မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက်ရှိ ကုန်သွယ်ရေးစခန်းများအနက် မြ၀တီနယ်စပ်စခန်းမှ ကုန်သွယ်မှု အများဆုံးဖြစ်ကာ လစဉ် မြင့်တက်လာသော်လည်း တာချီလိတ်၊ ကော့သောင်းနယ်စပ်စခန်းတို့ မှာ ယခင်နှစ် ကာလတူထက်ပင် လျော့ကျနေကြောင်း သိရသည်။

 ပြည်ပပို့ကုန်ရငွေ လျော့နည်းနေပြီး ပြည်တွင်း၌နိုင်ငံခြားငွေ အဝင်နည်းနေချိန်တွင် သွင်းကုန်လုပ်ငန်းများအတွက် ပြည်ပသို့ငွေလွှဲများလာသဖြင့် ဒီဇင်ဘာ ၆ ရက်တွင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ၁,၃၆၅ ကျပ်သို့ ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။

အမေရိကန်ဒေါ်လာဈေးနှုန်း မြင့်တက်လာမှုကြောင့် FMI လုပ်ငန်းအုပ်စု၏ နိုင်ငံခြားငွေ ကြေးလွှဲပြောင်းမှုအရှုံးငွေ ကျပ် ၁ ဒသမ ၆ ဘီလျံကျော်အထိ ဆုံးရှုံးခဲ့ပြီး ရိုးမဘဏ်မှာလည်း ငွေကြေးလဲလှယ်မှု အစိတ်အပိုင်းအဖြစ် ဒေါ်လာကို အသုံးပြုပြီး နိုင်ငံခြားငွေစာရင်း စီးပွားရေး ဆက်သွယ်မှုလုပ်ဆောင်သည့် ရိုးမဘဏ်သည်လည်း ငွေကြေးလွှဲပြောင်းခြင်းမှ စံချိန်တင်ဆုံးရှုံးမှုဖြစ်ခဲ့သည် ဟု FMI ၏ နှစ်ဝက်ဘဏ္ဍာရေးရှင်းတမ်း ဆိုင်ရာ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချခြင်းကို အကျိုးတူ ပူးပေါင်းဆောင်ရွက်မည့် ပြည်ပကုမ္ပဏီအား အမှတ်ပေး အကဲဖြတ်ကာ သမ္မတရုံးထံ တင်ပြထားပြီးဖြစ်ကြောင်း ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။
စံချိန်တင် မြင့်တက်ခဲ့သည့် ပြည်တွင်းရွှေဈေး နှုန်းများ ယခု ဒီဇင်ဘာလဆန်း ပိုင်းတွင် အမေရိကန်ဒေါ်လာငွေ လဲနှုန်း ကျဆင်းလာမှုနှင့်အတူ ပြည် တွင်းရွှေဈေးနှုန်း အနည်းငယ်ပြန် လည်ကျဆင်းလာကြောင်း ပြည် တွင်းရွှေလုပ်ငန်းရှင်အသိုင်းအ၀ိုင်း မှ သိရသည်။နိုဝင်ဘာလ နောက်ဆုံးပတ် အတွင်း ပြည်တွင်းရွှေဈေးနှုန်းသည် အကယ်ဒမီရွှေ တစ်ကျပ်သားလျှင် ကျပ် ၈၆၃၀၀၀ ၀န်းကျင်မှ လက်ရှိ ဒီဇင်ဘာ ၃ ရက်တွင် အကယ်ဒမီ ရွှေ တစ်ကျပ်သားလျှင် ကျပ် ၇၅၇၅၀၀ ၀န်းကျင်သို့ ကျဆင်းခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်း ဒေသကြီး ငရုတ်ကောင်းမြို့ မိုးတိမ် ပြင်ကျေးရွာနှင့်ငွေဆောင်မြို့ ဆင်မ ကျေးရွာကြား ကမ်းခြေဒေသတွင် Asia Pacific Finance Co.,Ltd (Myanmar)နှင့် Apcal Pte.Ltd (Singapore)တို့ပူးပေါင်း၍ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ရေနက်ဆိပ်ကမ်း နှင့် စက်မှုဇုန်တည်ဆောက်မည်ဖြစ် ကြောင်း ဒီဇင်ဘာ ၁ ရက် ညက ပုသိမ်ဟိုတယ်တွင် အဆိုပါကုမ္ပဏီမှ ပြုလုပ်သော စီမံကိန်းရှင်းလင်းပွဲမှ သိရသည်။
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>
Page 4 of 23