အိန္ဒိယရဲ့ ပြည်တွင်း မော်တော်ကားအစိတ်အပိုင်းပစ္စည်းထုတ်လုပ်ငန်းရှင်တွေဟာ ထုတ်ယူရသေးခြင်းမရှိသေးတဲ့ နိုင်ငံအရှေ့မြောက်ခြမ်း ကားအစိတ်အပိုင်းပစ္စည်းဈေးကွက်ကို ၀င်ရောက်အသုံးချဖို့ စီစဉ်နေသလို အိမ်နီးချင်းဈေးကွက်တွေဖြစ်တဲ့ မြန်မာနဲ့ ဘူလ်တန်တို့လို နိုင်ငံတွေဆီကိုလည်း ထုတ်ကုန်တွေ တင်ပို့နိုင်မယ့် အခွင့်အလမ်းကောင်းတွေ ရှာဖွေလိုလျက်ရှိနေပါတယ်။

သီလဝါအထူးစီးပွားရေး ဇုန် အများပိုင်ကုမ္ပဏီ၏ ရှယ်ယာ များ ခွဲခြမ်းရန် အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၃ ရက်အထိလေးရက်ကြာ ရန်ကုန်စတော့ အိတ်ချိန်းတွင် ရှယ်ယာရောင်းချမှု ရပ်ဆိုင်းမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

အပြည်ပြည်ဆိုင်ရာငွေကြေးကော်ပိုရေးရှင်း(IFC)က ပြည်တွင်းဟိုတယ်လုပ်ငန်းနဲ့ အပန်းဖြေစခန်းလုပ်ငန်း တွေလုပ်ကိုင်နေတဲ့ United International Group Limited ကို ကန်ဒေါ်လာ ၁၃ ဒသမ ၅ သန်းထုတ်ချေး ပေးလိုက်တယ်လို့ သိရပါတယ်။

ပြည်တွင်း၌ ကုန်ပစ္စည်း ထုတ်လုပ်ပြီး ပြည်ပသို့ ပြန်လည် တင်ပို့မည့် နိုင်ငံခြားလုပ်ငန်းရှင် များ ဖိတ်ခေါ်မည်ဆိုပါက လျှပ် စစ်ဓာတ်အားအပြည့်အ၀ ရရှိ အောင် ဆောင်ရွက်ရန်လိုအပ် သည်ဟု မြန်မာ-ဂျပန်ဖွံ့ဖြိုးရေး ကုမ္ပဏီလီမိတက်မှ အမှုဆောင် အရာရှိချုပ် မစ္စတာ တာကာရှီ (Takashi) ကပြောသည်။

ရိုးမဘဏ်က Workplace ကို ၎င်းတို့ဘဏ်အတွင်း အသုံးပြုနေခြင်းနှင့် ပတ်သက်၍ အသိပေးမိတ်ဆက်ပွဲကို အောက် တိုဘာ ၁၇ ရက်နေ့တွင် မြန်မာပလာဇာရှိ ရိုးမဘဏ် မြန်မာပလာဇာဘဏ်ခွဲ ၌ ကျင်းပခဲ့သည်။

အထည်ချုပ်လုပ်ငန်းတွေအတွက် သီးသန့်စက်မှုဇုန်နေရာတစ်ခုတည်ထောင်နိုင်ဖို့ စီစဉ်နေတယ်လို မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဦးမြင့်စိုးကပြောဆိုပါတယ်။

<< Start < Prev 3 4 5 6 7 8 9 10 11 12 Next > End >>
Page 8 of 29
You are here:   HomeEconomic