Sunday, 07 April 2013 09:38

သင်္ကြန် မန္တလေး Alpine မဏ္ဍပ်မှာ ရှိမယ်ဆိုတဲ့ ယွန်ဝတီလွင်မိုး

Written by 
Rate this item
(1 Vote)

လတ်တလော မှာတော့ ကြော်ငြာတွေ ရိုက်တယ်။ မဂ္ဂဇင်း ကာဗာတွေ  ရိုက်တယ်။ ပေါ့ပေါ့ပါးပါး လေးတွေပဲ ရိုက်ဖြစ်ပါတယ်။ ညီမသရုပ် ဆောင်ဖို့အတွက် အမူအရာတွေ၊ ဝတ်ရမယ့် အင်္ကျီ ဖက်ရှင်တွေ အစစ အရာရာကို မဂ္ဂဇင်းတို့၊ အင်တာ နက်တို့မှာ ကြည့်ဖြစ်ပါတယ်။ ညီမ အသက်အရွယ် ရလာရင် စီးပွားရေး သမားတစ်ယောက် အဖြစ်နဲ့ ရပ်တည် ချင်ပါတယ်။ ဒါပေမဲ့ အနုပညာဘက် ပါသွားရင်လည်း အနုပညာနဲ့ နည်းနည်းနွယ်တဲ့ စီးပွားရေး သမားတစ် ယောက်အဖြစ်နဲ့ ရပ်တည်ဖြစ်မှာပါ။ အဖေ့ရဲ့သမီး မိန်းကလေး တစ်ယောက် ဘဝနဲ့ သရုပ်ဆောင် မိန်းက လေး ဘဝနှစ်ခုက အရမ်းကိုကွာ ခြားပါတယ်။

တကယ်လို့ ဖေဖေသာ မင်းသား မဟုတ်ခဲ့ဘူး ဆိုရင် ညီမအ ခုလို မော်ဒယ်လ် ဖြစ်မှာလည်းမ ဟုတ်ဘူး။ ညီမကို လူလည်း သိမှာမ ဟုတ်ဘူး။ တချို့ရတဲ့ အခွင့်အရေး တွေလည်းရမှာ မဟုတ်ဘူး။ အများကြီး ကွာပါတယ်။ ညီမကတော့ အ ခုလက်ရှိ ဘဝကိုပဲ နှစ်သက် ပါတယ်။ အခုလက်ရှိ ဘဝကို မပြောင်းချင်ပါ ဘူး။ ဒီနှစ် သင်္ကြန် မှာတော့ ညီမ မန္တလေး Alpine မဏ္ဍပ်မှာရှိမှာပါ။ နှစ်သစ်မှာ ပရိသတ်ကြီး အားလုံး အန္တရာယ် ကင်းကင်း စိတ်ချမ်းချမ်း သာသာနဲ့ ပျော်နိုင် ကြပါစေလို့ ဆု တောင်းပေး လိုက်ပါတယ်။ 

Read 933 times Last modified on Sunday, 07 April 2013 09:43