Wednesday, 27 November 2013 09:31

မင်းသွေးကို တွေ့ဆုံ ဝေဖန်လိုသူ ပရိသတ်များ ပေါ်ပြူလာသို့ စတင်စာရင်း ပေးနိုင်ပြီ

Written by 
Rate this item
(0 votes)

မင်းသွေးက ပရိသတ်တွေ နဲ့ တွေ့ဆုံဖို့ အတွက် စီစဉ်နေပါတယ်။ ဒီအစီ အစဉ် ကတော့ မင်းသွေးကို တွေ့ဆုံချင်တဲ့ ပရိသတ်တွေက မင်းသွေး ကို ဝေဖန်၊ အကြံပြု ချက်တွေနဲ့ ဖုန်းနံပါတ်တွေကို ပါ ရေးသားပြီး အမှတ် ၁၅ဝ၊ ၁၆ဝ၊ ၃၅လမ်း (လယ်)၊ ကျောက်တံတား မြို့နယ်၊ ရန်ကုန် ရှိ ပေါ်ပြူလာ ဂျာနယ်တိုက် ကို ပေးပို့ရ မှာဖြစ်ပါ တယ်။

ရေးသားပေး ပို့ ရမယ့် ရက်ကတော့ နိုဝင်ဘာ ၂၃ရက် နေ့မှ စတင်ကာ ဒီဇင်ဘာ ၂ဝရက်နေ့ အထိ ပေးပို့နိုင်ကြပါတယ်။ ပေးပို့လာ တဲ့ ပရိသတ်တွေ ရဲ့ စာတွေကို မင်းသွေး ကိုယ်တိုင်ဖတ်ပြီး ယောက်ျားလေး ၁ဝယောက်၊ မိန်း ကလေး ၁ဝယောက် ကို မဲနှိုက် ရွေးချယ်ကာ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ရွေး ချယ်ခံရတဲ့ အယောက် ၂ဝ ကို မင်းသွေး ကိုယ်တိုင် တွေ့ဆုံမယ့် ရက် ကို အကြောင်းပြန်စာရေး ပို့မှာဖြစ်ပြီး စာရေးသားပေးပို့ထားတဲ့ ပေါ်ပြူလာ ဂျာနယ်တိုက် မှာပဲ တွေ့ ဆုံမှာဖြစ် ပါတယ်။

ဒီလို တွေ့ဆုံမှု နဲ့ ပတ်သက်ပြီး မင်းသွေးက “အစကတည်းက စဉ်းစားမိ တာက ပရိသတ်ကို တစ်ခုခုပြန် လုပ်ပေးချင်တာရော၊ ပရိသတ်နဲ့ ရင်း ရင်းနှီးနှီး တွေ့ ချင် တာရောကြောင့်ပါ။ စာရေးပို့ဖို့ စီစဉ်တာကလည်း ကိုယ့် ကို တကယ်ချစ်၊ တကယ် ဝေဖန်သူလို ချင်လို့ပါ။ အမှတ်တရ အစီ အစဉ်လေး တွေလည်း လုပ်ဖို့ စီစဉ် ထားတယ်။ တွေ့မယ့် ရက်ကို လည်းရွေးခံရတဲ့ ပရိသတ်တွေ အဆင်ပြေမယ့် ရက်ကိုညှိပြီး လုပ်မှာပါ။ ကျွန်တော် ကိုယ်တိုင် အရင်က ပရိသတ် တစ်ယောက် အနေနဲ့ အနုပညာ ရှင်တွေကို တွေ့ချင်ခဲ့ဖူးတယ်။ အခု ကိုယ်က အနုပညာရှင် ဖြစ်လာတော့ ဒါ လေးကို လုပ်ပေး ဖြစ်တာပါ”လို့ ပြောပြခဲ့ပါတယ်။

မေမွန်မောင်

အေးချမ်းမွန် Credit To >Popular Journal

Read 1005 times Last modified on Wednesday, 27 November 2013 09:33