ညိုမှောင် နေဆဲကို။ “၀ဿန် ကာလ၊ မိုးကျတည့်လျှင် ပျော်ပျော် ပါးပါးမယားနှင့် ဆွေငယ်လင်””ဟူ၍ ၀န်ကြီး ပဒေသရာဇာ ဖွဲ့ဆိုအပ်သော မိုးရာသီ သမယပေတည်း။ ရွှေပြည်တော် မျှော်လေ ဝေးလေသည့် တစ်ကျွန်း တစ်မြေနေ အထီးကျန်ဆြာဒင်ကား ငွေမြား တံမိုးပေါက်တို့ကို ငေးကြည့်ကာ ပူဆွေးဗျာ ထုလှိုင်လျက်ရှိ၏။ မိုးဖြိုင်ဖြိုင် ရွာသွန်းလေသည့် လဇူလိုင်ပေ တကား။

မှန်ကန်တဲ့ စိတ်နေစိတ်ထားသင့်အား ထိခိုက်နာကျင်စေသူကို ကျေးဇူးတင်ပါ။

သူ့ကြောင့် သင့်စိတ်ဓာတ် ပိုကြံ့ခိုင်ခဲ့လို့ပါပဲ။

သင့်အား ခလုတ်တိုက်လဲကျစေသူကို ကျေးဇူးတင်ပါ။

သူ့ကြောင့် သင့်ခြေနှစ်ဖက် ပိုသန်မာခဲ့လို့ပါပဲ။

သင့်အား လိမ်ညာခဲ့သူကို ကျေးဇူးတင်ပါ။

ရေးလို့ရတိုင်း၊ ပြောလို့ရတိုင်း၊ ကိုယ်ရေးတဲ့စာ၊ ကိုယ်ပြောတဲ့စကား၊ ဘယ်ရောက်လို့ရောက်မှန်းမသိ ရေးနေပြောနေကြတယ်။

“သမ္မတက တပ်မတော်အပေါ် မထိန်းချုပ်နိုင်ဘူးတဲ့”

“သမ္မတထက် ဦးစီးချုပ်က ပိုအာဏာရှိနေတယ်တဲ့”

ဘာရည်ရွယ်ချက်၊ ဘာအကြံအစည်နဲ့ ရေးနေပြောနေကြလဲမသိဘူးနော်။ အကြံအစည်တစ်ခုခု တော့ရှိ ရမယ်။ ခုလည်းလာပြန်ပြီ။ ယွက်စစ်ကြီးက နိုင်ငံတော်သမ္မတနဲ့ ကောင်းမိကောင်းရဲ့ လာဆွေးနွေး သွားပြီးမှ “သမ္မတဟာ တပ်မတော်ကို ထိန်းချုပ်ကိုင်တွယ်နိုင်တဲ့ အာဏာလေးနက်မှုမရှိကြောင်း” ဆိုပြီး RCSS/SSA အဖွဲ့က ထုတ်ပြန်ချက် များတောင် ထုတ်လိုက်သေးရဲ့။

မည်သူ့တွင် တာဝန်ရှိသနည်း မြန်မာ့ လူ့အဖွဲ့ အစည်းသည် သမိုင်းကြောင်း အဆက်ဆက် ကတည်းက ဗဟိုဦးစီး အုပ်ချုပ်မှု အောက် တွင်သာ နေဖူးသည်ဟု ဆိုနိုင်မည်လား မသိ။ ရေမြေ့သခင် ရှင်ဘုရင် ခေတ်ကလည်း ရှင်ဘုရင် ခေတ်မို့ ဗဟို ချုပ်ကိုင်မှု ဖြစ်သည်။ နောက် အင်္ဂလိပ်ခေတ် ရောက်တော့လည်း ကိုလိုနီခေတ်မို့ တိုင်းတစ်ပါး၏ အုပ်ချုပ်မှုအောက်တွင် နေခဲ့ရသည်။ ဂျပန်ခေတ် ရောက်တော့လည်း ဖက်ဆစ်မို့ ပိုဆိုးသည်။ လွတ်လပ်ရေးရပြီး ပါလီမန်ခေတ် ရောက်တော့လည်း ဆယ်စုနှစ် တစ်ခုသာ ရှိသည်။ နောက် ဆိုရှယ်လစ် ဗဟိုဦးစီး စနစ်ဖြင့် နှစ်ပေါင်းများစွာ စခန်းသွားရ ပြန်သည်။ ဆိုရှယ်လစ် ဗဟိုဦးစီးစနစ်ပြီးပြန်တော့ တပ်မတော်အစိုးရ၏ ဗဟိုဦးစီးစနစ်ဖြင့် နှစ်ပေါင်းနှစ်ဆယ် လောက် ပြန်သွားရပြန်သည်။

<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>
Page 6 of 11
You are here:   HomeArticles