Wednesday, 13 July 2016 03:11

ကမ္ဘာ့စီးပွားရေး တည်ငြိမ်မှုမရှိတာတွေကြောင့် လေကြောင်းလိုင်းတွေ တိုးတက်မှု နှေးကွေးလာနေပြီလို့ IATA သတိပေး

Written by 
Rate this item
(0 votes)

ကမ္ဘာ့ လေကြောင်းလုပ်ငန်းထဲမှာ ယခုနှစ် ၂၀၁၆ ခုနှစ်က အင်တိုက်အားတိုက်နဲ့ အစကောင်းခဲ့သော်ငြားလည်း ယခုအခါမှာတော့လေကြောင်းခရီးသွားဈေးကွက်ထဲမှာ အကျဘက်ကို ပြန်လည်ဆိုက်ရောက်သွားနေတဲ့လက္ခဏာရပ်တွေ ပေါ်လာနေတယ်ဆိုပြီး နိုင်ငံတကာလေကြောင်းပို့ဆောင်ရေး အဖွဲ့ IATA က သတိပေးပြောကြားသွားပါတယ်။

 

တစ်ခုပြီးတစ်ခု ပေါ်ပေါက်နေလျက်ရှိတဲ့ အကြမ်းဖက်မှုကိစ္စရပ်တွေနဲ့အတနိုင်ငံတွေရဲ့ စီးပွားရေး မတည်ငြိမ်တာရဲ့ ရလဒ်ကြောင့် လေကြောင်းလုပ်ငန်းရဲ့ တိုးတက်မှုဟာ ပိုပြီးတော့ လျော့ပါးလာစေလျက်ရှိတယ်လို့ IATA က ဆိုပါတယ်။
မကြာသေးခင်က ဖြစ်ပွားထားခဲ့တဲ့ တူရကီနိုင်ငံ အစ္စတန်ဘူလ် လေဆိပ်အကြမ်းဖက်မှုဖြစ်စဉ် နဲ့အတူ အီးယူကနေ ဗြိတိန် နှုတ်ထွက်တာရဲ့ ဂယက်တို့ကြောင့် လေကြောင်းလုပ်ငန်းထဲကိုပါ လာပြီးထိခိုက်မှုတွေ ရှိလာတာဖြစ်တယ်လို့ IATA ရဲ့ ညွှန်ချုပ် Tony Tyler က ဆိုပါတယ်။
အသစ်လုပ်ဆောင်ထားတဲ့ ဈေးကွက်လေ့လာချက်တွေအရ လက်ရှိလေကြောင်းပို့ဆောင်ရေလုပ်ငန်းရဲ့ တိုးတက်မှုဟာ ယခုအချိန်ထိ ၅ ဒသမ ၃ ရာခိုင်နှုန်းသာသာပဲ ရှိတော့တယ်လို့ IATA က ခန့်မှန်းသွားခဲ့ပါတယ်။
ယမန်နှစ် ၂၀၁၅ ခုနှစ်တုန်းကတော့ လေကြောင်းလုပ်ငန်းထဲမှာ တက်ကြွပြီး တိုးတက်မှုအားကောင်းခဲ့ပေမယ့် ယခုနှစ် လေကြောင်းခရီးသွားတိုးတက်မှုအရှိန်အဟုန်ပိုင်းမှာ တစ်ဖြည်းဖြည်းချင်းအားနည်းကျဆင်းလာနေခဲ့ပြီဖြစ်ပါတယ်။
ယခုလို လုပ်ငန်းပိုင်း ကျဆင်းလာခဲ့တာရဲ့ နောက်ကွယ်မှာ ယခုနှစ်ဘရက်ဆဲလ် လေဆိပ်အကြမ်းဖက်တိုက်ခိုက်မှုတွေကလည်းတစ်စိတ်တစ်ပိုင်းပါဝင်နေတယ်လို့ သုံးသပ်ကြပါတယ်။ယင်းအကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်ကြောင့် ပြီးခဲ့တဲ့ဧပြီနဲ့ မေလတွေမှာ နိုင်ငံတကာ ဥရောပဈေးကွက်တွေမှာပါ ရိုက်ခတ်မှု ကြီးမားခဲ့တယ်လို့ သိရပါတယ်။

Credit To >>>SFJ Strategy First Journal 

Read 395 times