အာဆီယံဒေသတွင်း လွတ်လပ်စွာကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်တွေအရ အခွန်လျှော့ပေါ့ရေး ဆိုင်ရာတွေကို နိုင်ငံရဲ့ လိုက်ပါဆောင်ရွက်နိုင်စွမ်းပေါ်မူတည်ပြီး ချမှတ်သွားမှာဖြစ်တယ်လို့ ကုန်သွယ်ရေးညွှန်ကြားမှူ ဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်က ပြောပါတယ်။ ဒီအကြောင်းနဲ့အတူ နယ်စပ်ကုန်သွယ်ရေး၊ ဥရောပသမဂ္ဂ EU နဲ့ ကုန်သွယ်ရေးနဲ့ အထူးခံစားခွင့်ရ နိုင်ငံအဖြစ် ပြန်လည် သတ်မှတ်ခံရရေး၊ အမေရိကန်ပြည်ထောင်စုနဲ့ ကုန်သွယ်ရေး စတဲ့ အကြောင်းအရာတွေကို မေးမြန်း ပြောဆိုခဲ့တဲ့ ဗွီအိုအေအယ်ဒီတာ ဒေါ်ခင်စိုးဝင်းနဲ့ ဦးတင့်သွင် တွေ့ဆုံ မေးမြန်းခန်း ဒုတိယပိုင်းကို ဒီသီတင်းပတ် စီးပွားရေးကဏ္ဍမှာ တင်ဆက်ထားပါတယ်။

၂၀၁၂ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ၆.၃% တိုးတက်ခဲ့တယ်လို့ အာရှဖွံ့ဖြိုးရေး ဘဏ် ADB က ပြောလိုက်တဲ့အပြင် အနာဂတ်တိုးတက်မှုအလားအလာပေါ်မှာလည်း အများအားဖြင့် အကောင်းမြင် ခန့်မှန်း ထားပါတယ်။ အရင် ခန့်မှန်းချက်တွေမှာလိုပဲ စိန်ခေါ်မှုတွေ ရှိနေသေးတာကို ADB ရဲ့ မကြာသေးခင်က အစီရင်ခံစာအသစ်မှာ ထပ်ပြီး သတိပေးထားသလို မြန်မာ့ စီးပွားရေး စောင့်ကြည့်လေ့လာသူတစ်ဦးကလည်း အဲဒီစိန်ခေါ်ချက်တွေကို ကျော်လွှားဖို့ လိုတယ်ဆိုတာ ထောက်ပြပါတယ်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ဧပြီလ ၁ရက်နေ့တွင် ရောင်းချမည်ဟု ကြေညာထားသော မိုဘိုင်းဖုန်း ဆင်းကတ်များ အနက် CDMA 800Hz ဆင်းကတ် တစ်ခုလျှင် ၁၅၀၀ ကျပ်ဖြင့် ဧပြီလ ၂၄ရက်နေ့မှ စတင်၍ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့များ၏ အစီအစဉ်ဖြင့် စတင် ရောင်းချပေးမည် ဖြစ်ကြောင်း ယင်းဌာန၏ ထုတ်ပြန်ချက် များအရ သိရသည်။

ဧပြီ ၁ ရက်တွင် ရောင်းချမည့် တန်ဖိုးနည်းဖုန်း ဆင်းမ်ကတ် များအား တစ်လလျှင် ကတ်ရေ သုံးသိန်းခွဲ နှုန်းဖြင့် ဖြန့်ဖြူး ရောင်းချ ပေးသွား မည်ဖြစ်ပြီး ယင်းဖုန်း ကတ်များ ရောင်းချမည့် ကာလအတွင်း ရောင်းချသူ များ ဈေးမကစား စေရန် စီစဉ် ထားကြောင်း ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည့် တန်ဖိုးနည်း မိုဘိုင်းဖုန်း ဆင်းမ်ကတ်များ ရောင်းချ ရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က ပြောကြားသည်။ ဆင်းမ်ကတ်များ ရောင်းရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ၏ အစီအမံဖြင့် ရောင်းချမည် ဖြစ်ကာ ပြင်ပအရောင်း ဆိုင်များ ဈေးမစား နိုင်ရန် အတွက် ထိန်းချုပ် သွားမည် ဖြစ်ပြီး

ရက်သတ္တပတ်များစွာ ဈေးနှုန်းများ အကျဘက်သို့ ဦးတည်နေခဲ့သည့် ပဲမျိုးစုံ ဈေးနှုန်းများသည် ယခုတစ် ပတ်တွင် ဈေးနှုန်းများ အနည်းငယ် ပြန်လည်မြင့် တက်လာကြောင်း စုံစမ်းရသည်။ ပဲဈေးတွေက နည်းနည်းပြန် တက်လာတယ်၊ ဒါပေမယ့် Export ကျတော့လည်း နည်းလာတယ်လို့ ကြားတယ်၊ အခုက ပုံမှန်လောက်ပဲ ရှိနေတဲ့အခြေအနေပဲ ရှိနေတယ်၊ ဈေးတွေကဒီထက် တက်လာရင်တော့ ပိုကောင်းတာ ပေါ့ ဟုပဲကုန်သည်ကြီးတစ်ဦးက ဆိုသည်။ လက်ရှိ မတ်ပဲ RC တစ်တန်လျှင်ကျပ် ၅၀၀၀၀၀၊ မတ်ပဲ SQRC တစ်တန်လျှင် ၄၆၇၀၀၀၊ ပဲစင်းငုံနီ တစ်တန်လျှင် ကျပ် ၆၁၅၀၀၀ ၀န်းကျင်ခန့် ရှိပြီး

<< Start < Prev 14 15 16 17 18 19 20 21 22 23 Next > End >>
Page 23 of 23