Winter

Winter

အမေရိကန်တို့သည် ဗင်နီဇွဲလား ဒုသမ္မတသစ်အား နိုင်ငံတကာ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုတွင်ပါဝင်ပက်သက် ခဲ့သည်ဆိုသောစွပ်စွဲချက်ဖြင့် ၄င်းအားအရေးယူ ဒဏ်ခတ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်ပပို့ကုန်တင်ပို့မှုမှ နိုင်ငံခြားဝင်ငွေရရှိသော အချိန် ဖြစ်သောကြောင့် ပြင်ပဈေးကွက် တွင် အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းလာကြောင်း သတင်းရရှိ သည်။
မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် လေးနိုင်ငံအကြား စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင်များ အကောင်အထည် ဖော်ဆောင်ရွက်ရေး အလုပ်ရုံ ဆွေးနွေးပွဲအား ဖေဖော်ဝါရီ ၁၄ ရက်က နေပြည်တော်ရှိ Horizon Lake View ဟိုတယ်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာ့ကုန်သွယ်မှုကန်ဒေါ်လာ ၂၃ ဘီလီယံကျော်လွန်လာပြီး ပြီးခဲ့တဲ့ဘဏ္ဍာနှစ်ထက် အနည်းငယ်မြင့်တက်လျှက်ရှိတယ်လို့စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရသိရတာပါ။

ထိုင်း စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ အိမ်နီးချင်း မြန်မာနဲ့အကြား အဓိကနယ်ပယ်ငါးရပ်ဖြစ်တဲ့ စိုက်ပျိုးရေး၊ နယ်စပ်ကုန်သွယ်မှု၊ စွမ်းအင်၊ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုနဲ့ ခရီးသွားလုပ်ငန်း တို့မှာတိုးမြင့်ပူးပေါင်းဖို့ ပြင်ဆင်နေပြီ ဖြစ်တယ်လို့ သတင်းတစ်ရပ်မှာဖော်ပြထားပါတယ်။
အနာဂတ်နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများတွင် ပြည်သူလူထုအနေဖြင့် မိမိတို့၏ ဖက်ဒရယ်ဆိုင်ရာ ရပိုင်ခွင့်များကို တရားသော၊ မျှတသော၊ တန်းတူညီမျှသော စိတ်ဓာတ်နည်းလမ်းဖြင့် ရယူတည်ဆောက်သွားကြရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ဖေဖော်ဝါရီ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
၂၀၃၀ ပြည့်နှစ်တွင်မြန်မာ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား အပြည့်အ၀အသုံးပြုနိုင်ရေး တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ နှစ်ဘီလီယံ ရင်းနှီးမြှုပ်နှံရန်လိုအပ်သည်ဟု ကမ္ဘာ့ဘဏ် စွမ်းအင်ဆိုင်ရာ ကျွမ်းကျင်သူ ဦးမျိုးမြင့်က ပြောသည်။
ရွှေထည်လက်ဝတ်ရတ နာများ ရောင်းချရာတွင် ၀ယ်ယူ သူထံမှ အစိုးရက ကုန်သွယ်လုပ် ငန်းခွန် ၃ ရာခိုင်နှုန်း ကောက်ခံ မည်ဆိုပါက အရောင်းအ၀ယ် လျော့နည်းနိုင်သည်ဟု မြန်မာ နိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဦးကျော်ဝင်းက ပြောသည်။
၁၃၅၄-၁၃၆၂ ကျပ် ၀န်းကျင်၌ ရက်ပေါင်း ၂၀ ခန့် ငြိမ်သက်နေသော နိုင်ငံခြား ငွေလဲနှုန်းသည် ဖေဖော်ဝါရီ ၈ ရက်တွင် ၁၃၆၉ ကျပ်အထိ ခုန်တက်လာကြောင်း ဈေးကွက်အတွင်း နိုင်ငံခြားငွေရောင်းဝယ်သူများ ထံမှ သိရသည်။
ကန်တော်ကြီး ငါးပြတိုက်ဟောင်းနေရာတွင် တည်ဆောက်မည့် မိုးပျံပူဖောင်းဖြင့် ရန်ကုန်မြို့ရှုခင်းကြည့် စီမံကိန်းအား Myanmar Voyages International Tourism ကုမ္ပဏီက လုပ်ကိုင်ခွင့်ရရှိခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ ဌာနမှူး ဦးကိုကိုလင်းက ပြောကြားသည်။
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>
Page 2 of 173