ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ စက်မှုဇုန် အင်္ဂါရပ်နှင့် ညီသည့် ဇုန်အသစ်များ ဖော်ဆောင်ရေးနှင့် စက်မှုဇုန် လုပ်ငန်းများတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဦးစားပေး ဖိတ်ခေါ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက သြဂုတ် ၂ ရက်က ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

အစိုးရသစ် လက်ထက် မြန်မာ့ရင်းနှီးမြှုပ်နှံ မှု ကော်မရှင်ပြန် လည်ဖွဲ့စည်းပြီး နှစ်လ အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၃ ခုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကိုးခုကို လုပ် ကိုင်ခွင့်ပြုခဲ့ကြောင်း မြန် မာနိုင်ငံ ရင်း နှီးမြှုပ်နှံမှုကော်မရှင်၏ သတင်းထုတ် ပြန်ချက်အရ သိရသည်။

နိုင်ငံတွင် အီလက်ထရောနစ် ငွေလွှဲငွေယူစနစ် အကောင်အထည်ပေါ်လာဖို့အတွက် အဓိက ရင်းနှီးမြှုပ်နှံမယ့်သူအဖြစ် ဗီယက်နမ်ရဲ့ FPTကော်ပိုရေးရှင်းကို Myanmar Payment Union (MPU) ကရွေးချယ်လိုက်တယ်လို့ သိရပါတယ်။

အိန္ဒိယ အစိုးရဟာ မြန်မာနိုင်ငံမှာ အထူးစီးပွားရေးဇုန် SEZ တစ်ခု လာရောက်ထူထောင်သွားဖို့ ပြင်ဆင်နေတယ်လို့ သတင်းတစ်ရပ်မှဖော်ပြထားပါတယ်။ ဆိပ်ကမ်းတစ်ခု တည်ဆောက်ထားပြီးဖြစ်တဲ့ စစ်တွေမြို့မှာ ယင်း စီမံကိန်းကို လုပ်ဆောင်ဖို့ အိန္ဒိယဘက်က စီစဉ်နေတာဖြစ်ပါတယ်။

အစိုးရသစ် လက်ထက်တွင် စက်မှုဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံပိုင်စက်ရုံ ၄၇ ရုံကို ပြည်တွင်းပြည်ပ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်၍ နှစ်တိုနှစ်ရှည် ငှားရမ်း လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဝင်ရောက်လာသော ခရီးသည်များထံမှ ခရီးသည်ဝန်စည်ပစ္စည်များ အ တွက် ယခုနှစ် ဇွန်လအတွင်းက အကောက်ခွန်ရရှိငွေ ကျပ်သိန်း ကိုးရာကျော်ရှိကြောင်း ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်အကောက်ခွန်ကြီးကြပ်ရေးဌာနထံမှ သိရသည်။
<< Start < Prev 5 6 7 8 9 10 11 12 13 14 Next > End >>
Page 10 of 23