Friday, 21 October 2016 04:58

ပို့ကုန်ပြန်လည်တင်ပို့မည့် ရင်းနှီးမြှုပ်နှံမှုမျိုး ဖိတ်ခေါ်ပြီး လျှပ်စစ်ဓာတ်အား အပြည့်အ၀ရရှိအောင် ဆောင်ရွက်ပေးရန်လို

Written by 
Rate this item
(0 votes)

ပြည်တွင်း၌ ကုန်ပစ္စည်း ထုတ်လုပ်ပြီး ပြည်ပသို့ ပြန်လည် တင်ပို့မည့် နိုင်ငံခြားလုပ်ငန်းရှင် များ ဖိတ်ခေါ်မည်ဆိုပါက လျှပ် စစ်ဓာတ်အားအပြည့်အ၀ ရရှိ အောင် ဆောင်ရွက်ရန်လိုအပ် သည်ဟု မြန်မာ-ဂျပန်ဖွံ့ဖြိုးရေး ကုမ္ပဏီလီမိတက်မှ အမှုဆောင် အရာရှိချုပ် မစ္စတာ တာကာရှီ (Takashi) ကပြောသည်။

သီလ၀ါအထူးစီးပွားရေးဇုန် တွင် လာရောက်ရင်းနှီးမြှုပ်နှံမည့် နိုင်ငံတကာစီးပွားရေး လုပ်ငန်း ရှင်များသည် အခြေခံအဆောက် အအုံ၊ လျှပ်စစ်ဓာတ်အားနှင့် ပတ်သက်သော မေးခွန်းများကို အများဆုံးမေးကြကြောင်းမစ္စတာ တာကာရှီကပြောသည်။

 
‘‘ပြီးခဲ့တဲ့လထဲမှာတင် လိုင်း ပြင်ဖို့အတွက် မဟုတ်ဘဲ ရုတ်တ ရက်မီးပြတ်တာ သုံးကြိမ်ရှိတယ်။ ဗီယက်နမ်က စက်မှုဇုန်တွေမှာဆို ရင် တစ်နှစ်ကို တစ်ကြိမ်နှစ်ကြိမ် ပဲ မီးပြတ်တယ်’’ဟု မစ္စတာ တာ ကာရှီကဆိုသည်။
 
မြန်မာနိုင်ငံ၏ အနာဂတ် စီး ပွားရေးဖွံ့ဖြိုးမှုအတွက် ပို့ကုန်ပြန် လည်တင်ပို့မည့် ရင်းနှီးမြှုပ်နှံမှု မျိုးကို ဖိတ်ခေါ်ရန် လိုအပ်သည် ဟုဆိုသည်။
 
အသစ်ပြဋ္ဌာန်းမည့် မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေတွင် လည်း ပို့ကုန်ပြန်လည်တင်ပို့မှုကို အားပေးသည့် အခြေအနေမျိုး များပါဝင်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အထွေ ထွေအတွင်းရေးမှူးဦးအောင်နိုင် ဦးကပြောသည်။
 
ပြည်ပသို့ပို့ကုန်ပြန်လည် တင်ပို့မည့် လုပ်ငန်းရှင်များနှင့် ပတ်သက်၍ ပြည်ပမှကုန်ကြမ်း ပစ္စည်းများ တင်သွင်းခြင်းကို လည်း အခွန်သက်သာခွင့်များကို ဥပဒေထဲတွင် ဖော်ပြထားသည်ဟု ဆိုသည်။ နိုင်ငံတကာမှရင်းနှီးမြှုပ်နှံမည့် စီးပွားရေးလုပ်ငန်းရှင်များ နိုင်ငံတစ်နိုင်ငံတွင် မြှုပ်နှံမည်ဆို ပါက အလားတူအခွင့်အရေးမျိုး ရှိသည့် အခြားသောနိုင်ငံများမှ ရရှိမည့် အခွင့်အရေးများနှင့် နှိုင်း ယှဉ်စစ်ဆေးပြီးမှ လုပ်ငန်းများ လုပ်ကိုင်လေ့ရှိကြောင်း မစ္စတာ တာကာရှီကပြောသည်။ မြန်မာ နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည့် လုပ် ငန်းရှင်တစ်ဦးသည် ဗီယက်နမ်၊ ထိုင်း စသောနိုင်ငံများ၏ အခြေ အနေနှင့်နှိုင်းယှဉ်ပြီးမှ ရင်းနှီးမြှုပ် နှံမှုလုပ်ငန်းများ လုပ်ကိုင်ကြောင်း သိရသည်။
 

Credit To >>> 7 Day Daily

Read 275 times