၂၀၁၁ ခုနှစ်တွင် အမျိုးသားဇာတ်ဆောင်ဆု ရရှိခဲ့သော ရုပ်ရှင်မင်းသား နောင်နောင်သည် ၎င်း၏ Face book မှတဆင့် ဆဲဆိုခဲ့ကြောင်း ၎င်းဖေ့ဘွတ်တွင် တွေ့ရှိရသည်။

“ အကယ်ဒမီရထားတဲ့ အနုပညာသမားအနေနဲ့ ဒါမျိုးလုံးဝမလုပ်သင့်ဘူးလို့ ထင်တယ်။ ခင်ဗျားရဲ့ နောက်ကွယ်မှာခင်ဗျားကို အစဉ်တစ်စိုက် အားပေးနေတဲ့ ပရိသတ်ရှိ
နေတယ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။ ခင်ဗျားကို လေးစား ပါလို့ပဲ ပြောချင်ပါတယ်” ဟု ဖေ့ဘွတ်သုံးစွဲသူ ကိုမိုးလုံးဟိန်းက အကယ်ဒမီ နောင်နောင်၏ Status အောက်တွင် ခပ်ကြမ်းကြမ်း မှတ်ချက်ပြုထားသည်။

Lucky Boss ဗီဒီယို ထုတ်လုပ်ရေးအတွက် ဒါရိုက်တာ ညိုမင်းလွင်က ငါ ဒီည လာခဲ့မယ် ဆိုတဲ့ သရဲကားကို စင်ကာပူမှာ သွားရောက်ရိုက်ကူး ခဲ့ပါတယ်။ ဇာတ်ကားရဲ့ အစိတ်အပိုင်း တော်တော်များများကို ရိုက်ကူးခဲ့ပြီး ကျန်ရှိတဲ့ ဇာတ်ဝင်ခန်း အချို့ကို ရန်ကုန်မှာ ဆက်လက် ရိုက်ကူးခဲ့တယ်လို့ ပြောတာကြောင့် ငါ ဒီည လာခဲ့မယ် ဇာတ်လမ်းကို ရိုက်ဖို့ ရွေးချယ်ခဲ့တာပါ။ ငါ ဒီည လာခဲ့မယ် ဇာတ်ကားမှာ သားညီ၊ နန်းမြတ်ဖြိုးသင်း၊ နန်းဆုဦးနဲ့ ညိုမင်းလွင် ကိုယ်တိုင် ပါဝင်သရုပ်ဆောင် ထားပါတယ်။ “ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ဖြစ်တာက စင်ကာပူကို သရုပ်ဆောင်တွေ အများကြီး မပါသွားဘူးလေ၊ နောက်ပြီး ဒါရိုက်တာ ညိုမင်းလွင် နေရာကကြည့်ရင် သရုပ်ဆောင် ညိုမင်းလွင်နဲ့ လိုက်နေတယ်။

ကလေး သရုပ်ဆောင် လုပ်ရာမှာ ပီပြင်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ အိစိကွေးက ရုပ်ရှင်သရုပ်ဆောင် အနုပညာ အပြင် ဂီတဘက်ကို ခြေဦးလှည့် လာကာ အဆိုတော် ကောင်းတစ်ယောက် ဖြစ်ချင်ကြောင်း ပြောပြလာ ပါတယ်။ ခုနစ်တန်း ကျောင်းသား အိစိကွေးက ဂီတအနုပညာ အပေါ် ခုံမင် မြတ်နိုးတဲ့ သူ့ စိတ်ခံစားချက်ကို မေးကြည့်တော့ “ပရီမိုသင်တန်းမှာ သင်တန်း တက်တယ်။ အခုအခွေ လုပ်ဖို့ သီချင်း ငါးပုဒ်လောက် ဆိုပြီးပြီ။ သင်တန်းက သူငယ်ချင်းတွေ နဲ့ စုပြီး လုပ်တာပါ။ စုစုပေါင်း သီချင်း ၁၃ ပုဒ်လောက်ပါမယ်” လို့ ပြောပြ ခဲ့ပါတယ်။

