ဂီတဖက်မှာရော ၊ သရုပ်ဆောင်နယ်ပယ်မှာပါ ပရိသတ် အားပေးလက်ခံသလို ပညာရေး နယ်ပယ်မှာလဲ ပြောစရာမလိုလောက်အောင် လူသိများကျော်ကြားတဲ့အပြင် အောင်မြင်မှုတွေ ဆင့်ကာဆင့်ကာ ပိုင်ဆိုင်နေသူကတော့ ချစ်သုဝေပဲဖြစ်ပါတယ်။

လူသန်းပေါင်း ခြောက်ဆယ်ထဲမှာ အောင်မြင်ကျော်ကြားတဲ့ တစ်ယောက် ဖြစ်ဖို့ဆိုတာက တကယ်ကို မလွယ်ကူတဲ့ ကိစ္စ ရပ်ပါ။ အောင်မြင်ကျော်ကြား သူတွေမှာ ဘယ်လိုကိုယ်ရည် ကိုသွေးတွေ ပိုင်ဆိုင်ထားလဲ၊ သူ့တို့က ဘယ်လို အကြောင်း အရာတွေပေါ်မှာ အသေးစိတ် အာရုံစိုက် ပြင်ဆင်ထားလဲ ဆိုတာ စိတ်ဝင်စား စရာပါပဲ။

"ကျွန်မအနေနဲ့ ဘဝတစ်ခုကို လူနှစ်ယောက် တည်ဆောက်တဲ့အခါ အချစ်တစ်ခုတည်းနဲ့ မလုံလောက်ကြောင်း သင်ခန်းစာကောင်းတွေ ရခဲ့ပါပြီ။ ဘဝရဲ့ လက်တွဲဖော်တစ်ယောက်ဖြစ်ဖို့ လူတစ်ယောက်ကို ရှင့်အနေနဲ့ ရူးရူးမိုက်မိုက် ချစ်မိသွားလို့ ရပါတယ်။ ဒါပေမဲ့ အဲဒီတစ်ချက်တည်းနဲ့တော့ ဘယ်လိုမှ လုံလောက်မှာ မဟုတ်ဘူး"

ခိုင်မာသည့် အိမ်ထောင်ရေးတစ်ခု တည်ဆောက်ရန်အတွက် အချစ်တစ်ခုတည်းနှင့် မလုံလောက်ကြောင်း ဂျက်ဆီကာ ဆင်ဆမ်က အလေးအနက် မှတ်ချက်ပြု ပြောကြားလိုက်သည်။ မင်းသမီး တစ်ဦးအဖြစ်မှ ဖက်ရှင်ဒီဇိုင်နာ တစ်ဦးသဖွယ် ပြောင်းလဲရပ်တည်လာသည့် ဂျက်ဆီကာသည် (၂၀၀၆)ခုနှစ်က သူမ၏ ပထမခင်ပွန်း နစ်ခ်လန်ချီနှင့် လမ်းခွဲဖြစ်ခဲ့သည်။ သူမသည် ယခင်က အဆိုတော် ဂျွန်မေယာ၊ NFL ဘောလုံးသမား တိုနီရိုမိုတို့နှင့်လည်း တွဲခဲ့ဖူးသေးသည်။ သို့သော်လည်း မမြဲခဲ့ချေ။ ယခုအခါတွင်မူ ဂျက်ဆီကာသည် အဲရစ်ဂျွန်ဆင်နှင့် စေ့စပ်ထားပြီး အဲရစ်နှင့် သူမတို့သည် အမှန်တကယ် လိုက်ဖက်သော အတွဲအစပ်မျိုးဟု ခံစားမိကြောင်း ဖွင့်ဟခဲ့သည်။

လက်ရှိတွင် အနုပညာလောကထဲတွင် အောင်မြင်ကျော်ကြားနေသည့် ဆယ်ကျော် သက်အနုပညာရှင် တစ်ဦးဖြစ်သည့် ရွှေမှုံရတီသည် ဆယ်တန်းစာမေးပွဲဖြေရန်အတွက် ကြိုးစားပြင်ဆင်နေပြီဖြစ်ကြောင်း မဇ္ဈိမသို့ ပြောသည်။ ယင်းသည် ယခုအခါ တွင် ရွှေစင်ဦးထုတ်လုပ်ရေးက ရိုက်ကူးသည့် ဒါရိုက်တာ ဥာဏတင်စိုး၏ ရိုက်ကွင်းတွင် နေမင်းနှင့်အတူ “မာယာပြေးလမ်း” ဇာတ်ကား၌ ပါဝင်သရုပ်ဆောင် လျက်ရှိသည်။

