အခြေခံအဆောက်အ အုံအားနည်းမှုကြောင့် ရခိုင်ပြည် နယ် ပုဏ္ဏားကျွန်းစက်မှုဇုန်တွင် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များ ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့က မြေအခမဲ့အသုံးပြုခွင့်ပေးရန်စီစဉ် ထားကြောင်း သတင်းရရှိသည်။
အိမ်နီးချင်း မြန်မာနိုင်ငံတွင်းက အထူးစီးပွားရေးဇုန်တွေ (SEZs) တွေ ဒါမှမဟုတ် စက်မှုနယ်မြေတွေအတွင်းမှာ လုပ်ငန်းတွေ သွားရောက်ထူထောင်လုပ်ကိုင်ကြဖို့ နိုင်ငံတွင်းက ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို တိုက်တွန်းပြောကြားမှုတွေ လုပ်ထားတယ်လို့ ထိုင်းအစိုးရက ပြောကြားလိုက်ပါတယ်။
ထိုင်း-မြန်မာ အကြား နယ်စပ်ကုန်သွယ်မှုလုပ်ငန်းတွေမှာ တိုးမြင့်ပူးပေါင်းဖို့၊ မြန်မာနိုင်ငံတွင်းက စက်မှုဇုန်နယ်မြေတွေဖော်ဆောင်လုပ်ဆောင်နေမှုပိုင်းမှာ ထိုင်းဘက်က လာရောက်ပူးပေါင်းဖို့ စတဲ့ ကိစ္စရပ်တွေနဲ့ပတ်သက်လို့ ထိုင်းစီးပွားရေးကိုယ်စားလှယ်အဖွဲ့တစ်ခု နိုင်ငံမှာ လာရောက်ဆွေးနွေးတော့မှာဖြစ်ပါတယ်။
လယ်ယာကဏ္ဍတွင် ထုတ်လုပ်မှုကျဆင်းခြင်းကြောင့် အစိုးရသစ်လက်ထက် ကိုးလ အတွင်း မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်း ၁ ဒသမ ၃ ရာခိုင် နှုန်း ကျဆင်းခဲ့ကြောင်း ကမ္ဘာ့ ဘဏ် အကြီးတန်း ဘောဂဗေဒ ပညာရှင် မစ္စတာဟာဘစ်ရက်ဘ် က ပြောသည်။

ရန်ကုန်စတော့အိတ်ချိန်း၏ စတုတ္ထမြောက်စာရင်းဝင် ကုမ္ပဏီဖြစ်လာခဲ့သည့်  ပထမပုဂ္ဂလိကဘဏ်၏ အစုရှယ်ယာတန်ဖိုးမှာ စတင်ရောင်းချသည့် လေးရက်အတွင်း အနိမ့်ဆုံးဈေးဖြစ်သည့် ကျပ် ၃၄၀၀၀ အောက်သို့  ပထမဆုံး ရောက်ရှိသွားကြောင်း ဇန်န၀ါရီ ၂၅ ရက်တွင် ဖြစ်ပေါ်သည့် ဈေးနှုန်းပြောင်းလဲမှုအရ သိရသည်။

အမေရိကန်ရဲ့ ကုန်သွယ်မှုမူဝါဒပိုင်းမှာ အလုံးစုံ ပြောင်းလဲဖို့ရှေ့တိုးလုပ်ဆောင်လာနေတဲ့အချိန်မှာ နိုင်ငံတွင်းက ဖိနပ်ထုတ်လုပ်သူ ကုမ္ပဏီတွေ၊ မော်တော်ကားထုတ်လုပ်သူတွေနဲ့ လက်လီအင်အားစုတွေအနေနဲ့ ၎င်းတို့ရဲ့ နိုင်ငံတကာလုပ်ငန်းလည်ပတ်နေမှုတွေကို ပြန်လည်သုံးသပ်ရဖို့ ကြုံနေရပြီဖြစ်ပါတယ်။
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>
Page 2 of 29
You are here:   HomeEconomic