Thursday, 20 March 2014 02:17

ကိုယ့်ကိုယ်ကိုယ် အောင်မြင်တယ်လို့ မသတ်မှတ်ပါဘူးလို့ ဆိုတဲ့ ယုသန္တာတင်

Written by 
Rate this item
(0 votes)

 

လူသန်းပေါင်း ခြောက်ဆယ်ထဲမှာ အောင်မြင်ကျော်ကြားတဲ့ သူတစ်ယောက် ဖြစ်ဖို့ဆိုတာက တကယ်ကို မလွယ်လှတဲ့ ကိစ္စရပ် တစ်ခုပါ။ အောင်မြင် ကျော်ကြားသူတွေမှာ ဘယ်လိုကိုယ် ရည်ကိုယ်သွေးတွေ ပိုင်ဆိုင်ထားလဲ၊ သူတို့ကဘယ်လို အကြောင်းအရာ တွေပေါ်မှာအသေးစိတ် အာရုံစိုက် ပြင်ဆင်ထားလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

ကိုယ့်ကိုယ်ကိုယ် အောင်မြင်တယ်လို့ မယူဆသေးဘူး။ အခုချိန်ထိ ကိုယ့်ကိုယ်ကိုယ် အောင်မြင်တယ်လို့ မသတ်မှတ် သေးပါဘူး။ ဒါပေမဲ့ အနုပညာ အလုပ်နဲ့ပတ်သက်ပြီး ပရိသတ်က အရင်ကထက်စာရင် ကိုယ်လုပ် တဲ့ အလုပ်တွေအပေါ်မှာ အသိအမှတ် ပြုလာတယ်။ ပရိသတ်အသိအမှတ် ပြုတဲ့အပေါ်မှာ ကိုယ့်ကိုယ်ကိုယ် အောင်မြင်တယ်လို့ မယူဆသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကိုယ် တိုင် ကြိုးစားပြီးလုပ်နေရတဲ့အလုပ် တွေ အများကြီးရှိနေပါသေးတယ်။ အနုပညာလမ်းကြောင်းပေါ်မှာ ဆက်လျှောက် ခွင့်ရအောင် ပရိသတ် က အသိအမှတ်ပြုပေးတယ်လို့ပဲ သဘောထားတယ်။

ပရိသတ် မျက်လုံးထဲမှာ အဆင်ပြေတဲ့အတွက် သဘောကျတယ် ထင်ပါ တယ်။ တစ်ယောက်နဲ့တစ်ယောက် ကကြိုက်တာမတူဘူးထင်တယ်။ မိန်း ကလေးပရိသတ် မိန်းကလေးအမြင်၊ ယောကျာ်းလေးပရိသတ်က ယောကျာ်းလေးအမြင်နဲ့ ကြိုက်ကြတယ်။ များသောအားဖြင့် ယုက အဝတ်အစားဝတ်တဲ့ အခါကျရင် လူငယ်ဆိုတော့ ဟော့ရှော့ကြိုက်တယ်။

ဒါပေမဲ့အလုပ်နဲ့ပတ်သက်တဲ့အခါ ကျတော့ ကိုယ့်ရဲ့ပရိသတ်အမြင်ကို ဦးစားပေးပြီးဝတ်ဖြစ်တယ်။ ကိုယ်ဘယ်လို ပုံစံမျိုးဝတ်ရင် ပရိသတ်တွေ ပိုကြိုက်မလဲဆိုပြီးစဉ်းစားတယ်။ ပရိ သတ်မျက်လုံးထဲမှာအဆင်ပြေအောင် ဝတ်ပေးတဲ့အတွက် သဘောကျ တယ်ထင်တယ်။

တစ်ယောက်တည်း ကျိတ်ပြီး မျိုသိပ်ထားတဲ့ အကျင့်မရှိဘူး။ တစ်ယောက် တည်းနေရင်တော့ စာဖတ်တယ်။ အခွေကြည့်တယ်။ အင်တာနက်သုံးတယ်။ သူ ငယ်ချင်းတွေနဲ့ အားတဲ့အချိန်မှာ မုန့်ထွက်စားပြီး ရှေးဟောင်းနှောင်းဖြစ် စကားတွေပြောဖြစ်တယ်။ ပြီးတော့ ယုကသိပ်ပြီး လျှို့လျှို့ဝှက်ဝှက်လည်း မနေတတ်ဘူး။ တစ်ယောက်တည်းကျိတ်ပြီးဘယ်သူမှ မပြောဘဲထားမယ် ဆိုတဲ့ အကျင့်လည်းမရှိဘူး။

ကိုယ့်ခန္ဓာကိုယ်မှာ သဘောကျဆုံး အရာက ကိုယ့်ကိုယ်ကိုယ် နှာခေါင်းနဲ့ မျက်လုံးရယ်ကို ပိုပြီးတော့သဘော ကျတယ်။ ဒိုင်ယာလော့ခ်နဲ့ ပတ်သက်ပြီး
ရှူတင်မှာ ဒိုင်ယာလော့ခ်ချ ပေးတဲ့အခါကျရင် လွယ်လွယ်နဲ့ရတယ်။ ဒါပေမဲ့ ခဏလေး အချိန်တွင်းမှာပဲ လွယ်လွယ်နဲ့ ပြန်မေ့တတ်တယ်။

မိတ်ကပ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အကုန်လုံး ကြိုက်တယ် ရှူတင် မိတ်ကပ်မှ မဟုတ်ဘူး အပြင်တွေသွားလို့ ကိုယ့်ဘာသာ ကိုယ်လိမ်းရင် လည်းကြိုက်တယ်။ စာအုပ်တွေဝယ်ပြီး ဖတ်တာမျိုးတွေရှိတယ်။

ကိုယ့်အတွက် အဆင်ပြေတယ်ဆို ဘယ်အမျိုးအစားမဆိုဝယ်ဖြစ်တယ်။
အလုပ်ကို တန်ဖိုးထားတာက အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်ပါ အောင်မြင်မှု အပေါ်မှာ လျှို့ ဝှက်ချက်ရှိတယ်ဆိုတာက အနုပ ညာရှင်မှမဟုတ်ဘူး။ ဘယ်လိုလူမျိုး ပဲဖြစ်ဖြစ် သူကျင်လည်နေတဲ့အသိုင်း အဝိုင်းမှာ ကိုယ်လုပ်တဲ့အလုပ်ကို တန်ဖိုးထားပြီးလုပ်တဲ့အတွက် အောင်မြင်မှုဆိုတာ မလွဲမသွေရလာ မှာပါ။

အောင်မြင်မှုနဲ့ ကျော်ကြားမှုက အများကြီးကွာပါတယ် အောင်မြင်တာနဲ့ ကျော်ကြားတာမတူဘူး။ အောင်မြင်တယ်ဆိုတာက သူလုပ်လိုက်တဲ့ လုပ်ရပ် တွေ အကုန်လုံးကို ပရိသတ်က အသိအမှတ်ပြု လက်ခံပေးတဲ့အတွက် မကောင်းဘဲနဲ့ အောင်မြင်လာတာရယ်လို့ မရှိဘူး။ ကျော်ကြားတာကျတော့ ကောင်းတဲ့ ကျော်ကြားခြင်းနဲ့လည်း ကျော်ကြားလို့ရတယ်။ မကောင်းတဲ့ ကျော်ကြားခြင်းနဲ့လည်း ကျော်ကြားလို့ရတဲ့အတွက် အောင်မြင်မှုနဲ့ ကျော်ကြားမှုက မတူပါဘူး။

Myanmar News Media

Read 1153 times Last modified on Thursday, 20 March 2014 02:22