ပြည်တွင်းကုန် သွယ်ရေးလုပ်ငန်းများတွင် ရင်ဆိုင် နေရသည့် မလိုလားအပ်သောကြန့် ကြာမှုများကို အာရှဖွံ့ဖြိုးရေးဘဏ် က International Trade Supply Chain Working Group ဖွဲ့စည်း ကာ ဖြေလျှော့နိုင်ရေး အကူအညီပေး သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာအဆင့်မီရေအောက်ငါးကမ္ဘာတည်ဆောက်ခြင်းနဲ့ပြသခြင်းဝန်ဆောင်မှုလုပ်ငန်းကို ရင်းနှီးမြှုပ်နှံဆောင်ရွက်ဖို့မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ရဲ့ (၁၄/၂၀၁၆)ကြိမ်မြောက်အစည်းအဝေးကနေ ခွင့်ပြုလိုက်ပါတယ်။

ဇူလိုင် နောက်ဆုံးပတ် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ရှစ်ဘီလျံကျော်ရှိပြီ ဖြစ်သော်လည်း ယခင် ဘဏ္ဍာနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ဒေါ်လာသန်း ၇၅၀ ကျော် လျော့ကျနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏ ကုန်သွယ်မှုဆိုင်ရာ စာရင်းများအရ သိရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ စက်မှုဇုန် အင်္ဂါရပ်နှင့် ညီသည့် ဇုန်အသစ်များ ဖော်ဆောင်ရေးနှင့် စက်မှုဇုန် လုပ်ငန်းများတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဦးစားပေး ဖိတ်ခေါ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက သြဂုတ် ၂ ရက်က ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

အစိုးရသစ် လက်ထက် မြန်မာ့ရင်းနှီးမြှုပ်နှံ မှု ကော်မရှင်ပြန် လည်ဖွဲ့စည်းပြီး နှစ်လ အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၃ ခုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကိုးခုကို လုပ် ကိုင်ခွင့်ပြုခဲ့ကြောင်း မြန် မာနိုင်ငံ ရင်း နှီးမြှုပ်နှံမှုကော်မရှင်၏ သတင်းထုတ် ပြန်ချက်အရ သိရသည်။

နိုင်ငံမှာ ငွေကြေးခ၀ါချမှု ကိစ္စရပ်တွေကို တိုက်ဖျက်သွားမယ့် ဌာနတစ်ခုကို စင်ကာပူ ဗဟိုဘဏ်က သြဂုတ်လ ၁ ရက်မှာ တရားဝင် ဖွင့်လှစ်လိုက်ပြီးတော့ နိုင်ငံထဲကို ဥပဒေနဲ့မညီတဲ့ ငွေစီးဆင်းမှုတွေကနေ ကာကွယ်တားဆီးသွားဖို့ အရှိန်မြင့်လုပ်ဆောင်လာနေပြီပဲဖြစ်ပါတယ်။

<< Start < Prev 7 8 9 10 11 12 13 14 15 16 Next > End >>
Page 12 of 29