မြန်မာနိုင်ငံ၏ အိမ်ခြံ မြေကဏ္ဍတွင် စင်ကာပူနိုင်ငံက အများဆုံးဝင်ရောက်ရင်းနှီးမြှုပ်နှံ နေကြောင်း House.com.mmက သတင်းထုတ်ပြန်သည်။
ပြည်ပပို့ကုန်တင်ပို့မှုမှ နိုင်ငံခြားဝင်ငွေရရှိသော အချိန် ဖြစ်သောကြောင့် ပြင်ပဈေးကွက် တွင် အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းလာကြောင်း သတင်းရရှိ သည်။
ထိုင်း စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ အိမ်နီးချင်း မြန်မာနဲ့အကြား အဓိကနယ်ပယ်ငါးရပ်ဖြစ်တဲ့ စိုက်ပျိုးရေး၊ နယ်စပ်ကုန်သွယ်မှု၊ စွမ်းအင်၊ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုနဲ့ ခရီးသွားလုပ်ငန်း တို့မှာတိုးမြင့်ပူးပေါင်းဖို့ ပြင်ဆင်နေပြီ ဖြစ်တယ်လို့ သတင်းတစ်ရပ်မှာဖော်ပြထားပါတယ်။
၂၀၃၀ ပြည့်နှစ်တွင်မြန်မာ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား အပြည့်အ၀အသုံးပြုနိုင်ရေး တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ နှစ်ဘီလီယံ ရင်းနှီးမြှုပ်နှံရန်လိုအပ်သည်ဟု ကမ္ဘာ့ဘဏ် စွမ်းအင်ဆိုင်ရာ ကျွမ်းကျင်သူ ဦးမျိုးမြင့်က ပြောသည်။
၁၃၅၄-၁၃၆၂ ကျပ် ၀န်းကျင်၌ ရက်ပေါင်း ၂၀ ခန့် ငြိမ်သက်နေသော နိုင်ငံခြား ငွေလဲနှုန်းသည် ဖေဖော်ဝါရီ ၈ ရက်တွင် ၁၃၆၉ ကျပ်အထိ ခုန်တက်လာကြောင်း ဈေးကွက်အတွင်း နိုင်ငံခြားငွေရောင်းဝယ်သူများ ထံမှ သိရသည်။
မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏ ဒေါ်လာ ၂၂ ဘီလျံကျော်ရှိလာပြီး သွင်းကုန်တန်ဖိုး လျော့ကျခဲ့သော်လည်း ပို့ကုန်တန်ဖိုးများခဲ့သဖြင့် ယခင်ဘဏ္ဍာနှစ် ကာလတူ ကုန်သွယ်မှုပမာဏထက် မြင့်တက်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏ ကုန်သွယ်မှုဆိုင်ရာ အချက်အလက်များအရ သိရသည်။
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>
Page 1 of 23