အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုတခုဖြစ်တဲ့ the National Emergencies Act အမေရိကန်အမျိုးသားအရေးပေါ် အက်ဥပဒေ ကို ပြင်ဆင်ဖြည့်စွက်မှုတွေနဲ့ အတူ သမ္မတ အိုဘားမားက နောက်ထပ်တနှစ် သက်တမ်းတိုးလိုက်ပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ ဗဟိုစီးပွားရေး ဇုန်တွင် ရှိသည့် မင်္ဂလာ မူဆယ် လမ်းလျှောက်ဈေး ဆိုင်ခန်း တခန်းသည် ကျပ် သိန်း တသောင်း အထိ ပေါက်ဈေး ရှိသည် ဟု စုံစမ်းသိရှိရသည်။

မင်္ဂလာ မူဆယ် လမ်းလျှောက်ဈေးသည် မူဆယ်မြို့ ကမ်းနားလမ်းနှင့် ချစ်ကြည်ရေး လမ်းထောင့် မူဆယ် ဗဟိုစီပွားရေးဇုန် တွင် တည်ရှိပြီး ထိုစီးပွားရေးဇုန်ကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဒေသန္တရ ဖွံ့ဖြိုးရေး စီမံကိန်း ကော်မတီ နှင့် နယူး စတားလိုက် ဆောက် လုပ်ရေး ကုမ္ပဏီ လီမိတက်တို့ အကျိုးတူ ပူးပေါင်း လုပ်ကိုင်သည့် စီမံကိန်းဖြစ်သည်။

နိုဝင်ဘာလ တတိယပတ်တွင်းမှ စ၍ ပခုက္ကူ ဆန်ဈေးကွက်အတွင်း မြန်မာနိုင်ငံ အောက်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသထွက် မိုးဆန်အသစ်များ ၀င်ရောက်လာခဲ့ပြီး ယခင်နှစ် ပေါ်စဈေးထက် တစ်အိတ်လျှင် ကျပ် ၅၀၀၀ ထိ ဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း ဒေသခံ ဆန်ကုန်သည်များက ပြောကြားသည်။

ပြည်ပမှ မော်တော်ယာဉ် တင်သွင်းမှု အပါအ၀င် ဒေါ်လာ ကိုးဘီလျံကျော် တန်ဖိုးရှိ သွင်းကုန်ပစ္စည်းများ တင်သွင်းခဲ့ပြီး ယခင်ဘဏ္ဍာနှစ် ကာလတူထက် ဒေါ်လာ သန်း ၂၅၀ ကျော် လျော့နည်း တင်သွင်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

ဒီမိုကရက်တစ်အစိုးရ သစ်အတွက် အရေးကြီးသည့်စိန် ခေါ်မှုသည် စီးပွားရေးနှင့် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ၌ စစ်တပ်၏ လက်ဝါးကြီးအုပ်မှုကို ဖယ်ထုတ် ရန်ဖြစ်ကြောင်း မြန်မာနိုင်ငံ ပွင့် လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက် မဟာမိတ်အဖွဲ့(MATA)က သ တင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ် ကျောက် ဖြူအထူးစီးပွားရေး ရင်းနှီးတည်ထောင်သူ (Developer)အဖြစ်လုပ်ပိုင်ခွင့်ရမည့် ကုမ္ပဏီစာရင်းကို လက်ရှိအစိုးရသက်တမ်းတွင် အပြီးသတ် ရွေးချယ်မည်ဖြစ်ကြောင်း စိစစ်ရွေးချယ်ရေးအဖွဲ့ ကပြောသည်။

‘‘နောက်ဆုံးအဆင့်တော့ ရောက်နေပြီ။အတိအကျတော့ ပြောလို့မရသေးဘူး။ ဒီအစိုးရ သက်တမ်းအတွင်းမှာတော့ ရွေးချယ်သွားမှာပါ။ သူ့ဟာနဲ့သူ အကောင်းဆုံးဖြစ်အောင်လုပ်နေ ပါတယ်’’ဟု စိစစ်ရွေးချယ်ရေး အဖွဲ့ အတွင်းရေးမှူးဦးအောင် ကျော်သန်းကပြောသည်။

၂၀၁၄ ဇူလိုင်အတွင်းက ကျောက်ဖြူအထူးစီးပွားရေးဇုန် တွင် ရင်းနှီးတည်ထောင်သူ အဖြစ်လုပ်ကိုင်လိုသူများ၏ ကုမ္ပဏီ စာ ရင်းကို ယခုအစိုးရလက်ထက်၌ အပြီးသတ်ရွေးချယ်ထုတ်ပြန်မည်ဟု စိစစ်ရွေး ချယ်ရေးအဖွဲ့ကပြောသည်။

အဆိုပါစီမံကိန်းကို ၂၀၁၅ မတ်လတွင် စတင်မည်ဟု အစိုးရက ထုတ်ပြန်ကြေညာခဲ့သော်လည်းရင်းနှီးတည်ထောင်သူ ရွေးချယ်ရန် စိစစ်ရွေးချယ်ရာ၌ ကြန့်ကြာနေသဖြင့် အစိုးရပြောဆိုထား သည့်အချိန်အတိုင်း မစတင်ဖြစ် ခဲ့ပေ။

ကျောက်ဖြူအထူးစီးပွားရေး ဇုန်တင်ဒါစိစစ်ရွေးချယ်ရေးကော် မတီက ၂၀၁၄ နှစ်ကုန်တွင် ထုတ်ပြန်မည်ဟု ရည်ရွယ်ထားသော် လည်း ထိုနှစ်ပြန်လည်ကျင်းပဖြစ် သည့် ဗိုလ်ရှုသဘင်အခမ်းအနား နှင့်တိုက်ဆိုင်နေသောကြောင့် ၂၀၁၅ ဇန်နဝါရီသို့ ရွှေ့ဆိုင်းမည်ဟုဆိုသည်။

<< Start < Prev 9 10 11 12 13 14 15 16 17 18 Next > End >>
Page 14 of 23