“သမီး အခုစာမေးပွဲဖြေဖို့ အများကြီး ပြင်ဆင်နေပါတယ်။ စာတွေလဲ လိုက်နိုင် ပါတယ်။ ကိုယ်လုပ်ချင်တဲ့ အနုပညာဖြစ်တော့လဲ မပင်ပန်းပါဘူး။ ဒါပေမဲ့ ပညာရေးဘက်ကို မလစ်ဟင်းအောင်တော့ လုပ်နေပါ တယ်။ အခု အိမ်မှာ Guide ခေါ်ပြီးသင်နေပါတယ်” ဟုပြောသည်။

ယင်းသည် ယခုရိုက်ကူးနေသည့်ဇာတ်ကားသည် ဒီဇင်ဘာလကုန်အထိဖြစ်ပြီး သူမ၏ အနုပညာအလုပ် များသည်လည်း ဒီဇင်ဘာနောက်ဆုံးတွင် ရပ်နားမည်ဖြစ်သည်။ သူမသည် အနုပညာလောကထဲတွင် အသက်အငယ်ဆုံး သရုပ်ဆောင်တစ်ဦး ဖြစ်သည့်အပြင် ဇာတ်ကားများစွာတွင်လည်း ပီပြင်စွာသရုပ် ဆောင်သူအဖြစ် နာမည်ရနေ သူဖြစ်သည်။

အနုပညာနဲ့ပတ်သတ်ရင် သရုပ်ဆောင်အပြင် ဂီတပါ ၀ါသနာကြီးသူကတော့ အကယ်ဒမီစိုးပြည့်သဇင်ပါပဲ။ သူမဟာ မကြာသေးခင်ကမှ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို အောင်မြင်ထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်သလို အနုပညာ၊ ဂီတနဲ့ ကျောင်းစာကို ဘယ်လိုများ မျှတလုပ်ဆောင်သွားမလဲဆိုတာကို စောင့်ကြည့်အကဲခတ်နေကြတဲ့ ပရိသတ်ကြီးအတွက် သူမနဲ့ ဆုံတွေ့ခိုက် ခုလို မေးမြန်းကြည့်လိုက်တဲ့အခါ ‘ဆယ်တန်းအောင်သွားပြီဆိုတော့ ကျောင်းကတော့ လျှောက်ထားတုန်းပါပဲ။ ဘာပဲပြောပြော ဆယ်တန်းအောင်သွားပြီဆိုတဲ့အတွက် စိတ်တော့ သက်သာသွားတာပေါ့။ ဆယ်တန်းအောင်ပြီးရင် တက္ကသိုလ်ဆိုတာအချိန်ယူပြီးတက်လို့ရတယ်။ အဝေးသင်ဆိုတဲ့အတွက် ဆယ်တန်းနဲ့လဲ

ကိုယ်လုပ်တဲ့ အလုပ်နဲ့ ပတ်သက်တာ မှန်သမျှ အကောင်းဆုံး ဖြစ်အောင် လေ့လာတယ်ဇွန်သံစဉ် သူကလည်း The Face of Myanmar ပြိုင်ပွဲမှာ Title ဆုရခဲ့သူ တစ်ဦးဖြစ်ပါတယ်။ သူလည်း သဒ္ဒါမာရီယာနဲ့ အတူ ကို ရီးယားနိုင်ငံမှာ သွားရောက်ယှဉ်ပြိုင် ရမှာဖြစ်ပါတယ်။ သူက အမျိုးသား ယဉ်ကျေးမှု အနုပညာ တက္ကသိုလ်က ကျောင်းသူ တစ်ဦးလည်းဖြစ်ပြီး ရုပ် ရှင်နဲ့ပြ ဇာတ်မေဂျာကျောင်းသူ တစ် ဦးလည်းဖြစ် ပါတယ်။ သရုပ်ဆောင် ပိုင်းအတွက် သင်ကြားပေး တာဆို တော့ သူ့ရဲ့မော်ဒယ်လ် လုပ်ငန်းအ တွက် အများကြီး အထောက်အကူ ပြုတယ်လို့ ဆိုထားပါတယ်။

Q. ဘာကြောင့် အမျိုးသား ယဉ်ကျေးမှုအနုပညာတက္ကသိုလ်ကို ရွေးချယ်ဖြစ် တာလဲ။

A. ညီမ သရုပ်ဆောင် အလုပ် ကိုစိတ်ဝင်စားတယ်။ သရုပ်ဆောင် လောကထဲကို ဝင်ဖို့ ဒီကျောင်းတက် တဲ့အတွက်လမ်းစရမယ် ထင်လို့ ရွေး ချယ်လိုက် တာပါ။

Q. Face of Myanmar ပြိုင် ဖြစ်တဲ့စိတ်ကူး...

<< Start < Prev 1 2 3 4 5 6 7 8 Next > End >>
Page 2 of 8