ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဝင်ရောက်လာသော ခရီးသည်များထံမှ ခရီးသည်ဝန်စည်ပစ္စည်များ အ တွက် ယခုနှစ် ဇွန်လအတွင်းက အကောက်ခွန်ရရှိငွေ ကျပ်သိန်း ကိုးရာကျော်ရှိကြောင်း ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်အကောက်ခွန်ကြီးကြပ်ရေးဌာနထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက် ကြောင့် အထပ်အရေအတွက် လျှော့ချပြီး ဒီဇိုင်းပြန်လည်ပြင် ဆင်ရေးဆွဲရမည့် အထပ်မြင့် အဆောက်အအုံတစ်လုံးလျှင် ကန်ဒေါ်လာ ၁၀ သန်းနှင့် အထက်ဆုံးရှုံးနိုင်ကြောင်း စီမံကိန်းပြင်ဆင်ရမည့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြောသည်။

ပြည်တွင်းဈေးကွက် ကြီးမားလာခြင်းကြောင့် မော်တော်ယာဉ်သုံးအဆင့်မြင့် နည်းပညာ ၀န်ဆောင်မှုဈေးကွက် ကျယ်ပြန့်လာတယ်လို့ Bosch ရဲ့ သတင်းထုတ်ပြန်မှုမှာ ဖော်ပြထားပါတယ်။

လက်ရှိအစိုးရမှ နိုင်ငံပိုင်အဖြစ် လုပ်ကိုင်နေသည့် အစိုးရဌာနများသို့ ဓာတ်ဆီ နှင့် ဒီဇယ်ဆီ ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းကို ပြည်ပကုမ္ပဏီနှင့် ဖက်စပ်လုပ်ကိုင်ရန် နိုင်ငံတကာတင်ဒါ အနေဖြင့် ခေါ်ယူထားပြီး တင်ဒါတင်သွင်းသည့် ကုမ္ပဏီများအနက် ပြည်ပကုမ္ပဏီ သုံးခုအား ပဏာမရွေးချယ်ထားပြီး ယင်းကုမ္ပဏီသုံးခုအနက် တစ်ခုကို အပြီးသတ်ရွေးချယ်ရန် အမှတ်ပေးမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

ကမ္ဘာ့ လေကြောင်းလုပ်ငန်းထဲမှာ ယခုနှစ် ၂၀၁၆ ခုနှစ်က အင်တိုက်အားတိုက်နဲ့ အစကောင်းခဲ့သော်ငြားလည်း ယခုအခါမှာတော့လေကြောင်းခရီးသွားဈေးကွက်ထဲမှာ အကျဘက်ကို ပြန်လည်ဆိုက်ရောက်သွားနေတဲ့လက္ခဏာရပ်တွေ ပေါ်လာနေတယ်ဆိုပြီး နိုင်ငံတကာလေကြောင်းပို့ဆောင်ရေး အဖွဲ့ IATA က သတိပေးပြောကြားသွားပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ ဂျပန်နိုင်ငံမှစီးပွားရေးလုပ်ငန်းတွေဟာ ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာ ၆ ဆတိုးပွားလာတယ်လို့သိရပါတယ်။

<< Start < Prev 8 9 10 11 12 13 14 15 16 17 Next > End >>
Page 13 of 29