Winter

Winter

ထူးဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံသွားနှင့် ခံတွင်းဆေးကောင်စီနှင့်ပူးပေါင်း၍ နယ်လှည့်ဆေး ကုသရေး အစီအစဉ်အဖြစ် ဘိုကလေးမြို့ ၊ချိုကြည် သာသနာ့ဗိမ္မာန်တွင် သွားနှင့် ခံတွင်း လူနာများကို (၃)ရက်ကြာ ကုသမှုပေးခဲ့ရာ စုစုပေါင်း လူနာ(၁၈၂၂)ဦး ကို အောင်မြင်စွာကုသပေးနိုင်ခဲ့သည်။
“ကျနော်တို့က အသက်ကြီးပါပြီ။

ထူးဖောင်ဒေးရှင်းသည် (Macroglossia) ဟုခေါ်သော လျှာအလွန်အမင်းကြီးမားသည့် ရောဂါဝေဒနာကို ခံစားနေခဲ့ရသည့် မြမဉ္ဇသင်းအား ပြီးခဲ့သော အောက်တိုဘာ (၁)ရက်နေ့က ခွဲစိတ်ကုသမှုခံယူနိုင်ရန် စီစဉ်ပေးခဲ့ပြီး ခွဲစိတ်မှုမှာ ပထမအဆင့်အနေဖြင့် အောင်မြင်စွာပြီးဆုံးခဲ့သည်။
မမြမဉ္ဇူသင်းသည် တနင်္လာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ပါဝင်သော ကျောက်နီမှော်ရွာ၊ ရှင်မျှော်လမ်းတွင် မိဘများနှင့်အတူနေထိုင်သူဖြစ်သည်။ ယခုအခါတွင် အသက်(၁၁)နှစ်ရှိပြီဖြစ်သော မမြမဉ္ဇူသင်းသည် တတိယတန်းတွင် ပညာသင်ကြားလျှက်ရှိပါသည်။ သူမ၏ အဆိုပါ Macroglossia ရောဂါသည် မွေးရာပါဖြစ်ပြီး မိဘဖြစ်သူတို့မှာ မိရိုးဖလာ ရေလုပ်ငန်း လုပ်ကိုင်သောသူများ ဖြစ်ကြသည်။

မမြမဉ္ဇူသင်းတွင် မွေးချင်းညီအစ်ကို မောင်နှမ (၆) ဦးရှိကြောင်းသိရှိရပါသည်။ ကံဆိုးစွာဖြင့် မွေးရာပါ Macroglossia ရောဂါကို ခံစားနေရသည့် သမီးငယ်ကို ဆေးကုသ ပေးလိုသော်လည်း ငွေကြေးအခက်အခဲကြောင့် များစွာစိတ်သောက ဖြစ်ခဲ့ရကြောင်း မမြသင်း၏ မိခင်ဖြစ်သူ ဒေါ်ခင်သန်းဦးမှ ဆိုသည်။
“ကျွန်မလည်း ကုမပေးနိုင်တော့ စိတ်မကောင်းဖြစ်ရပါတယ်၊ တဆင့်စကားနဲ့ ကျွန်မတို့လို အခက်အခဲဖြစ်နေသူတွေကို ထူးဖောင်ဒေးရှင်းက ကူညီတယ်လို့ သိခဲ့ရတာပါ။ အခုတော့ သမီးလေးကို ဆေးကုပေးလို့ ပြောမပြတတ်အောင် ၀မ်းသာရပါတယ်” ဟု ဒေါ်ခင်သန်းဦးက ပြောကြားခဲ့သည်။
ထို့အပြင် ခွဲစိတ်ကုသမှု၏ ပထမအဆင့် အောင်မြင်စွာပြီး ဆုံးခဲ့သောကြောင့် ဝေဒနာခံစားရမှု သိသိသာသာလျော့ပါးသွားသော မမြမဉ္ဇူသင်းကလည်း “သမီး ဦးတေဇကို မြင်ဖူးချင်ပါတယ်၊ သမီး သူ့ကို ကန်တော့ပြီးမှ ပြန်ချင်ပါတယ်” ဟု ထူးဖောင်ဒေးရှင်းမှ တာဝန်ရှိသူများကို ပြောခဲ့သည်။
အဆိုပါ ဝေဒနာခံစားနေရသည့် မမြမဉ္ဇူသင်းကို ထူးဖောင်ဒေးရှင်းက နယ်လှည့်ဆေးကုသရင်း တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ခွဲစိတ်ကုသနိုင်ရန်အတွက် ရန်ကုန်သို့ ခေါ်ယူခဲ့ခြင်း ဖြစ်ပါသည်။ မမြမဉ္ဇူသင်းသည် မိခင်နှင့်အတူ ပြီးခဲ့သော စက်တင်ဘာလ ၂၇ ရက်နေ့တွင် ထူးဖောင်ဒေးရှင်းမှ စီစဉ်ပေးသည့် လေယာဉ်ခရီးစဉ်ဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

