Monday, 20 July 2015 09:48

ကမ္ဘာ့ရေနံဈေးကွက်သို့ အီရန် ပြန်လည်ဝင်ရောက်လာပါက အိုပက်အဖွဲ့တွင် စိုးရိမ်မှုများ ထပ်မံဖြစ်ပေါ်လာနိုင်

Written by 
Rate this item
(0 votes)

ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် သမိုင်းဝင် နျူကလီးယားသဘောတူညီ ချက်ကြောင့် အီရန်၏ ရေနံများဈေးကွက်တွင် ပြန်လည် ဝင်ရောက်လာ ခြင်းက OPEC အဖွဲ့အတွင်း စိုးရိမ် မှုအသစ်များ ထပ်မံဖြစ်စေနိုင်ကြောင်း သို့သော် အဖွဲ့က၎င်းတို့၏ထုတ် လုပ် ရေးမဟာဗျူဟာကို ထပ်မံအားဖြည့် ဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက သုံးသပ်သည်။


အီရန်နှင့် ကမ္ဘာ့အင်အားကြီး ခြောက်နိုင်ငံတို့သည် အင်္ဂါနေ့တွင် သမိုင်းဝင်သဘောတူညီချက်ရခဲ့ပြီး ယင်းကြောင့် အီရန်အပေါ် ပိတ်ဆို့ အရေးယူမှုများမှ ဖယ်ရှားခြင်းနှင့် အီရန်၏ရေနံများ လာမည့်နှစ်တွင် ကမ္ဘာ့ဈေးကွက်အတွင်းသို့ ရောက် ရှိလာခြင်း တို့ကို ဖြစ်စေမည်ဖြစ် သည်။
ယင်းကြောင့် ၂၀၁၆ ခုနှစ် တွင် အီရန်၏ ရေနံတင်ပို့မှုသည် တစ်နေ့လျှင် စည်ပေါင်း ၂ ဒသမ ၄ သန်းခန့်ရှိလာနိုင်သည်ဟု စီးပွား ရေးပညာရှင် ချာလက်စ်ရောဘတ် ဆန်က ခန့်မှန်းသည်။
ရေနံရောင်း နိုင်ငံများအဖွဲ့ (OPEC)တွင် အဖွဲ့ ဝင် ၁၂ နိုင်ငံရှိပြီး ယင်းတွင် အီရန် နိုင်ငံပါဝင်သည်။ထိုအဖွဲ့သည် ကမ္ဘာ့ရေနံဈေး ကွက်၏ သုံးပုံတစ်ပုံကို ထိန်းချုပ် ထားသည်။
ထိုသို့ အီရန်နိုင်ငံက ကမ္ဘာ့ရေနံဈေးကွက်အတွင်း ပြန်လည် ဝင်ရောက်လာပါက ရေနံရောင်းလို အား များပြားနေခြင်းကို ပိုမိုဆိုးရွား လာစေပြီး ရေနံဈေးနှုန်းများ ထပ်မံ ကျဆင်းလာမည်ကို အဖွဲ့ကသတိပြု မိသည်။
ယင်းကြောင့် OPEC အဖွဲ့ က ဇွန်လတွင်ပြုလုပ်ခဲ့သော ၎င်းတို့ ၏ နောက်ဆုံးအကြိမ် ဆွေးနွေးပွဲတွင် ထုတ်လုပ်မှုကိုထိန်းချုပ်ရန် ဆုံးဖြတ် ခဲ့သည်။
ယင်းက ဈေးကွက်ဝေစုကို ထိန်းသိမ်းရန်နှင့် အမေရိကန်နှင့်ယှဉ် ပြိုင်ရခြင်းကို ရှောင်ရှားနိုင်ရန် ဆော် ဒီနိုင်ငံကထောက်ခံသည့် အဖွဲ့၏ မဟာဗျူဟာကို တိုးချဲ့လိုက်ခြင်းလည်း ဖြစ်သည်။
သို့သော် လွန်ခဲ့သောသီတင်း ပတ်တွင် အီရန်နျူကလီးယားသဘော တူချက်နှင့် ဒေါ်လာဈေးတက်ခြင်း တို့ကြောင့် ရေနံဈေးနှုန်း မှာ ကျဆင်း သွားပြီး OPEC အဖွဲ့ဝင်နိုင်ငံများ ကြားတွင် စိုးရိမ်မှုများ မြင့်တက်လာ ခဲ့သည်။

  Credit to >>>Democracy today

Read 754 times