Winter

Winter

ကပ္ပလီပင်လယ် ကမ်းရိုးတန်းဒေသတစ်လျှောက်က ထိုင်းနိုင်ငံဘက်ကဒေသတွေနဲ့ မြန်မာတို့အကြား ပင်လယ်ရေကြောင်း ခရီးသွားလုပ်ငန်းပိုင်း ဖွံ့ဖြိုးတိုးတက်လာနိုင်ဖို့အတွက် တိုးချဲ့လုပ်ဆောင်သွားကြဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ နှစ်နိုင်ငံစလုံးဆီကို ခရီးသွားတွေကို ပိုမိုဖိတ်ခေါ်နိုင်ဖို့အရေး ယခုလို ဒေသတွင်း ကြိုးပမ်းအားထုတ်မှုတွေလုပ်ဆောင်နေတာလို့လည်း သိရပါတယ်။
ရန်ကုန်စတော့အိတ်ချိန်း၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၉၇ သန်းအထိ ရှိနေပြီး Trading Value တွင် ဒေါ်လာ ၃၄၁၉ သန်းအထိ ရှိနေကာ အဆိုပါတန်ဖိုးမှာ ဒေသတွင်း နိုင်ငံများဖြစ်သည့် ဗီယက်နမ်နိုင်ငံနှင့် လာအို နိုင်ငံတို့တွင် စတော့အိတ်ချိန်းများ စတင်ချိန်မှ တစ်နှစ်အတွင်း ကျော်ဖြတ်ခဲ့သည့် ကာလတူ ပမာဏထက် များစွာသာလွန်နေသည်ဟု မြန်မာနိုင်ငံငွေချေး သက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်ဥက္ကဋ္ဌနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ဇန်န၀ါရီ ၂၀ ရက်တွင် ပြောကြားသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်လက်ထက်တွင် ဖြစ်ပေါ်လာနိုင်သည့် လှုပ်လှုပ်ရှားရှား ကာလများအတွက် မိမိနိုင်ငံ ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း ဂျာမနီနိုင်ငံ ခြားရေးဝန်ကြီး ဖရန့်ဝေါ်လ်တာစတိန်မေယာက ပြောကြားလိုက်သည်။
ဆီးရီးယားတွင် ရုရှားလေတပ်နှင့် အမေရိကန် လေတပ်တို့ ပူးပေါင်း၍ စစ်ဆင်ရေး ဆင်နွှဲခဲ့ကြောင်း သတင်းကို အမေရိကန် စစ်ဘက်က ငြင်းပယ်ခဲ့သည်။
ရန်ကုန်စတော့အိတ် ချိန်းကို စိတ်ဝင်စားမှုကျဆင်းနေ သည်ဆိုသော်လည်း လက်ရှိအ နေအထားသည် အာဆီယံနိုင်ငံ အချို့ စတော့အိတ်ချိန်း စတင်ချိန် နှင့်နှိုင်းယှဉ်ပါက ပုံမှန်လည်ပတ် နေသည်ဟု ဘဏ္ဍာရေးဒုဝန်ကြီး ဦးမောင်မောင်ဝင်းကပြောသည်။
ကမ္ဘာ့နိုင်ငံတွေအနေနဲ့ အနာဂတ်ဒေသမှာ ကြုံတွေ့လာရမယ့်ဝယ်လိုအားကို လိုက်မှီနိုင်ဖို့ လာမယ့် ၂၅ နှစ်တာကာလတစ်လျှောက်ရေနံထုတ်လုပ်မှု လုပ်ငန်းထဲမှာ ဒေါ်လာ ၂၅ ထရီလီယံထိရင်းနှီးမြှုပ်နှံဖို့ လိုအပ်နေတယ်လို့ Davos မြို့မှာ ပြုလုပ်ခဲ့တဲ့ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ပြောဆိုသွားခဲ့ကြပါတယ်။
မကြာခင်ထွက်ပေါ်လာမဲ့ ဥပဒေအသစ်တွေနဲ့ ရင်းနှီမြုပ်နှံမှုဆိုင်ရာနည်းဥပဒေတွေကြောင့် ရန်ကုန်အိမ်ခြံမြေ ဈေးကွက် ကောင်းလာနိုင်တယ်လို့ စိုင်းခွန်နောင်အိမ်ခြံမြေလုပ်ငန်းရှင် ဦးစိန်းခွန်နောင်ကပြောပါတယ်။
လာမယ့် နှစ်အနည်းငယ်အတွင်းမှာ ဒေသတွင်း အပျော်စီးသင်္ဘောကြီးတွေနဲ့လည်ပတ်သွားလာမယ့် ခရီးသွားလုပ်ငန်းယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်ရေးအတွက် အာဆီယံခရီးသွားဝန်ကြီးတွေအကြား မဟာဗျူဟာအစီအမံတွေ ချမှတ်ခဲ့ကြတယ်လို့ သိရပါတယ်။အလားတူ ယင်း အပျော်စီးသင်္ဘောခရီးသွားလုပ်ငန်းတိုးတက်ရးဆိုင်ရာ ပူးတွဲကြေညာချက်ကိုတော့ ထုတ်ဖော်ဖို့ သဘောတူညီခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၇ ရက်မှာတော့ အမေရိကန်ဒေါ်လာဈေးနှုန်းပိုင်းမှာအနည်းငယ်ကျဆင်းမှု ရှိခဲ့ပြီး ရေနံဈေးနှုန်းပိုင်းမှာတော့ အပြောင်းအလဲ မရှိသလောက် တွေ့ခဲ့ရတယ်လို့ သိရပါတယ်။
ပြင်ပငွေလဲနှုန်း၌ အမေရိကန်ဒေါ်လာဈေးသည် ဇန်န၀ါရီ ၁၈ ရက်တွင် ၁၃ ကျပ်ခန့်မြင့်တက် လာခြင်းကြောင့် ပြည်တွင်းအ ခေါက်ရွှေဈေးနှုန်းသည် တစ်ရက်အတွင်း ကျပ် ၁၀,၀၀၀ ခန့် မြင့်တက်ခဲ့ကြောင်း သတင်းရရှိသည်။
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>
Page 6 of 173