နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၂၈၀ ကျပ်ဝန်းကျင်တွင် ဆက်လက်ရှိနေပြီး ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၃၀ ကျော် လျော့ကျသွားခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၈၇၀၈၀၀ အထိ ကျဆင်းလာကြောင်း ရောင်းဝယ်နေသူများထံမှ သိရသည်။စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၄ ရက် နံနက်ပိုင်းအထိ စံချိန်တင်ဈေးနှုန်းများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သော နိုင်ငံခြားငွေလဲနှုန်းသည် အောက်တိုဘာ ၄ ရက် ညနေပိုင်းတွင် ၁၂၇၇ ကျပ်ဖြင့် ဈေးပိတ်ခဲ့သည်။

ကမ္ဘာ့ငွေကြေးဈေးကွက်တွင် ဒေါ်လာဈေးနှင့်အပြိုင် ထိုင်းဘတ်ငွေဈေး ဆယ်စုနှစ်တစ်ခုအတွင်း စံချိန်တင် မြင့်တက်လာခြင်းကြောင့် မြန်မာကုန်သည်များ အရှုံးပေါ်နေပြီး ပြည်တွင်းစားသုံးမှု ဈေးကွက်ကို ထိခိုက်လျက်ရှိကြောင်း မြ၀တီမြို့ ဈေးကွက်ရပ်ဝန်း အတွင်းက သိရသည်။

ရှယ်ယာရောင်းဝယ်မှု ပမာဏ မြင့်တက်စေရန် ရည်ရွယ်၍ ရန်ကုန်စတော့အိတ်ချိန်း (YSX) ရှိ သီလ၀ါရှယ်ယာ တစ်စုကို ၁၀ စုအဖြစ် ခွဲစိတ်မည်ဖြစ်သည့်အတွက် ရှယ်ယာတစ်စု ကျပ် ၁၀၀၀၀ မှ ရှယ်ယာတစ်စု ကျပ် ၁၀၀၀ အဖြစ် ရောက်ရှိသွားမည်ဖြစ်ပြီး ရန်ကုန်စတော့အိတ်ချိန်းတွင် အရောင်းအ၀ယ်ပြုလုပ်သည့် ရှယ်ယာမှာလည်း ယခင် ၃၈ သိန်းကျော်မှ ၃၈၉ သိန်းကျော် ရောက်ရှိသွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်သည့် MTSH အများပိုင် ကုမ္ပဏီ၏ သတင်းထုတ်ပြန်မှုအရ သိရသည်။

သီလ၀ါ အထူးစီးပွားရေးဇုန်တွင် ဒေါ်လာ သန်း ၇၆၀ ကျော် ရင်းနှီးမြှုပ်နှံထားပြီး ပြည်ပပို့ကုန် ဒေါ်လာ ၂၄၁ သန်းအထိ ရှိမည် ခန့်မှန်းထားကာ လာမည့်နှစ် အနည်းငယ်အတွင်း ရင်းနှီးမြှုပ်နှံငွေ ဒေါ်လာတစ်ဘီလျံအထိ ရောက်ရှိ၍ တစ်နှစ်ဒေါ်လာ သန်း ၃၅၀ အထိ တင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း MTSH အများပိုင်ကုမ္ပဏီ၏ နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။

အစုရှယ်ယာတစ်စုလျှင် ဆယ်စုအဖြစ် ခွဲခြမ်းမည်ဟု မြန် မာသီလ၀ါအက်စ်အီးဇက်ဟိုးလ် ဒင်းပက်ဘလစ် လီမိတက်က ထုတ်ပြန်ပြီးနောက် ရန်ကုန်စ တော့အိတ်ချိန်း ရှယ်ယာဈေး သည် အောက်တိုဘာ ၃ ရက် တစ်ရက်တည်းတွင် ကျပ်ခြောက် ထောင်ကျော် မြင့်တက်ခဲ့ ကြောင်း သတင်းရရှိသည်။

 

မြန်မာ့ကျောက်မျက်ရတနာဈေးကွက်အား နိုင်ငံတကာနဲ့ပြိုင်ဆိုင်လာနိုင်ဖို့အတွက် တန်ဖိုးမြှင့် ကျောက်မျက်ရတနာလုပ်ငန်းကို အလေးထား ပံ့ပိုးကူညီရမယ်လို့ မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း ဒုဥက္ကဌ ဖြစ်သူဒေါက်တာအောင်ကျော်ဝင်းက ပြောကြားခဲ့ပါတယ်။

<< Start < Prev 2 3 4 5 6 7 8 9 10 11 Next > End >>
Page 7 of 23