Thursday, 12 December 2013 02:26

နေတိုး ပြောတဲ့ အချစ် အကြောင်း

Written by 
Rate this item
(1 Vote)

လူရယ်လို့  ဖြစ်လာရင် အချစ်ဆို တာကို မခံစား တတ်သူ မရှိ သလောက် ရှားမယ်ထင် ပါတယ်။ တချို့ ကတော့လည်း ပိုင်ဆိုင် ရမှ အချစ်၊ မပိုင်ဆိုင် ရဘဲ ခွင့်လွှတ် အနစ် နာခံ တာကိုလည်း အချစ်လို့ ဆိုပြန်ပါ တယ်။ အချစ် ဒ ဿန ဆရာတွေက အချစ်ကို အမျိုးမျိုး အဓိပ္ပာယ် ဖွင့်ဆို ကြသလို ချစ်ခြင်းနဲ့ အိမ်ထောင်ပြု ခြင်းကြားမှာ ဘယ်လို ဆက်နွယ်မှု တွေရှိ နေလဲ အနုပညာရှင် တွေကို တီးခေါက် ကြည့်တဲ့ အခါ...

ခံယူနား လည်ထားတဲ့ အချစ် ဆိုတာ

အချစ် အပေါ်မှာ ခံယူထား တယ်ဆိုတာ မျိုးတော့ မရှိပါဘူး။ ထိတွေ့မှု ဖြစ်ပေါ်လာမှု အပေါ် ဘယ်အ လုပ်မဆို အကောင်း ဆုံးဖြစ် အောင် တည်ဆောက် သွားရမှာပါ ပဲ။ ချစ်သူ ဘဝဆိုလည်း ချစ်သူဘ ဝ၊ အိမ်ထောင်သည် ဘဝ ဆိုရင်လည်း အိမ်ထောင်သည် ဘဝ အလျောက် ပေါ့။ အဓိက ကတော့ တစ်ဦး အပေါ် မှာ တစ်ဦးနား လည်နိုင်မှု ရှိရမယ်။ နှစ်ဦး နှစ်ဖက် အားသာချက်၊ အား နည်းချက်တွေနဲ့ တစ်ဦးနဲ့ တစ်ဦး အ တွင်းစိတ်တွေကို မြင်နိုင်ဖို့ လိုတယ်။ သိနိုင်ဖို့ လိုတယ်လို့ အိမ်ထောင်တစ် ခုနဲ့ ပတ်သက်ပြီး ကျွန်တော် မြင်တဲ့ ယူဆ ချက်ပေါ့။

မြင်မြင်ချင်း ချစ်တယ် ဆိုတာကို ယုံကြည် ပါတယ်

မြင်မြင်ချင်း ချစ်တယ်ဆိုတာ ကို ယုံကြည်တယ်။ ရှိလည်း ရှိပါ တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အ ချစ်ဆိုတာ မြင်မြင်ချင်း မှာလည်း ချစ် မိသွား နိုင်သလို သံယောဇဉ် တွေနဲ့ ထိတွေ့မှု များပြီးတော့ အိုးချင်းထား အိုးချင်းထိ၊ ကြိုးချင်းထား ကြိုးချင်း ငြိ ဆိုသလို မျိုးရှိတာပဲ။ ဒါပေမဲ့ မြင် မြင်ချင်း ချစ်တယ်ဆို တာရှိ လို့ပဲ မြင် မြင်းချင်းပဲ ချစ်မိတယ် ဆိုတဲ့ သီချင်း ရှိတာပေါ့။ အဲဒီလိုပဲ အချိန်ကြာမြင့် တာနဲ့ သံယောဇဉ်ဆို တာဖြစ်လာကြ တယ် ဒါကြောင့် ကျွန်တော်တို့က ရှေးထုံးလည်း ပယ်လို့မ ရပါဘူး။ မိမိ အနေနဲ့ အချစ်ကို ဘယ်လိုခံ ယူလဲ ဆိုတာထက် နှစ်ဦးစလုံး ပေါင်း ဖက်ဖို့ ကတော့ တစ်ယောက်အ ကြောင်းကို တစ်ယောက် သိဖို့လို အပ်ပါတယ်။ မသိဘူး ဆိုရင်တော့ သူတို့ နှစ်ယောက်ရဲ့ တန်ဖိုး၊ ခံစားမှု တွေက ကြာရှည်စွာ ရပ်တည် လို့မ ရပါဘူး။ အချစ်ရဲ့ ခံယူချက်က တော့ တစ်ယောက်နဲ့ တစ်ယောက် အတွင်း ကျကျ နားလည်နိုင်ဖို့ လို အပ်တယ်လို့ ကျွန်တော် မြင်ပါတယ်။

အချစ်နဲ့ အိမ်ထောင် ပြုချင်းမှာ ခြားနား ချက်တွေ ရှိပါတယ်

အချစ်နဲ့ အိမ်ထောင် ပြုခြင်း ကွဲပြားခြား နားချက်ကို ပြောရမယ် ဆိုရင်တော့ အချစ်ဆို တာက ရင် ခုန်မှုကနေ နှလုံးသား စိတ်ခံစားမှု ပေါ့။ အိမ်ထောင်ရေး ဆိုတာက တော့ ဘဝတစ်ခု တည်ဆောက် တာပေါ့။ လေးနက်မှု ကွာသွားတယ် လို့ ကျွန်တော်ထင်တယ်။ ခဏတာ လိုချင် တက်မက်မှု တဏှာ ကနေ သစ္စာ တရားနဲ့ ပြန်လည် ပေါင်းစပ် တာကို အိမ်ထောင် ရေးလို့ ကျွန် တော်မြင်ပါ တယ်။

8 Days Celebrities

Read 2137 times Last modified on Thursday, 12 December 2013 03:13