စံချိန်တင် မြင့်တက်ခဲ့သည့် ပြည်တွင်းရွှေဈေး နှုန်းများ ယခု ဒီဇင်ဘာလဆန်း ပိုင်းတွင် အမေရိကန်ဒေါ်လာငွေ လဲနှုန်း ကျဆင်းလာမှုနှင့်အတူ ပြည် တွင်းရွှေဈေးနှုန်း အနည်းငယ်ပြန် လည်ကျဆင်းလာကြောင်း ပြည် တွင်းရွှေလုပ်ငန်းရှင်အသိုင်းအ၀ိုင်း မှ သိရသည်။နိုဝင်ဘာလ နောက်ဆုံးပတ် အတွင်း ပြည်တွင်းရွှေဈေးနှုန်းသည် အကယ်ဒမီရွှေ တစ်ကျပ်သားလျှင် ကျပ် ၈၆၃၀၀၀ ၀န်းကျင်မှ လက်ရှိ ဒီဇင်ဘာ ၃ ရက်တွင် အကယ်ဒမီ ရွှေ တစ်ကျပ်သားလျှင် ကျပ် ၇၅၇၅၀၀ ၀န်းကျင်သို့ ကျဆင်းခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်း ဒေသကြီး ငရုတ်ကောင်းမြို့ မိုးတိမ် ပြင်ကျေးရွာနှင့်ငွေဆောင်မြို့ ဆင်မ ကျေးရွာကြား ကမ်းခြေဒေသတွင် Asia Pacific Finance Co.,Ltd (Myanmar)နှင့် Apcal Pte.Ltd (Singapore)တို့ပူးပေါင်း၍ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ရေနက်ဆိပ်ကမ်း နှင့် စက်မှုဇုန်တည်ဆောက်မည်ဖြစ် ကြောင်း ဒီဇင်ဘာ ၁ ရက် ညက ပုသိမ်ဟိုတယ်တွင် အဆိုပါကုမ္ပဏီမှ ပြုလုပ်သော စီမံကိန်းရှင်းလင်းပွဲမှ သိရသည်။
မြန်မာကျပ်ငွေတန်ဖိုး ပိုမိုကျဆင်းကာ တစ်ဒေါ်လာ ကျပ် ၁၅၀၀ အထိ ဖြစ်သွားမည်ဆိုကာ ဒေါ်လာလိုက်လံဝယ်ယူလာမှုများနှင့် ဒေါ်လာဈေးကစားနေမှုကို ဗဟိုဘဏ်က ဟန့်တားပါက သင့်တော်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘဏ်များ အသင်းဥက္ကဋ္ဌ၊ သမ၀ါယမဘဏ်နှင့် မြန်မာအသေးစား ငွေရေးကြေးရေးဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ဒီဇင်ဘာ ၁ ရက်တွင် ပြောကြားသည်။
လက်ရှိကာလတွင် နိုင်ငံခြားငွေလဲနှုန်းများ မြင့်တက်လျက်ရှိပြီး ဒေါ်လာဈေးမြင့်တက်ရသည့် အကြောင်းရင်းများတွင် Re-export ရငွေများ ပြည်တွင်းသို့ပြန်မ၀င်ခြင်း၊ ပို့ကုန်ရငွေအချို့ကို ပြည်ပတွင်ထားရှိခြင်း၊ နိုင်ငံခြားငွေများကို စာရင်းပြောင်းနည်းဖြင့် ရောင်းခြင်း၊ ပို့ကုန်သွင်းကုန်ပမာဏ အလျှော့အတင်းပြုလုပ်ခြင်း၊ ပြည်တွင်း၌ နိုင်ငံခြားငွေဖြင့် ငွေပေးချေမှုများခြင်း စသည်တို့ပါဝင်ကြောင်း မြန်မာနိုင်ငံဗဟိုဘဏ်၊ ငွေရေးကြေးရေး ကြပ်မတ်ကွပ်ကဲမှုဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က နိုင်ငံပိုင်သတင်းစာတွင်ဖော်ပြသော ၎င်း၏ဆောင်းပါးတွင် ထည့်သွင်းသုံးသပ်ခဲ့သည်။
နိုင်ငံတော်၏ စီးပွားရေးမူဝါဒတွင် အဓိကအကောင်အထည်ဖော်ဆောင် ရွက်သွားမည့် ရည်မှန်းချက်များကိုကြည့်မည်ဆိုလျှင် အမျိုးသားပြန်လည် သင့်မြတ်ရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအကြား ဘက်ညီမျှတသည့် ဖွံ့ဖြိုးမှုရရှိရေး၊ စွမ်းရည်ပြည့်ဝသော လူငယ်မျိုးဆက်သစ်များပေါ်ထွန်းလာ ရေးနှင့် တီထွင်ဆန်းသစ်မှုရှိပြီး အစဉ်အမြဲတိုးတက်နေရန် ထိန်းသိမ်းထားနိုင်သည့် စီးပွားရေးစနစ်ကို ထူထောင်ရေးတို့ဖြစ်ကြောင်း ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားလိုက်သည်။
ရှယ်ယာအရောင်းအ၀ယ် မြင့်တက်စေရန် သီလ၀ါရှယ်ယာတစ်စုကို ၁၀ စုအဖြစ် ခွဲစိတ်ခဲ့သော်လည်း ရန်ကုန်စတော့အိတ်ချိန်း စတင်ဖွင့်လှစ်သည့် ကိုးလမြောက်တွင် နိုဝင်ဘာလသည် အစုရှယ်ယာ အရောင်းအ၀ယ်ဖြစ်မှု ကျပ် ၂ ဒသမ ၂ ဘီလျံသာ ဖြစ်ပေါ်ခဲ့ပြီး အရောင်းအ၀ယ်ကျဆင်းမှု အဆိုးဆုံးအခြေအနေ ဖြစ်ခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ ထုတ်ပြန်သည့် နေ့စဉ် ရှယ်ယာအရောင်းအ၀ယ် ဖြစ်မှုနှင့် လအလိုက် အရောင်းအ၀ယ် ဖြစ်သည့် အစုရှယ်ယာဈေးကွက် အခြေအနေအရ နိုဝင်ဘာ ၃၀ ရက်တွင် သိရသည်။
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>
Page 6 of 29
You are here:   HomeEconomic