အကယ်ဒမီထူးချွန်ဆုအတွက် ၂၀၁၂ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သော ရုပ်ရှင် ၁၇ ကား ထဲမှ ဆန်ခါတင်ခုနစ်ကားကို ရွေးချယ်ခဲ့ပြီး စက်တင်ဘာ ၃၀ ရက်မှ စတင်၍ အကဲဖြတ်အဖွဲ့ ၀င် ၁၇ ဦးက ရွေးချယ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ သတင်းရရှိသည်။ အဆိုပါ ဆန်ခါတင်ရွေးချယ်ခဲ့သော ဇာတ်ကားခုနစ်ကားမှာ လက်ပံ၊ မော်ကင်းဥဒါန်း၊ ဥ၊ ကယန်းအလှ၊ တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ၊ အမုန်းမီးတောက်၊ အမွေခံထိုက်သူဖြစ်ပါစေတို့ဖြစ်သည်။ ထိုရုပ်ရှင်ကားများကို စက်တင်ဘာ ၁၉ ရက်က ထပ်မံဖွဲ့စည်းလိုက်သည့် ဒါရိုက်တာ ဦးဇော်ထက်၊ ဒါရိုက်တာ ဦးမျိုးဇော်အောင်၊ ဓာတ်ပုံပညာရှင် ဦးဖေမြင့်ဦး၊ ဓာတ်ပုံပညာရှင် ဦးဆန်နီတင်၊ ဇာတ်ညွှန်းပညာရှင် ဒေါ်ခင်လေးသိမ့်၊ ဇာတ်ညွှန်းပညာရှင် ဦးချစ်ဦးညို၊ တည်းဖြတ်ပညာရှင် ဦးဆွေသက်၊ သရုပ်aဆာင် ဦးဌေးအောင်၊ သရုပ်ဆောင် စိုးသိမ်းထွဋ်၊ တေးဂီတပညာရှင် ဦးမောင်မောင်လတ်၊

သွေးမေတ္တာပရဟိတအသင်း(ရန်ကုန်)က စက်တင်ဘာလ ၂၅ ရက်နေ့၊ နံနက် ၁၀ နာရီက သင်္ဃန်းကျွန်းစံပြဆေးရုံကြီးမှာ စုပေါင်းသွေးလှူဒါန်းခဲ့ကြပါတယ်။ ဒီအသင်းမှာ ဒုတိယဥက္ကဌဖြစ်တဲ့ ဝေဋ္ဌုကျော်နဲ့ မိုးယုစံ၊ နိုနိုကေ၊ ဂျူးဂျူးကေ စတဲ့အနုပညာရှင်များ ပါဝင်သွေးလှူဒါန်းခဲ့ကြပြီး သွေးလှူဒါန်းသူများစုစုပေါင်း ၅၁ ယောက်ပါဝင် လှူဒါန်းပေးခဲ့ပါတယ်။

ကာလာစုံ Lesson ရုပ်ရှင်ဇာတ်ကားမှ ဇာတ်ဝင်ခန်းတစ်ခု

ကာလာစုံ Lesson ရုပ်ရှင်ဇာတ်ကားအား တရားဝင် ခွင့်ပြုချက်ဖြင့် ရိုက်ကူးခြင်းကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ရိုက်ကူးခွင့် ပိတ်ပင်တားမြစ် ထားသည်ဟု သတင်း ရရှိသည်။ အဆိုပါ ရုပ်ရှင်ဇာတ်ကားကို Heart & Soul ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေးမှ ရိုက်ကူးထုတ်လုပ်နေခြင်း ဖြစ်သည်။

<< Start < Prev 1 2 3 4 Next > End >>
Page 2 of 4