မြန်မာနိုင်ငံ၌ လက်ရှိအချိန်တွင် ဒေါ်လာဈေး မြင့်တက်နေမှုသည် တရားမ၀င် ငွေကြေးဈေးကွက် ကြီးထွားနေမှုနှင့် ဈေးကစားမှုများကြောင့် ဖြစ်ကြောင်း နိုဝင်ဘာ ၁၇ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ဘဏ်များအသင်း၌ GIZ Banking Report Launch Event အခမ်းအနားတွင် ဘဏ်လုပ်ငန်းဆိုင်ရာ ပညာရှင်များက သုံးသပ်ပြောကြားသည်။

နိုင်ငံတကာဘဏ်လုပ်ငန်းတွေ လာရောက်လုပ်ကိုင်နေသော်လည်းပြည်တွင်းဘဏ်လုပ်ငန်းကဏ္ဍမှာ ကြီးမားတဲ့ရိုက်ခကမှုတွေမရှိနိုင်ပါဘူးလို့ ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်အသိုင်းအ၀ိုင်းက ခန့်မှန်းပြောဆိုပါတယ်။
အစိုးရသစ်လက်ထက်တွင် အထူးစီးပွားရေးဇုန် သုံးခုအနက် နှစ်ခု၏ စီမံခန့်ခွဲမှုကော်မတီများကိုပြောင်းလဲခန့်အပ်လိုက်ကြောင်း သတင်းရရှိသည်။

ပြည်တွင်း၌ ဈေးနှုန်း လျှော့ချပြီး ရောင်းချနိုင်ရန် စက် သုံးဆီထုတ်လုပ်သည့် နိုင်ငံများမှ တိုက်ရိုက်ဝယ်ယူတင်သွင်းရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချသူများအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောသည်။

အစိုးရသစ်လက်ထက် ခုနစ်လတာအတွင်း ယခင်ဘဏ္ဍာနှစ်ထက် ပြည်ပပို့ကုန်တင်ပို့မှု တိုးလာသော်လည်း စက်မှုကုန်ချောနှင့် သတ္တုတွင်းထွက်ပစ္စည်းများတင်ပို့နိုင်မှုလျော့ကျခဲ့ကြောင်း  သတင်းရရှိသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ကမ်းရိုးတန်း ကုန်သွယ်ရေးသင်္ဘောလိုင်းတစ်ခု တည်ထောင်ရန် ယခုလအတွင်း နေပြည်တော်၌ ပြုလုပ်မည့် နှစ်နိုင်ငံ စီးပွားရေး အတွင်းဝန်အဆင့် ဆွေးနွေးပွဲတွင် တိုက်တွန်းသွားရန် စီစဉ်ထားသည်။
<< Start < Prev 2 3 4 5 6 7 8 9 10 11 Next > End >>
Page 7 of 29