အနုပညာရဲ့ ခေါင်းစဉ်အောက်မှာ အရာအားလုံးကို ချစ်မြတ်နိုးပါတယ်တဲ့ သရုပ်ဆောင် နေမင်းကို တွေ့ဆုံခိုက်မှာ "ကျွန်တော် သဘာဝဆန်တဲ့ သရုပ်ဆောင် တွေကို ရိုက်ခဲ့ဖူးသလို ဗီလိန်ကား ရိုက်တာမျိုးတွေလည်း တော်တော်များများ ရိုက်ခဲ့ဖူးပါပြီ။ အဲဒီလို ဇာတ်ကောင်မှာ သရုပ်ဆောင်ရင် ပရိသတ် လက်ခံပါ့မလားလို့ တွေးရင် ကျွန်တော်က အနုပညာလို့ မယူဆချင်တော့ဘူး။ အဓိက ကျွန်တော်တို့ လုပ်တဲ့ အလုပ်တစ်ခုကို အကောင်းဆုံးနဲ့ အရိုးသားဆုံး ပရိသတ်ကို ကြည့်စေချင်တယ်။ ဒီလိုပြတဲ့အတွက် ပရိသတ် ဘယ်လိုစဉ်းစားမလဲ၊ ဘယ်လိုကြည့်မလဲ ဆိုတဲ့ အတွေးနဲ့တင်ပြလည်း စစ်မှန်တဲ့ ဗီလိန်မျိုးပေါ့။ လူဆိုးပေမယ့်လည်း သူ့ဘက်ကကြည့်ရင် အကောင်းတစ်ခု ရှိမှာပဲလေ။

F4 ဇာတ်ကား ပေါက်ချက် ပြင်းခဲ့သလို အဓိက ဇာတ်ကောင် ဂူဂျွန်ဖြိုးဟာလည်း အာရှ နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ စူပါစတားတစ်ဦး ဖြစ်လာခဲ့ရတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဟောလိဝုဒ် နယ်မြေအထဲ ခြေလှမ်းကျဲလာသူ လီမင်ဟိုရဲ့ ပုံတူဖယောင်းရုပ်ထုကို ရှန်ဟိုင်းက မဒမ်တူဆော့ ပြတိုက်မှာ ထွင်းထု ထားရှိခဲ့ပြီဆိုတဲ့ သတင်းဟာ F4 ပရိသတ်တွေ City Hunter ပရိသတ်တွေ အတွက်တော့ ဘဝင်ခွေ့ စရာဖြစ်ရတာ အမှန်ပါပဲ။ ဆိုးလ်အလှပန်း တစ်ပွင့်လို့ တင်စားကြရတဲ့ မင်းသမီးချော ပါ့ခ်မင်ရောင်နဲ့ အတိအလင်း တွဲနေသူ လီမင်ဟိုဟာ ၂၀၁၃ ခုနှစ် City Hunter ကုမ္ပဏီရဲ့ မော်ဒယ်လ် တစ်ဦးဖြစ်သလို၊ ပြီးခဲ့တဲ့ ဧပြီလဆန်းက လော့အင်ဂျလိစ်မှာ Fan Meeting ကျင်းပခဲ့တယ် ဆိုတာကိုလည်း ဒေးလီးစတားက သတင်းစုံ ပေးလာပါတယ်။ Faith ဇာတ်လမ်းတွဲနဲ့ အောင်မြင်မှုကို ထိန်းထားနိုင်ဆဲ ဂူဂျွန် ဖြိုးရဲ့ မင်္ဂလာသတင်းကို နားစွင့်ရင်း ဇာတ်ကားသစ်တွေကို စောင့် မျှော်အားပေး ကြပါစို့လား။

အသက် ၅၀ ပြည့်ပြီဖြစ်တဲ့ ရုပ်ရှင်မင်းသား တွန်ခရုခ် (Tom Cruise) တစ်ယောက် ဟောလိဝုဒ် ရုပ်ရှင်လောက မှာ အကောင်းဆုံး သရုပ်ဆောင်နိုင်သလောက် မိမိရဲ့ အိမ်ထောင်ရေး ဘဝကို တော့ အကောင်းဆုံး မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ Mission Impossible ကို Possible ဖြစ်အောင် တာဝန် ထမ်းဆောင် ခဲ့ပေမယ့် အိမ်ထောင်ရေးမှာကျ ရုပ်ရှင်လို မဟုတ်တော့ပါဘူး။ ၁၉၈၉ ခုနှစ်၊ မေလ ၉ရက်နေ့မှာ မင်းသမီး Mini Rogers ရဲ့ အိမ်ထောင်ပြုခဲ့ပြီး သုံးနှစ်ကြာပြီးတဲ့အခါမှာ လမ်းခွဲခဲ့ကြပါတယ်။ လမ်းခွဲပြီးနောက် ၂၀၀၃ခုနှစ်မှာ Mini Roger ဟာ အိမ်ထောင်သစ်နဲ့ ကလေး နှစ်ယောက် ရနေပါပြီ။

ဒါရိုက်တာ ကျော်ဇ ရိုက်ကူးထားပြီး ဟိန်းဝေယံ၊ စွမ်း၊ရဲအောင်၊ ခန့်စည်သူ၊ မင်းရာဇာ၊ စွမ်းရည်၊ ထွန်းထွန်းဝင်း၊ ဇော်ဦး၊ ချိုပြုံး၊ မေသန်းနု၊ စိုးမြတ်သူဇာ၊ မြတ်ကေသီအောင်၊ စိုးပြည့်သဇင်၊ မေသက်ခိုင်တို့ ပါဝင် သရုပ်ဆောင်ထားတဲ့ 'အမုန်းမီးတောက်' ရုပ်ရှင်ဇာတ်ကားကြီးကို မကြာခင် ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးက အချစ်မေတ္တာဘွဲ့ ဇာတ်လမ်းလည်း ဖြစ်ပြီး ဟိန်းဝေယံက ခန့်စည်သူ၊မြတ်ကေသီအောင် တို့ရဲ့ သားတစ်ယောက် အဖြစ် သရုပ်ဆောင် ထားပါတယ်။ ဒီရုပ်ရှင် ဇာတ်ကားကြီးနဲ့ ပတ်သက်ပြီး ဟိန်းဝေယံက "ဒီဇာတ် ကားလေးက မိသားစုနှစ်စု အမုန်း အာဃာတတွေ ထားကြတယ်။ ဒရာမာကား လေးပေါ့။

သင်္ကြန်မှာတော့ မိန်းကလေး ပဲဖြစ်ဖြစ် ယောကျာ်းလေးပဲ ဖြစ်ဖြစ် အားလုံး လွတ်လွတ် လပ်လပ်ပဲ ဝတ် ကြတာ များတယ်။ ကိုယ့်ယဉ်ကျေး မှုအပိုင်းရ ထိန်းတယ် ဆိုတာက လည်း ထိန်းသင့်တဲ့ နေရာမှာ ထိန်း ပေါ့။ နေရာတိုင်းမှာ လိုက်ထိန်းနေ မယ်ဆိုရင်တော့ ဘယ်လိုမှ အဆင် မပြေဘူး။ သင်္ကြန်မှာ မိန်းကလေး တွေ အင်္ကျီနဲ့ ထဘီနဲ့ လည်မယ်ဆို ရင်လည်း ဘယ်လို အဆင်ပြေ မှာလဲ။ ရာသီဥတုနဲ့ လိုက်လျော ညီထွေဖြစ် အောင်ဝတ်ဖို့ ကလည်း လိုတယ်။

<< Start < Prev 1 2 3 4 Next > End >>
Page 4 of 4