Monday, 02 December 2013 07:26

ပရိသတ်တွေရဲ့ အသံ က အနုပညာရှင်တွေအတွက် အရေးကြီးတယ်လို့ဆိုသူ မြင့်မြတ်

Written by 
Rate this item
(0 votes)

လတ်တလောမှာ မြင့်မြတ်က ဒါရိုက်တာညွန့်မြန်မာညီညီအောင် ရိုက်ကူးတဲ့ ‘သရဲရေးတဲ့ဖူးစာ’ ဇာတ် ကားကို သက်မွန်မြင့်နဲ့အတူ ရိုက် ကူးနေပါတယ်။ ဒီဇာတ်ကားလေး က ဟာသဇာတ်လမ်းဖြစ်ပါတယ်။ ဇာတ်လမ်းမျိုးစုံကို ပိုင်နိုင်စွာ သရုပ် ဆောင်တဲ့ မြင့်မြတ်က အခုနောက် ပိုင်းမှာ ဟာသကားလေးတွေ ပိုရိုက် ချင်ကြောင်း ပြောပါတယ်။

”ဟာသကားတွေပဲ ဆက်တိုက် ရိုက်ဖြစ်နေတယ်။ ကျွန်တော်လည်း နောက်ပိုင်းမှာ ဟာသကားတွေ ပိုရိုက်ချင်နေတယ်။ ဒရာမာလည်း ရိုက်ဖြစ်ပါတယ်။ အဓိကကတော့ သရုပ်ဆောင်တစ်ယောက်က ကာရိုက်တာအစုံကို သရုပ်ဆောင်နိုင်ရ မယ်လေ” လို့ ပြောပါတယ်။အနုပညာလောကမှာ အောင် မြင်မှုများ ကို ရေရှည်ထိန်း သိမ်းထား နိုင် တဲ့ မြင့်မြတ်က အခုရောက်ရှိထားတဲ့ နေရာလေးကိုတော့ ကျေနပ်အားရမှုတွေရှိကြောင်း ပြောပါ တယ် “အနုပညာအလုပ်ကို အချိန်အတော်အကြာ ဖြတ်သန်းခဲ့တယ်။

အခက်အခဲတွေနဲ့လည်း ရင်ဆိုင်ခဲ့ရတယ်။ အလုပ်တိုင်းမှာ အခက်အခဲတွေတော့ ရှိပါတယ်။ ကိုယ်လုပ် လိုက်တဲ့ အလုပ်ကိုလည်း အကောင်း ဆုံးဖြစ်အောင် ကြိုးစားခဲ့ တယ်။ အခု အချိန်မှာ ဒီလိုနေရာ တစ်နေရာရရှိ လာပြီဖြစ်တဲ့အတွက်လည်း ကျေနပ်ပါတယ်” လို့ ပြောပါတယ်။
ပရိသတ်တွေရဲ့ စကားသံက အနုပညာရှင်တွေအတွက် အရေးကြီးကြောင်းပြောတဲ့ မြင့်မြတ်က ပရိသတ်တွေရဲ့ စကားသံကို အမြဲ တမ်းနားထောင်ပြီး အားသာချက် အား နည်းချက်တွေကို ပြန်လေ့လာကြောင်း ပြောပါတယ်။ “နယ်တွေသွားရင်လည်း ပရိသတ် စကားသံကို နားထောင်တယ်။ သူတို့အကြိုက်ကို ပြောပြတယ်။ သူတို့ရဲ့ စကားသံ က အနု ပညာရှင်တွေအတွက် အရေးကြီးပါတယ်။ ကိုယ့်ရဲ့အားနည်းချက်တွေကိုလည်း ဇာတ်ကားတွေ ထွက်ရင် ပြန်ကြည့်ပြီး ပြန်လေ့လာပါတယ်” လို့ ပြောပါတယ်။မ င်္ဂလာသတင်းကိုတော့ ကြားရ ဖို့လိုပါသေးကြောင်း မြင့်မြတ်က ပြောပါတယ်။

Read 1186 times Last modified on Monday, 02 December 2013 07:27