Htoo Foundation

ခါ ကာဘိုရာဇီတောင်တက်သမားနှစ် ဦးကိုရှာဖွေကယ်ဆယ်ရေးဆောင် ရွက်နေစဉ် မတော်တဆမှုဖြစ်ပေါ် ခဲ့သောထိုင်း B4 ရဟတ်ယာဉ်နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီးစစ်ဆေးနေပြီဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မူးယစ်ဆေးများအနက် စိတ်ကြွဆေးပြားနှင့် ဆေးခြောက်စသည့် မူးယစ်ဆေးဝါးများ အများဆုံး ပျံ့နှံ့လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု စာရင်းဇယားများအရ အောက်တိုဘာ ၁၁ ရက်တွင် စုံစမ်းသိရှိရသည်။

ယင်းသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်း စိတ်ကြွဆေးပြားနှင့် ဆေးခြောက်စသည့် မူးယစ်ဆေးဝါးများ အများဆုံး ပျံ့နှံ့နေမှုကြောင့်

ပူတာအို နောင်မွန်းရွာအ နီးတွင် မတော်တဆဖြစ်ခဲ့သော ထိုင်းနိုင်ငံမှ B4ရဟတ်ယာဉ်ဖြစ် စဉ်ကို ထိုင်းနိုင်ငံနှင့် ပူးပေါင်းစုံ စမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိ သည်။

‘‘ရဟတ်ယာဉ်က ထိုင်းလေ ကြောင်းဦးစီးမှာ မှတ်ပုံတင်ထား တဲ့ရဟတ်ယာဉ်။

ရှမ်းပြည်နယ်၊ ကျေးသီးမြို့နယ် တာဖာဆောင်ဒေသမှ နှစ်ဖက်တပ်များဆုတ်ခွာရန် နိုင်ငံတော်သမ္မတက ညွှန်ကြားထား၍ တပ်မတော်ဘက်မှ ဆုတ်ခွာခြင်းကို အချိန်မဆွဲသင့်ဟု အောက်တိုဘာ ၁ဝ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် တာဖာဆောင် အရေးအခင်းနှင့် ပတ်သက်သော ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်မတော်နှင့် SSPP/SSA တို့အကြား အောက်တိုဘာ ၂ ရက်မှ ၄ ရက်နေ့အထိ တိုက်ပွဲများ

ထူးကုမ္ပဏီမှ ရဟတ်ယာဉ်မှူး ဦးအောင်မြတ်တိုးသည် ပျောက်ဆုံးတောင်တက်သမား(၂)ဦးကို လူသားချင်းစာနာမှုဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများတွင် အားကျိုးမာန်တက် ပါဝင် ဆောင်ရွက်ခဲ့ပါသည်။ စက်တင်ဘာလ (၂၇)ရက်နေ့တွင် ၎င်းလိုက်ပါမောင်းနှင်သည့် B4 ရဟတ်ယာဉ်သည် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရင်း မတော်တဆမှု တစ်ခုကြုံခဲ့ရပါသည်။

ထို မတော်တဆမှုတွင် ၎င်းနှင့်အတူ ထိုင်းရဟတ်ယာဉ်မှူး၊ ဦးတေဇ၏

 

ထူးဖောင်ဒေးရှင်းမှ Base Camp သို့ ပျံသန်းခဲ့သည့် အနက်ရောင် B3 ရဟတ်ယာဉ်သည် ယနေ့တွင် အမြင့်ပေ ၁၉,၀၀၀ ကျော်ကို ပျံသန်း၍ Hover လုပ်ပြီး ရှာဖွေမှုများ တောက်လျှောက် လုပ်ဆောင်နေပါသည်။

B3 ရဟတ်ယာဉ် အမြင့်ပေ ၁၉,၀၀၀ ကျော်ကို တက်ပြီး ပျောက်ဆုံး တောင်တက်သမား နှစ်ဦးကို ရှာဖွေသည့် အချိန်တွင် တိမ်ထူ၊ မြူများအုံ့ဆိုင်းပြီး ရာသီဥတု ဆိုးရွားလျက် ရှိကြောင်း သိရသည်။ B3 ရဟတ်ယာဉ်ကို Neapl pilot Capt Sid, နှင့် ထူးကုမ္ပဏီမှ Capt မြတ်ထွန်းလွင် တို့ မောင်းနှင်ခဲ့ကြောင်း သိရသည်။

ခါကာဘိုရာဇီတောင်တွင် နှင်းထုမှာ ၃ ပေခန့်ရှိပြီး အချို့ နေရာများတွင် ခါးမြုပ်ကြောင်း၊ နှင်းထု ထူထပ်နေသည့်အတွက် လမ်းလျှောက်ရသည်မှာ အလွန်ခက်ခဲပြီး အန္တရာယ်များကြောင်း ပျောက်ဆုံးတောင်တက်သမား နှစ်ဦးကို ရှာဖွေနေသည့် ကယ်ဆယ်ရေးအဖွဲ့မှ ဦးနမားဂျွန်ဆင်၏ ပြောကြားချက်အရ သိရသည်။

ထူးဖောင်ဒေးရှင်းသည် ခါကာဘိုရာဇီတောင်တက်ရင်း ပျောက်ဆုံးနေသည့် တောင်တက်သမား နှစ်ဦးကို ရှာဖွေရင်း တစ်ဖက်မှလည်း အဆက်အသွယ် ပြတ်တောက်နေသည့် ထိုင်းနိုင်ငံမှ B4 ရဟတ်ယာဉ်နှင့် အဆက်အသွယ် ရရှိရေး အချိန်နှင့်တပြေးညီ ကြိုးစား ဆောင်ရွက်လျက် ရှိပါသည်။

Htoo foundation

 

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၏ အစုရှယ်ယာများအား ဝယ်ယူမြှုပ်နှံမည့် ဦးအေးနေဝင်းတို့၏ ဒေါ်လာများ ငွေဖြူ ဟုတ် မဟုတ်ဆိုသည့် စုံစမ်းမှုများအပြင် မူးယစ်ဆေးဝါးမှုနှင့် အခြားအမှုပေါင်း ငါးမှုအား ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့မှ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ဝင်းသိန်းက ဩဂုတ် ၂၁ ရက် တွင် မြန်မာနိုင်ငံဘဏ်များအသင်းရုံး၌ ပြုလုပ်ခဲ့သည့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေဆွေးနွေးပွဲ အစီအစဉ်တွင် ပြောကြားသည်။

<< Start < Prev 164 165 166 167 168 169 170 171 172 173 Next > End >>
Page 173 of 173